04 August 2020
(ပလက်ဝမြို့ – ၀၃၊ ၀၈၊ ၂၀၂၀)
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်က ချင်းလူငယ်(၄)ဦးကို AA လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ် ဆောင်သွားတာ (၅)ရက်အထိကြာမြင့်ပြီဖြစ်ပေမဲ့ ယခုအချိန်အထိပြန်လည်လွတ်မြောက်ခြင်း မရှိသေး ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ချင်းလူ့အခွင့်အရေးအဖွဲ့ထံ သတင်းပေးပို့ပါသည်။
အဆိုပါ ချင်းလူငယ်လေး(၄)ဦးကို ၂၉၊ ၀၇၊ ၂၀၂၀ ရက်နေ့တွင် ရခိုင်ပြည်နယ်ကျောက်တော်မြို့မှချင်းပြည်နယ် ပလက်ဝမြို့သို့အပြန်လမ်းခရီးတွင် AA ခေါ် ရခိုင့်လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင် သွားရာမှ ယနေ့အထိ ပြန်မလွတ်လာသေးခြင်းဖြစ်ကြောင်း ထိုသူကဆိုသည်။
ပလက်ဝမြို့နယ် နုံဘူးကျေးရွာမှ ဆလိုင်းအောင်ထွန်းကို၊ င/ရှားကျေးရွာမှ ဆလိုင်းခင်မောင်ထွန်း၊ ကက္ကူးဝကျေးရွာမှ ဆလိုင်းဘင်ဂျမင်နှင့် ပလက်ဝမြို့မှ ဆလိုင်းအောင်စိုး စုစုပေါင်း(၄)ဦးတို့သည် ဇူလိုင်(၂၉)ရက်နေ့တွင် ကျောက်တော်မြို့မှ ပလက်ဝမြို့သို့ စက်လှေငှားရမ်းပြီးသွားနေစဉ် ပလက်ဝမြို့နယ် ဘေတုန်ကျေးရွာနားမှာ AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း အဆိုပါဒေသခံက ဆက်ဆိုသည်။
“၂၉.၇.၂၀၂၀ ရက်နေ့မှာ ဆလိုင်းယောဘလင်မယား၊ ဆလိုင်းခင်မောင်ထွန်း၊ ဆလိုင်းအောင်ထွန်းကို ညီအစ်ကိုနှစ်ယောက်၊ ဆလိုင်းဘင်ဂျမင်နှင့် ဆလိုင်းကိုအောင်စိုး စုစုပေါင်းလူ(၇)ဦးတို့ဟာ စက်လှေဌားပြီး ရခိုင်ပြည်နယ် ကျောက်တော်မြို့မှ ချင်းပြည်နယ် ပလက်ဝမြို့သို့ ထွက်လာခဲ့စဉ် ရခိုင်ပြည်နယ် ငသရိုင်းကျေးရွာတွင် နေ့လယ်စာစားပြီး ဆက်လက်ခရီးဆက်လာခဲ့ချိန်တွင် ငသရိုင်းကျေးရွာမှ စက်လှေတစ်စီးဖြင့် နောက်မှလိုက်လာပြီး ပလက်ဝမြို့နယ် ဘဲဒုံကျေးရွာနားအရောက်တွင် အေအေလက်နက်ကိုင် (၇)ဦးက ကျနော်တို့စက်လှေကိုရပ်ခိုင်းပြီး ဆလိုင်းအောင်စိုးပါသလားလို့ မေးခဲ့ပြီးတော့သူနဲ့အတူ ဆလိုင်းခင်မောင်ထွန်း၊ ဆလိုင်းအောင်ထွန်းကို၊ ဆလိုင်းဘင်ဂျမင်တို့အား မေးစရာရှိလို့ဆိုပြီး တစ်ခါတည်းခေါ် သွားခဲ့ကြတယ်” ဟု စက်လှေမှာအတူလိုက်ပါသွားသူတစ်ဦးရဲ့ပြောပြချက်ကို ကိုးကားပြီး သူကဆိုသည်။
