ကရင်လူမျိုးများ၏ အာဇာနည်နေ့အား လွတ်လပ်စွာ ဂုဏ်ပြုခွင့်ရှိရမည်: တရာစွဲဆိုမှုများအား ချက်ချင်းရုတ်သိမ်းပေး

17 August 2020

Karen Peace Support Network

ကရင်လူမျိုးများ၏ အာဇာနည်နေ့အား လွတ်လပ်စွာ ဂုဏ်ပြုခွင့်ရှိရမည်: တရာစွဲဆိုမှုများအား ချက်ချင်းရုတ်သိမ်းပေး

ကရင်ငြိမ်းချမ်းရေးအထေက်အကူပြုကွန်ယက် သဘောထားထုတ်ပြန်ချက်
သြဂုတ်လ ၁၇ ရက် ၂၀၂၀

ကရင်အာဇာနည်နေ့အတွက် ကျင်းပပြုလုပ်ခဲ့သည့် အခမ်းအနားအစီအစဉ်တွင် ကရင်တက်ကြွလှုပ်ရှားသူ ကရင်လူငယ်နှစ်ဦးနှင့် အမျိုးသမီးသမီးတစ်ဦးအား ဖမ်းဆီးခဲ့ခြင်းအပေါ် ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက်မှ ပြစ်တင်ရှုတ်ချ လိုက်သည်။

စသိန်းဇော်မင်း၊ စောဆာကွာလာ နှင့် ဒေါ်စိန်ထွေးတို့မှာ အခမ်းအနားအစီအစဉ်တွင် အဖမ်းခံခဲ့ရသူများဖြစ်ပြီး ဒေါ်စိန်ထွေးမှာ ထောင်ထဲတွင် ဆက်လက်အချုပ်အနှောင်ခံထားရလျက်ရှိသည်။ ယမန်နှစ် အခြားအစီအစဉ် တစ်ခုဖြစ်သော ကရင်အာဇာနည်နေ့အခမ်းအနား ကျင်းပခဲ့သူများအား ဖမ်းဆီးခဲ့မှုအပေါ်တွင် ဆန္ဒပြခဲ့သောကြောင့် ဒေါ်စိန်ထွေးမှာ ထောင်ချခံခဲ့ရခြင်းဖြစ်သည်။ နာမည်ဆိုးဖြင့် ကျော်ကြားသော လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေဖြင့် စသိန်းဇော်မင်း နှင့် စောဆာကွာလာတို့မှာ တရားစွဲဆိုမှုကို ခံခဲ့ရခြင်းဖြစ်သည်။

ကရင်များလုပ်ဆောင်ခဲ့သလို ဗမာများက ပြီးခဲ့သော ရက်သတ္တပတ်တွင် ၈၈၈၈ အရေးအခင်း နှစ်ပတ်လည်အခမ်းအနား နှင့် ဇွန်လိုင်လတွင် အာဇာနည်နေ့အနားအား ကျင်းပခဲ့သော်လည်း မည်သည့် နှောက်ယှက်မှု၊ ဖမ်းဆီးမှု နှင့် ထောင်ချခံခဲ့ရမှုများ မကြုံတွေ့ခဲ့ရပေ။

ခွဲခြား ဖိနှိပ်သော နည်းလမ်းဖြင့် ဥပဒေများမှာ ရွေးချယ် အရေးယူလျက်ရှိသည်။ ဆယ်စုနှစ်ပေါင်းများစွာ ကရင်လူမျိုးများ တွေ့ကြုံခံစားလာခဲ့ရသော ခွဲခြားဆက်ဆံမှုများ နှင့် လွန်ခဲ့သော ၇၃ နှစ်တွင် ကရင်လူမျိုးများမှ “ကရင်တစ် ဗမာတစ်ကျပ်” ကြေးကြော်သံဖြင့် အခွင့်အရေး နှင့် တန်းတူညီမျှမှုအတွက် မည်သည့်အတွက်ကြောင့် လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြသည်ကို ယခုအခြေအနေမှ ပြန်လည် အမှတ်ရစေသည်။

ယနေ့ထိတိုင် ၁၀ နှစ်နီးပါးအကြာ ငြိမ်းချမ်းရေးခရီးလမ်းဆုံး နှင့် အရပ်သားအစိုးရလက်အောက်တွင် ကရင်လူမျိုးဖြစ်ရခြင်းအတွက် မိမိတို့တိုင်းပြည်အတွင်းမှာတွင် ကရင်လူမျိုးများမှာ ဆက်လက်ပြီး ခွဲခြားမှုများကို ခံနေရလျက်ရှိသည်။

ကျွန်ုပ်တို့ ကရင်ညီအစ်ကို နှင့် ညီအမများအပေါ် တရာစွဲဆိုမှုအား အစိုးရမှ ရုပ်သိမ်းပေးနိုင်သည့် အခွင့်အာဏာရှိပြီး ချက်ချင်းလုပ်ဆောင်သင့်သည်။ တိုင်းရင်းသားများ နှင့် ဘာသာရေးများအပေါ် ခွဲခြားဖိနှိပ်လျက်ရှိသောသော ဥပဒေများအပေါ် ပြန်လည်သုံးသပ်ပြီး ပယ်ဖျက်သင့်သည်များကို ပယ်ဖျက်ကာ တိုင်းရင်သားများ နှင့် ဘာသာရေး အခွင့်အရေးများအပေါ် အကာကွယ်ပေးသော ဥပဒေများဖြင့် ပြန်လည်အစားထိုးသင့်သည်။

စစ်တပ်၏လက်ထက်တွင် အဆိုးရွားဆုံးအနေအထားဖြင့် ကျွနု်ပ်တို့ ကရင်လူမျိုးများမှ အဖေနှင့်အမေများ၊ ညီအစ်နှင့်ညီအစ်မများ၊ သား နှင့် သမီးများ ဆုံးရှုံးမှုများကို ခံစားခဲ့ရပြီးဖြစ်သည်။ ကွနု်ပ်တို့၏ မိသားစုများ နှင့် ဆွေးမျိုးသင်္ဂဟများအား ဆုံးရှုံးစေခဲ့သည့်အပြင် သတိရ ၊လွမ်းဆွေး၊ ဂုဏ်ပြုမှုများအပေါ်တွင် စုပေါင်းလုပ်ဆောင်ရန်ကိုပါ ပိတ်ပင်နေသည်။ ခွဲခြားဖိနှိပ်မှုများ၏ အထွတ်အထိပ် စော်ကားမှု အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။ ဤအခြေအနေသည် ရက်အနည်းငယ်အလိုတွင် နောက်တစ်ကြိမ် ကျင်းပရန်ရှိသည့် ငြိမ်းချမ်းရေး ပြောဆိုဆွေးနွေးမှုမှာ အစိုးရမှ ငြိမ်းချမ်းရေးဖြစ်စဉ်အား သဘောထားအမှန်ဖြင့် ဆက်လက်သွားလိုခြင်း မရှိကြောင်းကို ထုတ်ဖော်လိုက်ခြင်းပင်ဖြစ်သည်။

ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်

နော်ဝါးခူရှီး + ၆၆ ၈၆ ၁၁၈ ၂၂၆၁ ( အင်္ဂလိပ်၊ ကရင်)
စောဟေစိုး + ၆၆ ၉၇ ၉၉၈ ၇၀၄၈ ( အင်္ဂလိပ်၊ ကရင်၊ မြန်မာ)

PDF ဖိုင်ကို မြန်မာဘာသာဖြင့်ရယူရန်။

PDF ဖိုင်ကို အင်္ဂလိပ်ဘာသာဖြင့်ရယူရန်။

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia