လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) က ပဋိပက္ခနှင့် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေစဥ်အ တွင်း လူ့အခွင့်အရေးအခြေအနေအကြောင်း “ဆုတ်ယုတ်သွားသော အခွင့်အရေးများ” အမည်ရှိ အစီရင်ခံစာ အကျဥ်းချုပ်ကို ထုတ်ဝေခြင်း

07 August 2020

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) က ပဋိပက္ခနှင့် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေစဥ်အ တွင်း လူ့အခွင့်အရေးအခြေအနေအကြောင်း “ဆုတ်ယုတ်သွားသော အခွင့်အရေးများ” အမည်ရှိ အစီရင်ခံစာ အကျဥ်းချုပ်ကို ထုတ်ဝေခြင်း

သတင်းထုတ်ပြန်ချက်

၂၀၂၀ ခုနှစ် သြဂုတ်လ ၇ ရက်

တကမ္ဘာလုံးတွင် လူပေါင်း ၁၈ သန်းကျော် COVID-19 ရောဂါ ကူးစက် ဖြစ်ပွားခဲ့ပြီး ကပ်ရောဂါဘေး၏ သက်ရောက်မှုကြောင့် ကမ္ဘာ့နေရာဒေသများတွင် အထိနာမှုများ ရှိပြီး အထိခိုက်အခံရနိုင်ဆုံး လူထုမှာ ကပ်ရောဂါအကြောင်း သတင်းအချက်လက်များ လက်လှမ်းမမီ ဖြစ်ကြရသည်။ ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် COVID-19 ကူးစက်ခံရသူ ၂ ဦး မြန်မာနိုင်ငံတွင် စတင်တွေ့ရှိပြီးနောက် ပဋိပက္ခများဖြစ်ပွားနေသည့် ပြည်နယ်အချို့အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး များတွင် ကူးစက်ခံရသူ တဖြည်းဖြည်း များ လာသည်ကို တွေ့ရသည်။ အထူးသဖြင့် ပဋိပက္ခဒေသအတွင်းရှိ ပြည်သူများမှာ ကျန်းမာရေးစောင့်ရှောက်မှု ရရှိရန် အခက်အခဲများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)- ND-Burma မှ ယခု နောက်ဆုံးထုတ်ဝေသည့် “ဆုတ်ယုတ် သွားသော အခွင့်အရေးများ” အစီရင်ခံစာတွင် ကပ်ရောဂါ ဆက်လက်ကူးစက် ပြန့်ပွားနေသည်နှင့်အမျှ ပဋိပက္ခဒေသတွင်းရှိ ပြည်သူများမှာ ဆေးကုသခံယူမှု၊ သတင်းအချက်အလက်နှင့် အကူအညီများ လက်လှမ်းမီရန် အပေးယူ အလျော့အတင်း လုပ်၍ ညှိနှုင်းဆောင်ရွက်နေရဆဲ ဖြစ်သည်ဟု နိဂုံးချုပ်ထားသည်။

COVID-19 ရောဂါအား ပူးပေါင်းတိုက်ဖျက်ရာတွင် ပြည်ထောင်စုအဆင့် အစိုးရနှင့် ဒေသန္တရအဆင့်ဆင့်မှ ဆောင်ရွက်ပေးမှု သည် မိမိတို့ ရပ်ရွာဒေသအတွင်းရှိ ပြည်သူလူထု၏ လိုအပ်ချက်နှင့် ကိုက်ညီမှုရှိ၊ မရှိကို လည်း ဆန်းစစ် ထားသည်

အစီရင်ခံစာက လာမည့်ရွေးကောက်ပွဲနှင့် စစ်ပွဲများကြုံတွေ့နေရသည့် ပြည်သူလူထု၏ လုံခြုံရေးကို အထူး အလေးဂရုပြု ဆောင်ရက်ရန်လည်း အကြံပြု တိုက်တွန်းထားသည်။

ဆက်သွယ်ရန်

နိုင်အဲမွန်

+၆၆ ၈၆၁၆၇၉၇၄၁

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM)

မြန်မာနှင့် အင်္ဂလိပ်ဘာသာ  

လွေးပိုးစေ – တအာင်းကျောင်းသားနှင့်လူငယ်များအဖွဲ (TSYU)

ဖုန်းး +၉၅ ၉၂၆၄၁၆၂၂၂၉                                                                    

မြန်မာနှင့် အင်္ဂလိပ်ဘာသာ   

Press release in English.

အစီရင်ခံစာကို မြန်မာဘာသာ နှင့် အင်္ဂလိပ်ဘာသာ များဖြင့် ရယူပါ။


လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ)

မြန်မာနိုင်ငံ လူ့အခွင့်အရေး အဖွဲ့များ လူ့အခွင့်အရေး မှတ်တမ်းပြု ခြင်းလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်ရေး အတွက် နည်းလမ်းတရပ် ဖြည့်ဆည်းပေးသော အားဖြင့် (၂၀ဝ၄) ခုနှစ်တွင် လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။

ကွန်ရက် အဖွဲ့ဝင်တို့သည် မြန်မာနိုင်ငံရှိ လူမှုအသိုင်းအဝိုင်းများတွင် မည်သို့သော ဒုက္ခဝေဒနာများ ခံစားနေရပုံ အကြောင်း အဖြစ်မှန် အမှန်တရားကို မှတ်တမ်းတင်ကာ စည်းရုံးတိုက်တွန်း တင်ပြခြင်းနှင့် နိုင်ငံရေး အသွင်ကူးပြောင်းရေးကာလတွင် တရားမျှတမှုနှင့် တာဝန်ယူ၊ တာဝန်ခံမှုရှိစေမည့် လုပ်ငန်းစဉ်များ အတွက်လည်း ကြိုတင် ပြင်ဆင်ထားရန် ကြိုးစားနေပါသည်။

လူ့အခွင့်အရေး မှတ်တမ်း ကွန်ရက်သည် ကွင်းဆင်းအချက်အလက် စုဆောင်းရေး လုပ်ငန်းများအတွက် သင်တန်းများပေးခြင်း၊ ရရှိလာသည့် သတင်းအချက်အလက်များအား သိုမှီး ထိန်းသိမ်း ခွဲခြမ်းစိတ်ဖြာသည့် အချက်အလက်စီမံခန့်ခွဲမှုများ ပြုလုပ်သည်ပြီး လူ့အခွင့်အရေးအတွက် စည်းရုံးတိုက်တွန်းမှုများကိုလည်း ဆောင်ရွက်နေသည်။

တင်းပြည့် အဖွဲ့အစည်းများ

၁။နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)

၂။ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM)

၃။ကချင်အမျိုးသမီးများအစည်းအရုံး -ထိုင်းနိုင်ငံ (KWAT)

၄။တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO)

၅။တအာင်းကျောင်းသားလူငယ်များ အဖွဲ့ (TSYU)

၆။ထားဝယ် အမျိုးသမီးသမဂ္ဂ (TWO)

၇။လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့  (HRDP)

၈။ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး( AASYC)

၉။အနာဂါတ်အလင်းတန်းဆုံမှတ် (FLC)

ဆက်စပ်အဖွဲ့ဝင်များ

၁။ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)

၂။ပအိုဝ်းလူငယ်များအစည်းအရုံး (PYO)

၃။ပဲခူး အရှေ့ – ယခင် နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ရက် (EB-FPPN)

၄။ ရှေ့ပြေးအသံ (PV)

Announcements

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia