17 April 2020
Friday 17th 2020
ယနေ့ထုတ်ပြန်ကြေငြာသည့် နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းခွင့် အမိန့်အား မိမိတို့ နိုင်ငံရေးအကျဉ်း သားများကူညီစောင့်ရှောက်ရေအသင်းမှ ကြိုဆိုပါသည်။ သို့ရာတွင် ယင်းလွတ်ငြိမ်းခွင့်၌ နိုင်ငံရေးအကျဉ်းသားများ ပါဝင်မှု နည်းပါးနေခြင်း အပေါ် စိုးရိမ်မှု ဖြစ်စေပါသည်။
ယခုအချိန်ထိ စုဆောင်းရရှိသော အချက်အလက်များအရ နိုင်ငံရေး အကျဉ်းသား ၁၈ဦးပါဝင်းပြီး ၅၈ဦးမှာ အကျဉ်းထောင်များအတွင်း ကျန်ရှိနေဆဲ ဖြစ်ပါသည်။ ကျန်ရှိ နိုင်ငံရေးအကျဉ်းသားများအား ချွင်းချက်မရှိ ချက်ချင်း လွှတ်ပေးရန် မိမိတို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းမှ အစိုးရအား တိုက်တွန်း တောင်းဆိုပါသည်။
ယနေ့ အကျဉ်းသား (၂၄၈၉၆) ဦးအား အကျဉ်းထောင်မှ လွှတ်ပေးခြင်းသည် ကောင်းမွန်သည့် ခြေလှမ်းတစ်ရပ်ဖြစ်သည့်အပြင် (၁၀)စုနှစ် တစ်ခုအတွင်း အကြီးမားဆုံး အများပြားဆုံးသော လွတ်ငြိမ်းခွင့် ဖြစ်ပါသည်။ မိသားစုများအတွက်လည်း ကပ်ရောဂါ ကာလအတွင်း မိသားစုများ ပြန်လည်ပေါင်းစည်းခွင့်ရလိုက်သည့်အတွက် စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာ ခွန်အားများ ရရှိစေမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံအကျဉ်းထောင်များအတွင်း အကျဉ်းသားဦးရေ များပြားနေဆဲဖြစ်ပြီး အကျဉ်းထောင်များမှာ လုပ်နိုင်စွမ်းထက်ကျော်လွန် လုပ်ကိုင်ပြီး လည်ပတ်နေရဆဲဖြစ်ပါသည်။ အကျဉ်းထောင်နှင့် အကျဉ်းထောင်ဝန်ထမ်းများမှာ ဝန်နှင့်အားမမျှတစွာ ထမ်းဆောင်နေရပြီး၊ မြင့်မားနေဆဲ အကျဉ်းထောင်လူဦးရေကြောင့် အစားအသောက်နှင့် ကျန်းမာရေး စောင့်ရှောက်မှုမှာလည်း လိုအပ်ချက်ရှိနေနိုင်ဆဲ ဖြစ်ပါသည်။ ထို့ကြောင့် ကိုဗစ်ကပ်ရောဂါ၏ ထိခိုက်နိုင်မှုအား လျော့ချနိုင်ရန် အစိုးရအနေဖြင့် အကျဉ်းသားများအား ထပ်မံလွှတ်ပေးပါရန် မိမိတို့မှ တောင်းဆိုပါသည်။
အကျဉ်းထောင်အတွင်း နှစ်ပေါင်းများစွာ နေလာခဲ့ရသောသူများအတွက် လူမှု အသိုက်အဝန်းသို့ ပြန်လည် ဝင်ရောက်ရာတွင် အခက်အခဲရှိပါသည်။ ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားနေသော ယနေ့အချိန်ကာလတွင် လွတ်မြောက်လာကြသည့် အကျဉ်းသားများမှာ စီးပွားရေး အခက်အခဲအပါအဝင် စိန်ခေါ်မှု များစွာဖြင့် ရင်ဆိုင်ကြရမည် ဖြစ်ပါသည်။ ထို့ကြောင့် ၎င်းတို့အား စာနာ၊ နားလည်မှု ထောက်ထားမှု ကရုဏာ ဖြင့် စောင့်ရှောက် ဆက်ဆံပေးကြပါရန် မိမိတို့မှ မြန်မာ့လူ့အသိုက်အဝန်းအားမေတ္တာရပ်ခံပါသည်။
လွတ်မြောက်လာကြသည့် အကျဉ်းသားများအနေဖြင့်လည်း ကိုဗစ်ကပ်ရောဂါအား ကာကွယ်တားဆီးရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်များ (ဒေသဆိုင်ရာ အာဏာပိုင်များ) မှ ထုတ်ပြန်ထားသောညွှန်ကြားချက်များ၊ စည်းမျဉ်းစည်းကမ်းများကို (မိမိဘာသာ ကွာရင်တင်းမ်ကဲ့သို့သော) လိုက်နာပေးကြပါရန် မိမိတို့မှ မေတ္တာရပ်ခံအပ်ပါသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
၎
င
၎
၎
21 May 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.