20 April 2020
၁။ မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ပြည်သူလူထု နှလုံး စိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း နိုင်ငံတော်သမ္မတသည် နိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်/ စခန်းအသီးသီးတွင် အကျဉ်းကျခံနေကြရသော အကျဉ်းသား/ သူများကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၇ ရက်နေ့တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၁၁/ ၂၀၂၀၊ ၁၂/ ၂၀၂၀ နှင့် ၁၃/ ၂၀၂၀ တို့ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ပါသည်။
၂။ ကိုရိုနာဗိုင်းရပ်(စ်) (ကိုဗစ်-၁၉)၏ ခြိမ်းခြောက်မှုကို မြန်မာနိုင်ငံအပါအဝင် လူသားမျိုးနွယ်များ အားလုံး ရင်ဆိုင်ကြုံတွေ့နေရသည့်အချိန်ကာလတွင် ယခုကဲ့သို့ လုပ်ဆောင်မှုသည် လူသားချင်း စာနာထောက်ထားမှုနှင့် လူ့အခွင့်အရေးရှုထောင့်များမှ အလွန်အရေးပါသော လုပ်ဆောင်မှုတစ်ရပ် ဖြစ်ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသည့် အကျဉ်းသား/ သူများ၊ ပြည်သူများနှင့် နိုင်ငံတော်အတွက် များစွာအကျိုးဖြစ်ထွန်းနိုင်မည်ဟု ကော်မရှင်က မျှော်လင့်ပါသည်။ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသည့် အကျဉ်းသား/ သူများအနေဖြင့် ကာလရှည်ကြာစွာ ခွဲခွာနေရသည့် မိသားစုဝင်များ၊ ချစ်ခင်ရသူ များနှင့် ယခုအခါ ပြန်လည်ပေါင်းစည်းနိုင်ကြပြီး ဤကဲ့သို့ ခက်ခဲသောအချိန်တွင် ယင်းတို့၏ စိတ်ဓာတ်ကို မြှင့်တင်ရန် ကူညီနိုင်သည့်အခွင့်အလမ်းများလည်း ရရှိနိုင်ကြမည်ဖြစ်ပါသည်။ အကျဉ်း ထောင်များတွင် အကျဉ်းသားသိပ်သည်းမှု နည်းပါးသွားခြင်းသည် အကျဉ်းထောင်များအတွင်း လူမှု ဆက်ဆံရေးအရ ထိတွေ့ဆက်ဆံခြင်းအား ကန့်သတ်ခြင်း (social-distancing) ကို ပိုမိုထိရောက်စွာ အကျိုးပြုနိုင်မည်ဖြစ်ပြီး တစ်ဆက်တည်းမှာပင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ကြိုးပမ်းအားထုတ် ဆောင်ရွက်မှုများအား အတိုင်းအတာ တစ်ရပ် အထိ အထောက်အပံ့ ဖြစ်စေမည် ဖြစ်ပါသည်။
၃။ နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အရ သေဒဏ်နှင့် နှစ်ကြီးပြစ်ဒဏ်ကျခံနေရ သူများကို ပြစ်ဒဏ်လျှော့ပေါ့ ပေးခဲ့ပြီး အကျဉ်းထောင်/ စခန်းအသီးသီး ရှိ အကျဉ်းသား/ သူ စုစုပေါင်း ၂၄,၈၉၆ ဦးတို့အားလည်း စည်းကမ်းသတ်မှတ်ချက်မထားဘဲ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးခဲ့ပါသည်။ ထို့ပြင် နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေ့ရှုသောအားဖြင့်လည်းကောင်း၊ လူသား ချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း နိုင်ငံခြားသား အကျဉ်းသား/ သူ ၈၇ ဦးတို့ကိုလည်း စည်းကမ်းသတ်မှတ်ချက် မထားဘဲ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ် ပေးခဲ့ပါသည်။ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသည့် အကျဉ်းသား/ သူများအား ပြန်လည် စေလွှတ်ခြင်းမပြုမီ ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခြင်း၊ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ကျန်းမာရေးအသိပညာပေးခြင်းများဆောင်ရွက်ခြင်းတို့သည် ကိုဗစ်-၁၉ ပြန့်ပွားနိုင်ခြေ ရှိမှုအပေါ် ပြည်သူများ၏ စိုးရိမ်ပူပန်မှုများ ပြေလျော့စေရန် ရှုမြင် လုပ်ဆောင်သည့် ကြိုတင် ကာကွယ်ရေး ဆောင်ရွက်ချက်များဟု ကော်မရှင်က ယူဆပါသည်။ ထို့ပြင် လူသားချင်းစာနာ ထောက်ထားမှု ထောက်ပံ့ကူညီမှုအဖြစ် အကျဉ်းသား/ သူများအား ပြန်လည်လွှတ် ပေးသည့်နေ့တွင် ယင်းတို့အတွက် စားသောက်ကုန် ရိက္ခာခြောက်များကိုလည်း ထောက်ပံ့ပေးခဲ့ပါ သည်။
၄။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေ ပုဒ်မ ၄၃ အရ အကျဉ်းထောင်၊ အကျဉ်းစခန်း၊ အချုပ်ခန်းနှင့် ထိန်းသိမ်း စောင့်ရှောက်ရေးစခန်းများတွင် အကျဉ်းကျနေသူများ၊ အချုပ်အနှောင်ခံနေရသူများ သို့မဟုတ် ထိန်းသိမ်းစောင့်ရှောက်ထားခြင်းခံရသူများကို လူ့အခွင့် အရေးနှင့်သက်ဆိုင်သည့် အပြည်ပြည်ဆိုင်ရာနှင့် ပြည်တွင်းဥပဒေများနှင့်အညီ လူသားချင်းစာနာ ထောက်ထားမှုဖြင့် စောင့်ရှောက်ထားခြင်း ရှိ၊ မရှိ စိစစ်နိုင်ရန် အဆိုပါနေရာများသို့ ဝင်ရောက် ကြည့်ရှုစစ်ဆေးခွင့်ရှိသည့် တာဝန်နှင့်လုပ်ပိုင်ခွင့်ကိုပေးအပ်ထားသည့်အမျိုးသားအဆင့်အဖွဲ့ အစည်း တစ်ရပ်ဖြစ်သော မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် ယခုကဲ့သို့ အကျဉ်းသား/ သူ အများအပြားကို ပြန်လည်လွှတ်ပေးခြင်းဖြင့် နိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်များ၏ အခြေအနေ များ တိုးတက်လာစေနိုင်မည်ဖြစ်သောကြောင့် အကျဉ်းသား/ သူများအား ပြစ်ဒဏ်များ လျှော့ပေါ့ခြင်း နှင့် စည်းကမ်းသတ်မှတ်ချက်မထားဘဲ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခြင်းတို့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆို အပ်ပါသည်။ ကော်မရှင်အနေဖြင့်လည်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေ ပုဒ်မ ၄၃ ပါ တာဝန်နှင့်လုပ်ပိုင်ခွင့်ကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာ ဌာန/ အဖွဲ့အစည်းများနှင့် အနီးကပ် ထိတွေ့ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.