သတင်းစာဆရာကြီးဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း (၆) နှစ်ပြည့် အပြာရောင်လှုပ်ရှားမှု

သတင်းစာဆရာကြီးဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း (၆) နှစ်ပြည့် အပြာရောင်လှုပ်ရှားမှု

သူငယ်ချင်းမိတ်ဆွေများခင်ဗျား
၂၀ ဧပြီလ ၂၀၂၀။

ကိုဗစ် ၁၉ ဗိုင်းရပ်ပိုးသည် ကမ္ဘာတစ်ဝှမ်းတွင် လူနှစ်သန်းကျော်ကို ကူးစက်နေပြီး လူတစ်သိန်းကျော် အသက်ဆုံးရှူံးရပြီး ဖြစ်နေပါသည်။ မြန်မာနိုင်ငံတွင်လည်း ကပ်ရောဂါပိုးတွေ့ရှိသူ ၁၁၁ ဦး ရှိနေပြီး ကပ်ရောဂါတိုက်ဖျက်ရေး အတွက် အစွမ်းကုန်တိုက်ဖျက်နေသည်ကို တွေ့ရှိရပါသည်။ ကိုဗစ်ကိုတိုက်ဖျက်ရာတွင် အကျဉ်းထောင်ကို ထည့်သွင်းစဉ်းစားရန် နှင့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် အေအေပီပီအပါအဝင် အခြားသော အဖွဲ့အစည်းများမှလည်း အစိုးရအားတိုက်တွန်းခဲ့သည်။ အစိုးရဖက်မှလည်း အကျဉ်းထောင်တွင်း လူဦးရေလျှော့ချ နိုင်ရေးအတွက် ရည်ရွယ်ပြီး နိုင်ငံရေးအကျဉ်းသား ၂၀ ဦးအပါအဝင် အကျဉ်းသား ၂၄၈၆၉ ဦးကို ဧပြီလ ၁၇၊ ၂၀၂၀ တွင်လွှတ်ပေးခဲ့သည်ကိုတွေ့ရှိရသည်။

သို့သော် ယနေ့အကျဉ်းထောင်အသီးသီးတွင် နိုင်ငံရေးနှင့်ပတ်သက်ပြီး ဖမ်းဆီး ထိမ်းသိမ်းခံနေရသူပေါင်း (ထောင်ဒဏ်ချမှတ်ပြီး ၅၆ ဦး+ထောင်တွင်းမှ တရားရင်ဆိုင်၁၂၆ ဦး) ဦးရှိပြီး အကျဉ်းထောင်ပြင်ပမှ တရားရင်ဆိုင်နေရသူ ၃၉၄ ဦး ခန့်ရှိပါတယ်။
အဲဒီထဲက အချို့ကတော့ သူတို့ရဲ့ အခွင့်အရေးတွေ အတွက် တောင်းဆိုရင်း အဖမ်းခံနေရတာပါ။ အချို့တော့ အစိုးရ နဲ့ တပ်မတော်ခေါင်းဆောင်ပိုင်းတွေကို ဝေဖန်တဲ့အတွက်ပါ။ အချို့ကတော့ တိုင်းရင်းသားခေါင်းဆောင်တွေပါ။ လယ်သမားတွေပါ။

နိုင်ငံတော်တော်များများက ခေါင်းဆောင်တွေနဲ့ လူအများက မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ အကုန်လွတ်သွားပြီ မရှိတော့ဖူးလို့ ထင်နေကြပါတယ်။ ဒါကြောင့်မို့လို့လည်း နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အစိုးရ ကို အခြားနိုင်ငံများက ဖိအားပေးမှုတွေလည်း မရှိတော့သလောက်ပါ ဘဲ။

အဲဒီစဉ်းစားမှုတွေကို ပြောင်းလဲနိုင်ဖို့၊ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားများ ရှိနေသေးတယ် ဆိုတာ ပြသနိုင်ဖို့ သူငယ်ချင်း မိတ်ဆွေများရဲ့ အကူအညီလိုအပ်ပါတယ်။

သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ဆိုတာ တကယ်ကို လူသိများပြီး လူလေးစားခံရတဲ့ ကြီးမြတ်တဲ့၊ ဂုဏ်ပြုထိုက်သူ တစ်ယောက်ပါ။ သူ က စစ်အကျဉ်းထောင်ထဲမှာ နှစ်ပေါင်း ၂၀ လောက် အကျဉ်းချခံခဲ့ရသူပါ။ သူ ဟာ လွတ်မြောက်လာပြီးကတည်းက နိုင်ငံရေးအကျဉ်းသားတွေ မလွတ်မချင်း အကျဉ်းထောင် ဝတ်စုံဖြစ်တဲ့ အပြာရောင်ဝတ်စုံ ကို တောက်လျှောက်ဝတ်ဆင်သွားခဲ့သူပါ။ ဧပြီလ ၂၁ ရက်၊ ၂၀၂၀ ဆိုရင် သူကွယ်လွန်ခဲ့တာ ၆ နှစ် ရှိပါပြီ။ ဒါကြောင့် သူကွယ်လွန်ခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့မှာ အပြာရောင်အင်္ကျီဝတ်ဆင်ပြီး ကျနော်တို့နဲ့ အတူတူ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေး တောင်းဆိုကြရအောင်ပါ။

ကျနော်တို့နဲ့ ပူးပေါင်းပေးကြပါ။ အခုကတည်းက သူငယ်ချင်း မိတ်ဆွေများရဲ့ ဒိုင်ယာရီထဲမှာ ဧပြီလ ၂၁ ရက် ကို အပြာရောင်အင်္ကျီဝတ်ဆင်ဖို့ မှတ်သားထားပေးကြပါ။ အခြားသော သူငယ်ချင်းများကို ခင်ဗျားလို လိုက်ဝတ်ပေးဖို့ ပြောဆိုပေးပါ။ ပြီးတော့ အဲဒီ အပြာရောင် ဝတ်ဆင်ထားတာလေးကို ဓာတ်ပုံရိုက်ပြီး ဖေ့ဘွတ်နဲ့ အခြား ဆိုရှယ်မီဒီယာတွေမှာ တင်ပေးပါ။ ပြီးရင် ဒီလင့်ကလေးကို အသုံးပြုဖို့လည်း မမေ့ပါနဲ့။

hashtag: #blueshirt4burma

နိုင်ငံရေးအကျဉ်းသားတွေကို မေ့လျော့နေတာ၊ နိုင်ငံရေးအကျဉ်းသားတွေ ရှိနေသေးတာ ဖြစ်ကို မဖြစ်သင့်ပါဖူး။

အားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုများ အတွက် အထူးကျေးဇူးတင်ရှိပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း

#BlueShirt4Burma #BlueShirtDay

Download PDF in English.

Download PDF in Burmese.

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia