19 June 2020
၂၀၂၀ ခုနှစ် ဇွန်လ ၁၉ ရက်နေ့
၂၀၂၀ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ဒုက္ခသည်များနေ့တွင် မြန်မာနိုင်ငံ၌ လက်ရှိ ဖြစ်ပွားနေသော ပဋိပက္ခ၊ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း များကို ချက်ချင်းအဆုံးသတ်ရန်နှင့် မြန်မာနိုင်ငံရှိ ပြည်သူလူထုအားလုံး၏ အခွင့်အရေးများကို လေးစားလိုက်နာ ကာကွယ်စောင့်ရှောက်ပေးသည့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီစနစ်တစ်ရပ် ထူထောင်ရန် အောက်ပါလက်မှတ် ရေးထိုးထားသော မိမိတို့ အရပ်ဘက်လူထုအဖွဲ့အစည်းပေါင်း (၁၂၃) ဖွဲ့ တို့က တိုက်တွန်း တောင်းဆိုလိုက်သည်။
၂၀၁၁ ခုနှစ်မှ စတင်၍ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းနေပြီဟုဆိုသော်လည်း ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ကြောင့် သိန်းနှင့်ချီသော တိုင်းရင်းသားပြည်သူလူထုကို နေရပ်မှ ထွက်ပြေးတိမ်းရှောင်ရမှု ဆက်လက်ဖြစ်စေခဲ့ပြီး ၎င်းတို့၏ ဘိုးဘွားပိုင်မြေ အနှံ့အပြားအတွင်းနှင့် ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် မလေးရှား တို့အပါအဝင် အိမ်နီးချင်းနိုင်ငံများတွင် ရှာဖွေခိုလှုံနေကြရသည်ကို မိမိတို့မှ အထူးစိုးရိမ်ပူပန်မိပါသည်။ မြန်မာစစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (EAO) များအကြား တိုက်ပွဲများ ဆက်ဖြစ်နေပြီး အထူးသဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော ဒေသများ၌ပင်လျှင် တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် လက်ရှိဖြစ်ပေါ်နေသော နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရမှုသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် မအောင်မြင်မှု၏ ပြယုဂ်ပင် ဖြစ်သည်။
တစ်ချိန်တည်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ၏ အဓိကကျူးလွန်သူဖြစ်သည့် မြန်မာစစ်တပ်သည် ၎င်းတို့ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် ပြစ်ဒဏ်ပေးအရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်ကို ဆက်လက်ရရှိနေသည်။ ယခင်က အခြားတိုင်းရင်းသားများအား နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်စေခဲ့သော မြန်မာစစ်တပ်၏ စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့်ကျင့်သုံးခဲ့သည့် အကြမ်းဖက်နည်းဗျူဟာများကို ယခုအချိန်တွင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်များရှိ အရပ်သားများအပေါ် ဆက်လက်ကျင့်သုံးနေပြီး ရွာများစွာကို မီးရှို့ဖျက်ဆီး ပြာကျစေခဲ့သည်။ အမျိုးသမီးနှင့် ကလေးများအပါအဝင် အရပ်သားများမှာ လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးကြရပြီး မြန်မာစစ်တပ်၏ မတရားဖမ်းဆီး ထိန်းသိမ်းခြင်း နှင့် ညှဉ်းပန်းနှိပ်စက်ခြင်း တို့ကိုလည်း ခံနေကြရသည်။ ယင်းလုပ်ရပ်များသည် ဂျီနီဗာသဘောတူစာချုပ်နှင့် လုံးဝကွဲလွဲဆန့်ကျင်နေပြီး ရခိုင်ပြည်နယ် နှင့် ချင်းပြည်နယ်ရှိ မြို့နယ် (၈) မြို့နယ်အား အင်တာနက် ဖြတ်တောက်ထားမှု၏ အကာအကွယ်အောက်တွင် ကျူးလွန်နေခြင်းလည်း ဖြစ်သည်။ ရှမ်းပြည်နယ်ကဲ့သို့သော အခြားတိုင်းရင်းသားဒေသများတွင် ရှမ်းတိုင်းရင်းသား အရပ်သားများအား ညှဉ်းပန်း နှိပ်စက်ခြင်းနှင့် ဥပဒေမဲ့ သတ်ဖြတ်ခြင်းများ ဆက်လက်လုပ်ဆောင်နေပြီး တအာင်းတိုင်းရင်းသား ဒေသများတွင်လည်း မတရား ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း နှင့် ပေါ်တာအဖြစ် အတင်းအဓမ္မခိုင်းစေခြင်းများ ပြုလုပ်ခြင်း ခံရမည်ကို စိုးထိတ်စွာ နေထိုင်နေကြရပါသည်။ ကရင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့အကြား တိုက်ပွဲများ ဖြစ်ပွား နေခြင်းကြောင့် ယခုကဲ့သို့ COVID-19 ဖြစ်ပွားနေသည့်ကာလအတွင်း၌ပင် ရွာသားများ ထွက်ပြေးတိမ်းရှောင်ရမှုကို ဖြစ်ပေါ်စေသည်။ တစ်ဘက်တွင်လည်း နိုင်ငံတစ်ဝန်းတွင်ရှိသော မြေမြှုပ်မိုင်းများက စစ်ဘေးသင့်ဒေသများရှိ ရွာသားများကို ဆက်လက်ခြိမ်းခြောက်နေပါသည်။
ကျရှုံးနေသည့် လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများသည် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်စခန်း (၉) ခုတွင် နေထိုင်နေကြသော ကရင် နှင့် ကရင်နီ တိုင်းရင်းသား အများစုဖြစ်သည့် လူဦးရေတစ်သိန်း (၁၀၀,၀၀၀) နီးပါးသော ဒုက္ခသည်များအတွက် အလွန်အမင်း စိုးရိမ်ပူပန်ဖွယ် ဖြစ်နေသည်။ ဒုက္ခသည်များအတွက် ရန်ပုံငွေထောက်ပံ့မှုများ သိသိသာသာကျဆင်းသွားသဖြင့် ၎င်းတို့၏ စားဝတ်နေရေး လိုအပ်မှု ထိန်းထားနိုင်ရေးနှင့် အသက်ရှင်ရပ်တည်နိုင်ရေးတို့အတွက် ရုန်းကန်ကြိုးစားနေကြရသည်။ လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခနှင့် အကြမ်းဖက်မှုများက ဒုက္ခသည်များ နေရပ်ပြန်ရေးအတွက် ကြိုတင်ပြင်ဆင်မှု ကင်းမဲ့နေခြင်းကို ဖော်ပြနေပါသည်။ သို့သော် အကယ်၍ ၎င်းပဋိပက္ခနှင့် အကြမ်းဖက်မှုများက ကြိုတင်ပြင်ဆင်မှု ကင်းမဲ့နေခြင်းကို မပေါ်လွင်စေသေးပါက မကြာသေးမီက ပြန်သွားခဲ့သော နေရပ်ပြန် ဒုက္ခသည်များမှ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံသားမှတ်ပုံတင်နှင့် အသက်မွေးဝမ်းကျောင်းမှုတို့ လက်လှမ်းမှီခြင်း မရှိသည့်အခြေအနေက ထင်ရှားစေပါသည်။
ဤအတောအတွင်း မြန်မာနိုင်ငံအတွင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူ (IDP) များ မှာလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ နည်းပါးလာသည့် ဒုက္ခကို ခံစားနေကြရပြီး ဆယ်စုနှစ်များစွာအတွင်း IDP များအတွက် အဆိုးဆုံးသော အခြေအနေဖြစ်နေသည်ကို မိမိတို့မှ တွေ့မြင်သိရှိရပါသည်။ ဥပမာအားဖြင့် မွန်ပြည်နယ်တွင် COVID-19 ကမ္ဘာ့ကပ်ရောဂါဘေးအတွင်း အစိုးရမှ ဝေးလံခေါင်ဖျား ဒေသများသို့ အကူအညီများ ပေးပို့ရာတွင် အမှန်တကယ် လိုအပ်နေသူများထံသို့ ရောက်ရှိခြင်း မရှိခဲ့ပေ။ အလားတူပင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် IDP အရေအတွက် တစ်သိန်းတစ်သောင်း (၁၁၀,၀၀၀) ခန့် ရှိနေသော်လည်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေအတွင်းရှိ လေးသောင်း (၄၀,၀၀၀)ခန့်သော စစ်ဘေးရှောင် IDP များထံသို့ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ မရောက်ရှိစေရန် မြန်မာအစိုးရမှ ၂၀၁၆ ခုနှစ်ကတည်းက ပိတ်ဆို့ထားခဲ့သည်။ ထိုအခြေအနေက ယခုဖြစ်ပေါ် နေသော COVID-19 ကာလတွင် ဒေသခံအကူအညီပေးရေးအဖွဲ့များအတွက် ၎င်း IDP ပြည်သူများထံ သွားရောက်နိုင်ရန်မှာ ပို၍ပင် ခက်ခဲလာစေပါသည်။ ထိုမျှသာမက ကရင်ပြည်နယ်ရှိ အီးတူးထ နှင့် ထိုင်း-ရှမ်းနယ်စပ်တစ်လျှောက်ရှိ ရှမ်း IDP စခန်း (၆) ခုတို့မှာလည်း အခြေခံလိုအပ်ချက် အကူအညီများ နည်းပါးပြီး ခြောက်ခန်းလု ဖြစ်နေသည့် အခြေအနေကို ခံစားနေကြရသည်။ ပြည်တွင်းရှိ IDP များသည် မိုးရာသီတွင် ရိက္ခာပြတ်လပ်ပြီး ဆာလောင်မွတ်သိပ်မှုဘေး ကြုံကြရမည်ကို မိမိတို့မှ အထူးစိုးရိမ်ပါသည်။
ဒုက္ခသည်များနှင့် IDP များ ပိုင်ဆိုင်သည့် အိုးအိမ်နှင့် မြေယာများကို မြန်မာစစ်တပ်၊ ၎င်းနှင့်ပတ်သက် ဆက်နွယ်သူများ နှင့် စီးပွားရေးလုပ်ငန်းများက သိမ်းယူနေသည့်အပေါ် မိမိတို့မှ အထူးစိုးရိမ်ပူပန်မိပါသည်။ မြေယာဥပဒေများသည် ဓလေ့ထုံးတမ်း မြေယာအသုံးပြုမှုများကို အသိအမှတ်ပြုခြင်းမရှိဘဲ ကြီးမားကျယ်ပြန့်သော မြေယာသိမ်းဆည်းမှုများကိုသာ ဥပဒေဘောင်အတွင်း လုပ်ဆောင်နိုင်ရန် အထောက်အကူပြုနေပါသည်။ လက်ရှိကာလ၌ ဒုက္ခသည်များနှင့် IDP များအတွက် အိုးအိမ်၊ မြေယာနှင့် ပိုင်ဆိုင်မှု ပြန်လည်ဖြည့်ဆည်းပေးခြင်းဆိုင်ရာ အခြေခံမူများ (Pinheiro အခြေခံမူများ) နှင့်ကိုက်ညီသည့် ထွက်ပြေးတိမ်းရှောင်ရသူများအတွက် အိုးအိမ်၊ မြေယာနှင့် ပိုင်ဆိုင်မှုများ ပြန်လည်အစားထိုးပေးလျော်မည့် မြေယာမူဝါဒ သို့မဟုတ် စနစ်တစ်ခု မြန်မာအစိုးရ၌ မရှိနေသေးသည်ကို တွေ့ရှိရသည်။
ဤကဲ့သို့အခြေအနေအောက်တွင် ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်များရှိ IDP စခန်းများ ပိတ်သိမ်းရေး နိုင်ငံလုံးဆိုင်ရာအဆင့် မဟာဗျူဟာကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဦးဆောင်၍ စစ်ဒဏ်သင့် ထွက်ပြေးတိမ်းရှောင်ရသည့် လူထုအသိုင်းအဝိုင်းများ၊ အရပ်ဘက် လူထုအဖွဲ့အစည်းများနှင့် တိုင်ပင်ညှိနှိုင်းခြင်းမရှိဘဲ ရှေ့တိုးလုပ်ဆောင်နေခြင်းမှာလည်း စိုးရိမ်ဖွယ်ကောင်းလှသည်။ ထိုပြည်သူများသည် စခန်းပိတ်သိမ်းရေးနှင့် ပတ်သက်သည့် မည်သည့် သတင်းအချက်အလက်မျှ လက်ခံရရှိခြင်း မရှိသကဲ့သို့ မဟာဗျူဟာအပေါ်တွင်လည်း ဖြည့်စွက်အကြံပြုချက်များ ပေးနိုင်ခဲ့ခြင်းမရှိပေ။ ယင်းပြည်နယ်များ အားလုံးတွင် မကြာသေးမီနှစ်များအတွင်း တိုက်ပွဲများနှင့် ကြုံတွေ့ခဲ့ရပြီး ထောင်နှင့်ချီသော ပြည်သူများသည် ၎င်းတို့၏ နေရပ်များကို စွန့်ခွာထွက်ပြေးတိမ်းရှောင်ကြရသည်။ ရခိုင်ပြည်နယ်တွင်မူ မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား ပြင်းထန်သည့် တိုက်ပွဲများကြောင့် ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်၍ လူဦးရေ တစ်သိန်းခြောက်သောင်း (၁၆၀,၀၀၀) ခန့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
ထို့အပြင် ၂၀၁၇ ခုနှစ်တွင် မြန်မာစစ်တပ်၏ ‘နယ်မြေရှင်းလင်းရေး’စစ်ဆင်မှု၏ အကျိုးဆက်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကမ္ဘာ့အကြီးဆုံးနှင့် လူဦးရေအထူထပ်ဆုံး ဒုက္ခသည်စခန်းများတွင် ရိုဟင်ဂျာဒုက္ခသည်ပေါင်း ကိုးသိန်း (၉၀၀,၀၀၀) ကျော် ဆက်လက်နေထိုင်နေကြရသည်။ ရိုဟင်ဂျာများ၏ ကိုယ်ပိုင်ကြန်အင်လက္ခဏာ သတ်မှတ်ပိုင်ခွင့်၊ နိုင်ငံသားဖြစ်ပိုင်ခွင့် နှင့် ဥပဒေအရ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်တို့ ငြင်းပယ်ခံနေရသဖြင့် ဒုက္ခသည်များ နေရပ်ပြန်ပို့ရေးအစီအစဉ်မှာလည်း အောင်မြင်မှုမရှိဘဲ ဖြစ်နေသည်။ ၎င်းတို့သည် ဒုက္ခသည်စခန်းများတွင် ဆက်လက်နေထိုင်နေရကြပြီး အသက်ရှင်ရပ်တည်ရေးအတွက် ရုန်းကန်အားထုတ် နေရသကဲ့သို့ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ၎င်းတို့၏ ဇာတိနေရပ်သို့ ပြန်နိုင်ရေးမှာလည်း မရေရာ မသေချာဘဲ ဖြစ်နေပါသည်။ ထို့အပြင် ၎င်းတို့သည် အခြားသော စစ်ဒဏ်သင့် တိုင်းရင်းသားအသိုင်းအဝိုင်းများကဲ့သို့ပင် ၎င်းတို့ ခံစားခဲ့ရသော ဆိုးဝါးသည့် ရာဇဝတ်မှုကြီး များအတွက် တရားမျှတမှု ရရှိရေးနှင့် တာဝန်ယူမှု တာဝန်ခံမှု ရှိစေရေးတို့အတွက် ဆက်လက်တောင်းဆိုနေကြသည်။
ဒုက္ခသည်များနှင့် IDP များသည် ၎င်းတို့၏ အိုးအိမ်မြေယာများမှ မောင်းထုတ်ခံခဲ့ရပြီး ၎င်းတို့၏ အခွင့်အရေးများနှင့် အသက်မွေးဝမ်းကျောင်းမှုများ ဆုံးရှုံးခဲ့ရသော်လည်း ၎င်းတို့တွင် မျှော်လင့်ချက်နှင့် အိပ်မက်များ ရှိကြသည်ကို မိမိတို့အားလုံး ရှင်းလင်းစွာ သိရှိနားလည်ထားရန် လိုအပ်ပါသည်။ ၎င်းတို့သည် လုံခြုံစွာ နေထိုင်နိုင်ရေးနှင့် ပိုမိုကောင်းမွန်သော အနာဂတ်ကို တောင့်တနေကြသည်။ ထို့အပြင် ၎င်းတို့၏ ရပ်ရွာအသိုင်းအဝိုင်းများကို ပိုမိုကောင်းမွန်သည့် နေရာတစ်ခု ဖြစ်လာစေရန် ဝိုင်းဝန်းအကျိုးပြု လုပ်ဆောင်လိုသည့် ဆန္ဒများလည်းရှိကြသည်။ သို့ဖြစ်ပါ၍ မိမိတို့မှ မြန်မာအစိုးရအား အောက်ပါအတိုင်း အကြံပြု တိုက်တွန်းလိုက်ပါသည်။
အထက်ဖော်ပြပါ အကြံပြုတိုက်တွန်းချက်များသည် မိမိတို့နေရပ်ဌာနေသို့ ပြန်ရမည့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် တိုင်းရင်းသား လူထုအသိုင်းအဝိုင်းများအတွက် မိမိဆန္ဒအလျောက် လုံခြုံဘေးကင်းပြီး ဂုဏ်သိက္ခာရှိစွာဖြင့် ရေရှည်တည်တံ့သော နေရပ်ပြန်ရေး အဆင်ပြေချောမွေ့စေရန် ဖြစ်ပါသည်။ မိမိတို့အနေဖြင့် ကမ္ဘာတလွှားရှိ IDP များနှင့် ဒုက္ခသည်များ ရင်ဆိုင်နေရသည့် အကျပ်အတည်းများနှင့် ပိုမိုကောင်းမွန်သော အနာဂတ်ရရှိရေးအတွက် ကြိုးပမ်းဖော်ဆောင်ရာတွင် ၎င်းတို့၏ ခွန်အားနှင့် သတ္တိရှိမှုတို့ကို အသိအမှတ်ပြုခြင်းနှင့်အတူ ၎င်းတို့နှင့် သွေးစည်းညီညွတ်စွာ ရှိနေကြောင်း ကမ္ဘာ့ဒုက္ခသည်များနေ့ မတိုင်မီ ယနေ့တွင် ဖော်ပြအပ်ပါသည်။
ထပ်မံသိရှိလိုပါက ဆက်သွယ်ရန်
ထောက်ခံလက်မှတ်ထိုးသူများ
၎
င
၎
၎
၎
င
၎
၎
၎
င
၎
၎
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.