တရားမျှတမှုအတွက် မျှော်လင့်နေဆဲဖြစ်သည့် သျှမ်းပြည်တောင်ပိုင်း နမ့်ပန်မြစ်၀ှမ်း ဆိုင်းခေါ၀် နှင့် တတ်ဖှါ့ဟို့ တွင် ကျေးလက်လူထု အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုအောင့်မေ့ဖွယ်နေ့ရက်

တရားမျှတမှုအတွက် မျှော်လင့်နေဆဲဖြစ်သည့် သျှမ်းပြည်တောင်ပိုင်း နမ့်ပန်မြစ်၀ှမ်း ဆိုင်းခေါ၀် နှင့် တတ်ဖှါ့ဟို့ တွင် ကျေးလက်လူထု အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုအောင့်မေ့ဖွယ်နေ့ရက်

သျှမ်းလူမှုအသင်းအဖွဲ့များ ထုတ်ပြန်ချက်

ဇွန်လ ၁၆ ရက် ၂၀၂၀ ခု နှစ်

ဒီနေ့ရက်သည် လွန်ခဲ့သည့် ၂၃ နှစ်က စစ်အစိုးရတပ်မတော်က သျှမ်းကျေးလက် လူထု ၅၆ ဉီးကို အစုလိုက် အပြုံ လိုက် သတ်ဖြတ်လိုက်သည့် ဖြစ်ရပ်ကို အောင့်မေ့ ပြီး ဘုရားကျောင်းကန်မှာ ၄င်းတို့ အတွက် ရည်စူးကာ အလှူဒါန ပြုလုပ်ပေးခဲ့သည်။ ၁၉၉၆ – ၁၉၉၈ အထိ သျှမ်းပြည် တောင်ပိုင်းတွင် စစ်အစိုးရ တပ်မတော်က သျှမ်းကျေးလက် လူထု အား အဓမ္မနေရပ်ပြောင်း ရွှေ့ခိုင်းမှု၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှု ကျူးလွန်ခဲ့ပါသည်။

၁၉၉၇ ဇွန်လ ၁၆ ရက် က သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ကွန်ဟိန်းမြို့နယ်တွင် အမျိုးသမီးများ၊ ကလေးသူ ငယ် များအပါ အ၀င် ကျေးလက်ရွာသူရွာသား ၅၆ ဉီး ကို ဆိုင်းခေါ၀် နှင့် တတ်ဖှါ့ဟို့ အရပ်၌ စစ်အစိုးရ တပ်မတော် က သတ်ဖြတ်ခဲ့သည်။ ထိုစဉ်က ၎င်းတို့သည် ကွန်ဟိန်းမြို့သို့ နေရပ်အဓမ္မ ပြောင်းရွှေ့ခိုင်းခြင်း ခံရရာ နေရပ်တွင် ကျန်ခဲ့သည့် ဆန်စပါး နှင့် ပစ္စည်းများအား အစိုးရ၏စစ်တပ်ထံမှ ခွင့်ပြုချက်ဖြင့် ပြန်သွားသယ်ယူပြီး နမ့်ပန်မြစ်အ ကြောင်းအတိုင်း နွားလှည်းဖြင့်ပြန်တက်လာရာလမ်းတွင် သတ်ဖြတ်ခံရခြင်းဖြစ်ပါသည်။

ရွာသူရွာသား ၂၉ ဉီးအား မြန်မာတပ်မတော် စစ်ကြောင်း ခြေလျင်တပ်ရင်း ခလယ ၂၄၆ က ဆိုင်းခေါဝ် သုဿန်မှာ ပစ်သတ်ခဲ့သည်။ ထို့အတူ ရွာသူရွာသား ၂၇ ဉီးကို ၎င်းတို့ ဆန်စပါး သယ်လာသည့် နွားလှည်းတန်း နှင့် အတူ မြန်မာ့ တပ်မတော် စစ်ကြောင်း ခြေမြန်တပ်ရင်း ခမယ ၅၁၃ ကတတ်ဖှါ့ဟို့ ရေတံခွန်အနီးတွင် ပစ်သတ်ပြီး ၎င်းတိုးလှည်း များနှင့်အတူ မီးရှို့ခဲ့သည်။