ဖမ်းဆီးခေါ်ဆောင်သွားချိန်တွင် အဆိုပါလူငယ်(၄)ဦးသည် အရံအဝတ်အစားအတွက် အဝတ်တစ်စုံစီကိုသာ ယူဆောင်ခွင့်ပေးပြီး ဖုန်းနှင့်ပိုက်ဆံများကိုမူ ယူခိုင်းခဲ့ကြောင်း၊ ကျန်အဝတ်အစားနှင့် အခြားပစ္စည်းများကိုမူ ဆလိုင်း ယောဘလင်မယားတို့ အား ယူဆောင်ခိုင်းသွားလိုက်သည်ဟု မြက်မြင်သက်သေတစ်ဦး၏ ပြောပြချက်အရ သိရပါသည်။
ဤကိစ္စနှင့်ပတ်သက်ပြီး ပလက်ဝမြို့နယ် ဘဲဒုံကျေးရွာနှင့် ရေတံခွန်ကျေးရွာမှ ရပ်မိရပ်ဖများသည် AA အဖွဲ့ရဲ့ ယာယီစခန်းသို့ပြီးခဲ့တဲ့အပတ်တွင် သွားရောက်စုံစမ်းခဲ့ရာတွင် ဆလိုင်းအောင်စိုးသည် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်၏ စည်းရုံးရေးအဖွဲ့တွင် ပါဝင်နေသည့်အတွက်ခါ်သွားရခြင်း ဖြစ်ကြောင်း၊ ကျန်သုံးဦးကိုလည်း မေးစရာရှိနေသေးသဖြင့် ထိန်းသိမ်းနေရသေးခြင်းဖြစ်သည်ဟုပြောဆိုခဲ့ကြောင်း၊ ရေတံခွန်ကျေးရွာအုပ်ချူပ်ရေးမှူး ဦးကွင်ဘေး၏ပြောပြချက်ကို ကိုးကားပြီး ထိုသူကပြောဆိုပါသည်။
သူကဆက်လက်ပြီး ပလက်ဝမြို့၊ ရိက္ခာရပ်ကွက်တွင်နေထိုင်သူ အမျိုးသမီးတစ်ဦးကိုလည်း AA အဖွဲ့က နောက်ထပ်မံဖမ်းဆီးဖို့ရန် ရှိသေးကြောင်း နှင့် ယခုအဖမ်းဆီးခံ လူငယ်(၄)ဦးသည် အ ရင်တစ်ခါ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကဲ့သို့ အချိန်ကြာမြင့်စွာ ထိန်းသိမ်းထားနိုင်ကြောင်းလည်း ရေတံခွန်ကျေးရွာ အုပ်ချူပ်ရေးအဖွဲ့များက ခန့်မှန်းပြောပြခဲ့ပါသည်ဟု သူကဆက်ဆိုသည်။
ချင်းလူငယ်(၄)ဦး အား AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခြင်းနဲ့ပတ်သက်ပြီး ပြန်လည်လွတ်မြောက်နိုင်ရန် အတွက် အစိုးရအာဏာပိုင်ဘက်မှ ယခုအချိန်အထိ တစ်စုံတစ်ရာလုပ်ဆောင်ပေးခြင်းမရှိသေးသကဲ့သို့ အခြားလူမှုအဖွဲ့အစည်းနှင့် အဖမ်းဆီးခံမိသားစုဝင်များကလည်း အစိုးရအာဏာပိုင်ထံနှင့် AA အဖွဲ့ထံ အကူအညီတောင်းဆိုခြင်းများ မရှိသေးကြောင်း သိရပါသည်။
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်အတွင်း မြန်မာတပ်မတော်နှင့် ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ အကြား တိုက်ပွဲတွေကြောင့် ယနေ့အချိန်အထိ ဒေသခံပြည်သူ စုစုပေါင်း(၂၀)ဦး အစအနပျောက်ဆုံးနေပြီဖြစ် ကြောင်း Chin IDP Support Committee (CISC) ရဲ့ထုတ်ပြန်ချက်အရ သိရှိရပါသည်။
၎
င
၎
၎
04 April 2025
31 March 2025
30 March 2025
17 March 2025
17 March 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.