06 August 2020
(အမ်းမြို့၊ ရခိုင်ပြည်နယ် – ၀၆၊ ၀၈၊ ၂၀၂၀)
ရခိုင်ပြည်နယ်အတွင်း ချင်းလူမျိုးအများစုနေထိုင်သည့် အမ်းမြို့နယ်တွင် တစ် ပတ်အတွင်း မြေမြှုပ်မိုင်းနင်းမိသည်အ့တွက် ချင်းလူမျိုး(၃)ဦးသေဆုံးပြီး (၁)ဦးပြင်းထန်းစွာဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတစ်ဦးက ချင်းလူ့အခွင့်အရေးအဖွဲ့ထံ သတင်းပေးပို့သည်။
၀၃၊ ၀၈၊ ၂၀၂၀ရက်နေ့တွင် အမ်းမြို့နယ် ကဇုကိုင်းစမ်းကြီးတွင်နေထိုင်သူ အသက်(၁၇)နှစ်အရွယ် ခန့် ရှိ မိုင်ဝတုန်သည် မြေမြှုပ်မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက်ပြတ်ကာ ဆေးရုံသို့ပို့ဆောင်နေစဉ် လမ်းခရီးတွင် သေဆုံးခဲ့သည်ဟု ထိုသူကဆိုသည်။
“ကဇုကိုင်းစမ်းကြီးဇာတိဖြစ်တဲ့ အသက်(၁၇)နှစ်ခန့်ရှိသူ မိုင်ဝတုန်ဟာ စိတ်သိပ်မမှန်တဲ့သူ ဖြစ်တယ်၊ သူမဟာ ၀၃၊ ၀၈၊ ၂၀၂၀ရက်နေ့ နံနက်(၇)နာရီအချိန်ခန့်တွင် သူတို့ရွာမှ ဒါလက်ကျေးရွာအကြား ရွာချင်းဆက်လမ်းပေါ်တွင်ရေခပ်သွားရင်း တပ်မတော်စစ်ဆေးရေးဂိတ်အနီးတွင် မြေမြှုပ်မိုင်းနင်းမိ၍ သေဆုံးခဲ့ရခြင်းဖြစ်တယ်” ဟု အဆိုပါဒေသခံက ဆက်လက်ပြောဆိုပါသည်။
အလားတူပင် ကဇုကိုင်းအုပ်စု ဂျိတ်ချောင်းကျေးရွာမှ အသက်(၆၀)နှစ် အရွယ်ခန့်ရှိတဲ့ ဦးမောင်တင်သည် ၂၉၊ ၀၇၊ ၂၀၂၀ရက်နေ့ မနက်ပိုင်းတွင် ရွာနားရှိမိမိပိုင် ဥယျာဉ်ခြံတွင် ဒညင်းသီးသွားခူးနေစဉ် မြေမြှုပ်မိုင်းနင်းမိ၍ သေးဆုံးပြီးအိမ်ပြန်မလာခဲ့သဖြင့် နောက်နေ့ ၃၀၊ ၇၊ ၂၀၂၀ရက်နေ့ စနေနေ့တွင် ရွာသားများက သူ့ဥယျာဉ်ခြံဖက်သို့ သွားရောက်ရှာဖွေရာတွင် နောက်ထပ်မြေမြှုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့သည့်အတွက် နောက်ထပ် ရွာသား(၂) ဦးမိုင်းထိကာ ပြင်းထန်းစွာ ဒဏ်ရာရရှိခဲ့ကြကြောင်း ထိုသူကဆိုသည်။
နောက်ထပ်မြေမြှုပ်မိုင်းတစ်လုံး ပေါက်ကွဲ၍ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်အ့ သက် (၂၈)နှစ်အရွယ် ကိုသက်ခိုင်စိုး (ခ) ကိုဆူပါချေနှင့် အသက်(၄၈)နှစ်အရွယ် ဦးဆန်ဝင်းတို့နှစ်ဦးအား ရွာဖက်သို့သယ်ဆောင်နေစဉ် ရွာရောက်ခါနီးတွင် ကိုသက်ခိုင်စိုးတယောက် သေဆုံးခဲ့ရပြီး ဦးဆန်ဝင်းက ဒဏ်ရာပြင်းထန်လွန်းသည့်အတွက် အမ်းမြို့ရှိ ကုတင်(၃၀၀)ရှိတဲ့ တပ်မတော်ဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေလျှက်ရှိကြောင်း အဆိုပါဒေသခံရဲ့ ပြောဆိုချက်အရ သိရှိရသည်။
“ကဇုကိုင်းအုပ်စု၊ ဂျိတ်ချောင်းကျေးရွာတွင်နေထိုင်တဲ့ ဦးမောင်တင်ဟာ ၂၉.၇.၂၀၂၀ ရက်နေ့ မနက်ပိုင်းတွင် ရွာနားရှိသူ့ရဲ့ ခြံမှာ ဒညင်းသီးသွားခူးနေတဲ့အချိန် မြေမြှုပ်မိုင်းနင်းမိလို့ သေးဆုံးပြီး အဲဒီနေ့မှာ အိမ်ပြန်မလာတဲ့အတွက် နောက်နေ့ စနေနေ့မှာ ရွာသားတွေက သူ့ခြံဖက်သို့ သွားရောက်ရှာဖွေ တဲ့ အချိန်မှာ နောက်ထပ်မြေမြှုပ်မိုင်း တစ်လုံးပေါက်ကွဲတဲ့အတွက် ကိုသက်ခိုင်စိုး (ခေါ်) ကိုဆူပါချေနဲ့ ဦးဆန်ဝင်းတို့နှစ်ယောက် ဒဏ်ရာပြင်းထန်စွာရရှိခဲ့တဲ့အတွက် သူတို့ကို ရွာဖက်သယ်ယူနေစဉ် ဦးသက်ခိုင်စိုး (ခေါ်) ဦးဆူပါချေဟာ ရွာရောက်ခါနီးတွင် သေဆုံးသွားခဲ့တယ်၊ ဦးဆန်ဝင်းကတော့ ဒဏ်ရာပြင်းထန်လွန်းတဲ့အတွက် အမ်းမြို့က ကုတင်(၃၀၀)ရှိတဲ့ တပ်မတော်ဆေးရုံမှာ အခုထိဆေးကုသနေတုန်းဘဲ” ဟု သူကဆိုသည်။
ဤကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အတွင်းရှိ ချင်းတက္ကသိုလ်ကျောင်းသားကျောင်းသူများ/ Chin University Student Rakhine State (CUSR)၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကတော့ “ရခိုင်ပြည်နယ် မြို့နယ်တချို့မှာ မြေမြှုပ်မိုင်းနင်းမိ/ပေါက်ကွဲ၍ အရပ်သားတွေ မကြာခဏ အသက်ဆုံးရူံးမှုများရှိနေကြတဲ့အတွက် မြေမြှုပ်မိုင်းဆိုင်ရာ ပညာပေးမှုများ ပြုလုပ်ပေးရန်လိုအပ်နေတယ်၊ ဒါ့အပြင် သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့်လည်း အရပ်သားပြည်သူများနှင့် နီးစပ်ရာ မြို့/ကျေးရွာအနီးအနားတွင် မြေမြှုပ်မိုင်းထောင်ခြင်းများကို အထူးရှောင်ရှားစေလိုတယ်” ဟု မှတ်ချက်ပေးပါသည်။
ရခိုင်ပြည်နယ် အမ်းမြို့နယ် ကဇုကိုင်းကျေးရွာအုပ်စု ဂျိတ်ချောင်းကျေးရွာနှင့် ကဇုကိုင်းစမ်းကြီးတို့သည် အမ်းမြို့မှ အနောက်ဖက်(၂၇)မိုင် လောက်ကွားဝေးသောနေရာတွင်တည်ရှိကြောင်းနှင့် အမ်းမြို့နယ်အတွင်း မြန်မာ့တပ်မတော်နှင့် AA လက်နက်ကိုင်တို့အကြား တိုက်ပွဲတွေကြောင့် ဒေသခံရွာသားများ အကြာခဏ သေဆုံးမှုများ ဖြစ်ပွားလေ့ရှိကြောင်း သတင်းရရှိပါသည်။
For media inquiries please contact:
Salai Lian, +95 (0) 9450 687 296 (English/Burmese)
Salai Terah, 09255934177 (Burmese)
၎
င
၎
၎
၎
င
၎
၎
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.