01 April 2020
၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁ ရက်၊ ဗုဒ္ဓဟူးနေ့
ဦးလှိုင်းသစ်ဇင်ဝေ (ခ) သာလွန်ဇောင်းထက် (ခေတ်သစ်မီဒီယာ အယ်ဒီတာချုပ်)၏ နေအိမ်သို့ မတ်လ (၃၁) ရက်၊ ည (၁၀) နာရီခွဲ အချိန်တွင် ရဲ၊ CID အရပ်ဝတ် ဝတ်ထားသူ (၁၀)ဦးခန့်သည် ရောက်ရှိလာပြီး ၄င်းအကြောင်း များကို လာရောက်မေးမြန်းခဲ့ကြောင်း၊ မည်သည့်အတွက် ထိုသို့လုပ်ဆောင်သည်ကို သေချာစွာ ပြောဆိုခြင်းမရှိဘဲ လုပ်ဆောင်ခြင်းအပေါ် သတင်းမီဒီယာကောင်စီ၏ ထုတ်ပြန်ထားသော ဥပဒေများနှင့်ကိုက်ညီခြင်း မရှိသဖြင့် သတင်းမီဒီယာကောင်စီဝင် ဦးလှိုင်းသစ်ဇင်ဝေ (ခ) ဦးသာလွန်ဇောင်းထက် ကိုယ်စား ကောင်စီထံ တိုင်ကြားအပ်ပါ သည်ဟု ၄င်း၏ဇနီးက စာရေးသား ပေးပို့လာပါသည်။
ထို့အတူ မတ်လ ၃၁ ရက်နေ့၊ ညနေ ၅ နာရီခန့်တွင် အရပ်ဝတ်ဖြင့် CID, SB, ရပ်ကွက်အုပ်ချုပ်ရေးတို့ ပါဝင်သော (၁၀) ဦး ပါအဖွဲ့သည် စစ်တွေမြို့၊ ရွှေသာလမ်းရှိ နိရဉ္စရာရုံးအား မိနစ် ၃၀ ခန့် ဝင်ရောက်ရှာဖွေပြီး အကြီးတန်းသတင်းထောက် သိန်းဇော် (ခ)သန့်မြတ်ခိုင်၊ အောင်လင်းထွန်းနှင့် ထွန်းနိုင် တို့အား လက်ပတော့ (၂)လုံး နှင့် အတူ ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်း၊ ရဲစခန်းတွင် (၇) နာရီ စစ်ဆေးပြီးနောက် ညဉ့်အချိန်တွင် ၎င်းတို့ (၃) ဦးအား ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
နိရဉ္ဇရာသတင်းဌာန၏ အယ်ဒီတာချုပ်ဖြစ်သူ ဦးခိုင်မြတ်ကျော် ကိုလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်းလည်း သိရှိရပါသည်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် ပြည်ထဲရေးဝန်ကြီးဌာနအပါအဝင် အုပ်ချုပ်ရေးအဖွဲ့အစည်းများ ပါဝင်သော မဏ္ဍိုင်(၄) ရပ်တွေ့ဆုံပွဲများ၊ တပ်မတော်နှင့် အလုပ်ရုံဆွေးနွေးပွဲများတွင် သတင်းသမားများအပေါ် ကျေနပ်မှုမရှိပါက သတင်းမီဒီယာဥပဒေအရ သတင်းမီဒီယာကောင်စီသို့ ဦးစွာတိုင်ကြားရန် အစဉ်အမြဲ တိုက်တွန်း ပြောဆိုလျက်ရှိပါသည်။
ယနေ့ကဲ့သို့ ကပ်ရောဂါဖြစ်ပွားနေချိန်တွင် သတင်းတု၊ သတင်းမှားများကို တရားဝင်သတင်းဌာနများနှင့် ပူးပေါင်းတိုက်ဖျက်ရမည့်အစား ယခုကဲ့သို့လုပ်ဆောင်ခြင်းသည် မသင့်လျော်သကဲ့သို့၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ ထာဝရငြိမ်းချမ်းရေးတည်ဆောက်နေသည့် ကာလမျိုးတွင် လုံးဝ မဆီလျော် မအပ်စပ်သော တုန့်ပြန်မှုဟု ကောင်စီက ရှုမြင်ပါသည်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် အဆိုပါကိစ္စရပ်နှင့်ပတ်သက်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ ဥက္ကဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ထံ စာရေးသားပေးပို့ သွားမည်ဖြစ်ကြောင်း၊ ဥပဒေနှင့်အညီ ဆောင်ရွက်သင့်သည့် ကိစ္စရပ်များကို ဆက်လက်လုပ်ဆောင်လျက်ရှိပါကြောင်းနှင့် ထပ်မံရရှိသော သတင်းများကိုလည်း ဆက်လက် ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ
၎
င
၎
၎
၎
င
၎
၎
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
25 February 2025
25 February 2025
21 February 2025
CSO Working Group on Independent National Human Rights Institution (Burma/Myanmar) , Asian NGO Network on National Human Rights Institutions (ANNI)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.