15 July 2020
(ပလက်ဝမြို့ – ၁၃၊ ၀၇၊ ၂၀၂၀)
အခုတလော ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာတချို့မှာ မြန်မာတပ်မတော်က ဒေသခံရွာသားများရဲ့ နွားအကောင်(၆၀)လောက် ပစ်သတ်ပေးနေပြီဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ချင်းလူ့အခွင့်အရေးအဖွဲ့ထံ သတင်းပေးပို့ပါသည်။
ပလက်ဝမြို့အခြေစိုက် တပ်မ(၁၁)လက်အောက်ခံတပ်တွေက လွန်ခဲ့တဲ့တစ်လကျော်ကတည်းက စိမ်းစင် ကျေးရွာ၊ အင်ခိုဝကျေးရွာနှင့် ဆေးဖလောင်းကျေးရွာများအတွင်းရှိ ရွာသားပိုင်းနွား(၆၀)ကျော်နှင့် ဆိတ်၊ ဝက်များကို နေ့စဉ်နှင့် အမျှပစ်သတ်ပေးလေ့ရှိပြီး စစ်တပ်တွေရဲ့ဟင်းလျာအတွက် ယူဆောင်ခဲ့ကြကြောင်း ထိုသူကဆိုသည်။
နွားတွေကို တခါတလေတစ်ကောင်ဘဲပစ်သတ်ကြပြီး စခန်းအတွက်အသားတွေကိုယူဆောင်သွားကြသလို တခါတလေမှာတော့ အကောင်(၁၀)အထိပစ်သတ်ခဲ့ကြပြီး တစ်ကောင်ရဲ့အပေါင်သား၊ လက်သားနှင့် ကလီစာ တွေကိုသာ ယူဆောင်သွားကြကာ ကျန်ရှိတဲ့အသားတွေကို တောထဲမှာဒီအတိုင်းပစ်ထားခဲ့ကြသည်ဟု ထိုသူက ဆက်ဆိုသည်။
“သူတို့ကြိုက်တဲ့အချိန်မှာ လာပြီးနွားတွေကိုပစ်သတ်ကြတယ် တခါပစ်တဲ့အခါမှာ တစ်ကောင်ဘဲပစ်ကြသလို (၁၀)ကောင်လည်းပစ်ကြပြီးတော့ ကလီစာ၊ ပေါင်သားနှင့်လက်သားတွေကိုသာ ယူဆောင်သွားကြကာ ကျန်တာတွေကို ရွာသားတွေအတွက် ချန်ပေးထားလေ့ရှိကြတယ်၊ တခါတလေရွာသားတွေအတွက်လို့ဆိုပြီး သီးသန့်တစ်ကောင်ပစ်သတ်ပေးပြီး ရွာသားတွေကိုပေးတယ်၊ သို့သော် ရွာသားတွေကို တခြားနေရာသို့ အသားရောင်းချခွင့် ပိတ်ပင်ခဲ့ရတယ်” ဟု ထိုသူကဆက်ဆိုသည်။
တခါတလေ မြန်မာစစ်တပ်တွေဟာ အဲဒီအနီးနားတဝှက်မှာရှိတဲ့ အခြားစစ်တပ်ဝင်တွေကို စုပေါင်းပြီး နွား၊ ဆိတ်နှင့် ဝက်တွေကို ဝိုင်းဝန်းပစ်သတ်ခဲ့ကြပြီး အသားတွေယူဆောင်သွားခဲ့ကြကြောင်း သိရပါသည်။
မြန်မာစစ်တပ်တွေက နွား၊ ဆိတ်နှင့် ဝက်တွေ အများဆုံးပစ်သတ်တဲ့နေရာကတော့ ပလက်ဝမြို့မှအရှေ့ဖက် ကုလာတန်မြစ်တဖက်ကမ်းရှိ ခလရ(၂၈၉)စခန်းနှင့် စိမ်းစင်းကျေးရွာအကြား လယ်တောနှင့် အခင်းတောထဲ တွေမှာ အများအားဖြင့်ပစ်သတ်ကြသည်ဟု အဆိုပါရွာသားက ဆက်လက်ပြောဆိုပါသည်။
အခုလို နွားတွေကို သူတို့ကြိုက်သလိုပစ်သတ်ရတဲ့ အကြောင်းရင်းကတော့ အဲဒီအနီးတဝှက်မှာရှိတဲ့ ကျေးရွာသားတွေကို သွားလာရေးကန့်သတ်ပေးထားတဲ့အတွက်ကြောင့် ရွာသားတွေအပြင်မထွက်နိုင်တော့ဘဲ နွားတွေထိန်းမရနိုင်တော့တဲ့အတွက်ကြောင့် ဖြစ်ရကြောင်း ထိုသူကဆိုသည်။
“အဲဒီအနီးအနားမှာရှိတဲ့ ရွာသားတွေကို ပလက်ဝမြို့သို့ တပတ်(၂)ခါလောက်ဘဲ သွာခွင့်ပြုတယ်၊ အိမ်ခိုဝရွာသား (၃၀၀)ကျော် တိန်းလက်ဝရွာတွင် စစ်ဘေးရှောင်အဖြစ်နေတာကို သူတို့ရွာမှာ ပြန်မဝင်ခိုင်းဘူး၊ ဆေးဖလောင်းရွာကတချို့ထွက်ပြေးတာရှိတယ် သူတို့လည်း သူတို့ရွာမှာပြန်မဝင်ခိုင်းတော့ဘူး၊ စစ်ဘေးရှောင်တွေရဲ့ အိမ်မှာကျန်ရှိတဲ့ ဆန်စပါးတွေကိုကိုလည်း သွားကြည့်ခွင့်မပေးဘူး၊ တချို့ရွာသားတွေပြောပြချက်အရ စစ်သားတွေက ရွာထဲက ဆန်တွေလည်း ယူကြတယ်လို့ကြားရတယ် ” ဟု အဆိုပါဒေသခံက ပြောဆိုပါသည်။
မြန်မာ့တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့အကြား တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအပေါ် အဆိုပါလက်နက်ကိုင်(၂)ဖွဲ့စလုံးက သွားလာဆက်သွယ် ရေးလမ်းကြောင်းများ မကြာခဏပိတ်ဆို့ကန့်သတ်ခြင်းများပြုလုပ်နေခဲ့ရသည့် အတွက်ကြောင့် သောင်းနဲ့ချီ ပလက်ဝမြို့နယ်အတွင်းရှိ အပြစ်မဲ့ပြည်သူများသည် ရိက္ခာဆန်ပြတ်လပ်မှုများနှင့် မကြာခဏကြုံတွေ့ ခဲ့ရကြောင်း သတင်းရရှိပါသည်။
For media inquiries please contact:
Salai Lian, +95 (0) 9450 687 296 (English/Burmese)
Salai Terah, 09255934177 (Burmese)
၎
င
၎
၎
04 April 2025
31 March 2025
30 March 2025
17 March 2025
17 March 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.