၁၉၉၆-၁၉၉၈ ကာလက သျှမ်းပြည်တောင်ပိုင်း ၁၅ မြို့နယ်အတွင်း စစ်အစိုးရတပ်မတော်မှ နယ်မြေ ရှင်းလင်း သုတ် သင်မှုကြောင့် ကျေးလက်လူထု ၄ သိန်းကျော် နေရပ်စွန့်ခွါခဲ့ရပြီး အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရခြင်း အဓမ္မပြု ကျင့် ခံရခြင်းများရှိခဲ့သည်။ ထိုအတွက်ယနေ့တိုင် တရားမျှတမှု မရှိသေးပေ။

ကွန်ဟိန်းမြို့နယ်အတွင်း ကျေးလက် ရွာပေါင်း ၁၀၀ ကျော် ရွာပျက် အနေထားတွင် ရှိနေသေးသည့် အပြင် အပစ်မဲ့လူ ထုအား အဓမ္မပြုကျင့်၊ သတ်ဖြတ် ၊ ပြောင်းရွှေ့ ခိုင်းခွင့်ရထားသည့် မြန်မာစစ်ကြောင်းများ ကလည်း ထိုဒေသအတွင်း ယနေ့တိုင် အခြေစိုက်သွားလာလှုပ်ရှားမှု ရှိနေသေးသဖြင့် နေရပ်မှစွန့်ခွါသူ များမှာ နေရပ်မပြန်ရဲကြသေးဘဲ ထိုင်း နယ်စပ် တလျှောက်တွင် ဒုက္ခသည် ဘ၀ ဖြင့် အနှစ် ၂၀ ကျော် ခိုလှုံနေထိုင်နေရပါသည်။

အဓမ္မ နေရပ်ပြောင်းရွှေ့ခိုင်းခြင်းခံရသည့် ၄င်းတို့သည် ၂၀၁၄ ခုနှစ် သန်းခေါင် စာရင်း ကောက်ယူချိန်တွင် စာရင်းထဲ ပါ၀င်ခွင့် လစ်ဟင်းခဲ့သည်။ ထိုမျှမက ၂၀၁၀ အထွေထွေရွေးကောက်ပွဲ နှင့် ၂၀၁၅ အထွေထွေရွေး ကောက်ပွဲတို့တွင် မဲပေးပိုင်ခွင့်မရသည့် အပြင် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်လည်း မဲပေးပိုင်ခွင့် ရှုံးနေဉီးမည်ဖြစ် သည်။

သျှမ်းကျေးလက်လူထု နေရပ်အဓမ္မပြောင်းရွှေ့မှု၊ လူထု မဲပေးပိုင်ခွင့် ဆုံးရှုံးမှုများသည် နေပြည်တော် အစိုးရ က သျှမ်းပြည်အတွင်း သဘာ၀ ပတ်ဝန်းကျင် စိုးမိုးခြယ်လှယ်လိုမှုဖြင့် စနစ်တကျ အစီအစဉ်ရေးဆွဲ လုပ်ဆောင်ထားခြင်း ဖြစ်ပြီး သံလွင်မြစ်ပေါ် အထက် မိုင်းတုံရေအားလျှပ်စစ်စီမံကိန်းအတွက် ရေ၀ပ်ဒေသများ ဖြစ်သည့် ရပ်ရွာများကို ရှင်းလင်းရေးအစီအစဉ်ဖြင့် ၁၉၉၇ ကတည်းက အဓမ္မ ပြောင်းရွှေ့ခိုင်းခြင်း၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းများ ကျူးလွန်ခဲ့သည်။

နိုင်ငံခြားသို့ လျှပ်စစ်ဓါတ်အား ပို့ဆောင်ရန် အတွက် အထက် သံလွင်ဆည် ခေါ် မိုင်းတုံ ရေအားလျှပ်စစ် စီမံကိန်းကို တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံ တို့မှ ရင်းနှီးမြှုပ်နှံ ထားပါသည်။ အဆို မိုင်းတုံဆည် တည်ဆောက်နိုင်ရန်အတွက် အစိုးရ တပ်မတော်က ဒေသအတွင်း လှုပ်ရှားပြီး ရွာသားများအပေါ် လူ့အခွင့်အရေး အမျိုးမျိုးကျူးလွန်နေဆဲဖြစ်သည်။

ဒီ့အတွက် ကျနော်တို့ သျှမ်းလူမှုအဖွဲ့အစည်းများအနေဖြင့် စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု၊ တရား မျှတမှု ရှိသည့် ဖွဲ့စည်းပုံအခြေခံဉပေဒ ၊ လူ့အခွင့်အရေးအပြည့်အ၀ဖြင့် လူထုလွတ်လပ်မှုရရှိသည့် အချိန်အထိ နိုင်ငံတကာအစိုးရ အသီးသီး နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသည့်ကုမ္ပဏီများ အနေဖြင့် မြန်မာ့တပ်မတော်မှ ကျူးလွန် နေသည့် မတရားမှုများ အား မျက်ကွယ်ပြုပြီး နေပြည်တော်အစိုးရနှင့် ရင်းနှီးမြှုပ်နှံကာ စီးပွားရေး အကျိုးတူပူးပေါင်း လုပ်ကိုင်နေမှုများ ရပ်တန်းကရပ်ဖို့ရန် တောင်းဆိုအပ်ပါသည်။

သျှမ်းလူမှုအဖွဲ့အစည်း

  1. သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်
  2. သျှမ်းပြည်လယ်သမားများကွန်ရက်
  3. သျှမ်းသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့
  4. ရှမ်းအမျိုးသမီးရေးရာဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း
  5. လိန်မောက်မိုင်
  6. ထိုင်းနိုင်ငံ – သျှမ်းအသင်း
  7. တုမ်းတွန့်တိုင်း
  8. မလေးရှားရောက် သျှမ်းအဖွဲ့
  9. ပြည်ပယောင့်ဟွေ့ရုံး
  10. သျှမ်းစစ်ဘေးဒုက္ခသည်ကူညီရေးကော်မတီ ( ထိုင်း – သျှမ်းပြည်နယ်စပ်)
  11. သျှမ်းစစ်ဘေးဒုက္ခသည်ကူညီရေးကော်မတီ ( လွယ်တိုင်းလျဲန်း)
  12. သျှမ်းစစ်ဘေးဒုက္ခသည်ကူညီရေးကော်မတီ ( လွယ်ကော်၀မ်း)
  13. သျှမ်းစစ်ဘေးဒုက္ခသည်ကူညီရေးကော်မတီ ( ကောင်းမုန့်မိန်း)
  14. သျှမ်းစစ်ဘေးဒုက္ခသည်ကူညီရေးကော်မတီ ( လွယ်လမ်)
  15. သျှမ်းစစ်ဘေးဒုက္ခသည်ကူညီရေးကော်မတီ ( လွဝ်ဆမ်ဆစ်)
  16. သျှမ်းစစ်ဘေးဒုက္ခသည်ကူညီရေးကော်မတီ ( ကုန်းကျော်)
  17. ကွန်ဟိန်းမြို့နယ်အတွင်းက –

–      –        ဟိုယန့်ကျေးရွာအုပ်စု၊ ဟိုယန့် ရွာသူရွာသားများ

–      –        ဟိုယန့်ကျေးရွာအုပ်စု၊ နားလ ရွာသူရွာသားများ

–      –        ဟိုယန့်ကျေးရွာအုပ်စု၊ ဝိုးလုံ ရွာသူရွာသားများ

–      –        ဟိုယန့်ကျေးရွာအုပ်စု၊ နမ့်ပွန်း ရွာသူရွာသားများ

–      –        ဟိုယန့်ကျေးရွာအုပ်စု၊ နားကွန် ရွာသူရွာသားများ

–      –        ဟိုယန့်ကျေးရွာအုပ်စု၊ ဟိုနား ရွာသူရွာသားများ

–      –        ကျိုင်းခမ်းကျေးရွာအုပ်စု၊ ကျိုင်းခမ်း ရွာသူရွာသားများ

–      –        ဆိုင်းခေါဝ်ကျေးရွာအုပ်စု၊ ဆိုင်းခေါဝ် ရွာသူရွာသားများ

1998 ခုနှစ် သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ စစ်တမ်းကောက်ယူကာ မှတ်တမ်းတင်ထားသည့် အစီရင်ခံစာအား ဝင်ရောက်ဖတ်ရှုရန် – လင့်ခ်Dispossessed

ဆက်သွယ်ရန်

–      စိုင်းလင်း                  +66 86-188-9827         (မြန်မာ့ အင်္ဂလိပ်)

–      နန်းချမ်တောင်း         +66 81-603-6655           (ထိုင်း အင်္ဂလိပ်)

–      စိုင်းဟော်ရှဲန်             +66 94-728-6696          (သျှမ်း အင်္ဂလိပ်)

–      ရွာသူရွာသားများကိုယ်စား – မျက်မြင်သက်သေ (ဉီး) ပေါ်ထောဝ့်လ – +66821827093 +66931894494       (သျှမ်း)

Download PDF Burmese, English, Shan and Thai.

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia