တပ်မတော်နှင့် AA တွေအကြားတိုက်ပွဲကြောင့် ပလက်ဝမြို့နယ်က လူရာကျော် ကျောက်တော်တွင် ပိတ်မိနေ

တပ်မတော်နှင့် AA တွေအကြားတိုက်ပွဲကြောင့် ပလက်ဝမြို့နယ်က လူရာကျော် ကျောက်တော်တွင် ပိတ်မိနေ

(၁၃၊ ၀၂၊ ၂၀၂၀)

အခုတလော ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အကြားတွင် တပ်မတော်နဲ့ AA တွေ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် ပလက်ဝမြို့နယ်က လူရာကျော်တို့သည် ကျောက်တော်မြို့တွင် ပိတ်မိနေသည်မှာ (၁၀)ရက်ကျော်ကြာနေပြီဟု မိတ်မိနေရသူတဦးက ချင်းလူ့အခွင့်အရေးအဖွဲ့ထံ သတင်းပေးပို့ပါသည်။

အဆိုပါ ပိတ်မိနေတဲ့သူတွေဟာ ပလက်ဝမြို့ကနေ စစ်တွေ၊ ရန်ကုန်နှင့် အခြားမြို့များသို့ အကြောင်း အမျိုးမျိုးဖြင့် ခရီးသွားပြီးအပြန်မှာ ပိတ်မိနေရခြင်းဖြစ်ပြီး ယခုလိုမျိုးကျောက်တောမြို့တွင် သောင်တင်နေရခြင်း ဖြစ်ကြောင်း၊ အဲမာမိတ်မိတာ(၁၀)ရက်ကျော်ကြာ ပိတ်မိနေတဲ့သူတွေရှိသလို တချို့တွေဆို (၄)မှ(၅)ရက်အထိ မိတ်မိနေတဲ့သူတွေလည်းရှိကြကြောင်း ထိုသူကဆက်ဆိုသည်။

“ဘယ်အဖွဲ့ကပိတ်ပင်တာလဲဆိုတာလည်းမသိဘူး ကျနော်က ဖေဖော်ဝါရီလ(၄)ရက်နေ့မှာ ကျော်တော်ဖက်ဆင်း တုန်းကတော့ မပိတ်သေးဘူး အပြန်ကျမှာဘဲသွားလို့မရဘူးဆိုလို့ ကျနော်တို့လည်း ကျောက်တော်မှာ သောင်တင်နေတာ အခု(၄)ရက်လောက်ရှိပြီ၊ ကျနော်ထက်အရင်သောင်တင်နေရတဲ့သူတွေအများကြီးဘဲ ကျနော်တို့ အခုစာရင်းလိုက်ကောက်နေတယ် စာရင်းအရအခုအချိန်အထိ(၁၂၀)ကျော်ပြီ အားလုံးတော့ လိုက်မကောက်ရသေးဘူး တချို့လူတွေဆို ပိတ်မိတာ(၁၀)ရက်ကျော် နေပြီ” ဟုသူကဆိုသည်။

အခုလို ပိတ်မိနေတဲ့သူတွေဟာ သာမန်ခရီးသည်၊ ကုန်သည်နှင့် ကျောင်းသူကျောင်းသား များဖြစ်ကြကြောင်း နှင့် ကျောက်တော်မြို့တွင် တချို့သူတွေက တည်းခိုခန်းတွင်တည်းခိုနေကြပြီး တချို့ဆိုယင် အသိအိမ်တွေမှာ လိုက်တည်းနေကြကာ အပြင် ထမင်းဆိုင်တွေမှာ ထမင်းစားနေကြကြောင်းနှင့် ကြာလာရင်ဖြစ် နေရာထိုင်ခင်း နှင့်စားသောက်နေရေးမှာ အခက်အခဲ့နှင့် ကြုံတွေ့နေရမှာ စိုးရိမ်နေရကြောင်း ထိုသူက ဆက်ဆိုသည်

ဖေဖော်ဝါရီလ(၅) ရက်နေ့တွင် ပလက်ဝမှ ကျောက်တော်ဖက်သို့သွာသော ခရီးသည်တင် စက်လှေတစ်စီးကို တင်မကျေးရွာအနီးတွင် အမည်မသိ လက်နက်ကိုင်အဖွဲ့တခုက တိုက်ခိုက်တဲ့အတွက် အသက်(၁၅)နှစ်အရွယ် လူငယ်တစ်ဦးသေဆုံးပြီး၊ အမျိုးသမီးငယ်(၂)ဦး ထိခိုက်ဒဏ်ရာပြင်းထန်တဲ့အတွက် စစ်တွေမြို့ပြည်သူ့ဆေးရုံသို့ ဆေးဝါးကုသနေရကြောင်းနှင့် အဲဒီနေ့မှစတင်၍ ပလက်ဝနှင့်ကျောက်တော်မြို့အကြား ရေကြောင်းနှင့် ကုန်းကြောင်း နှစ်ခုစလုံး သွားလာရေးရပ်တန့်နေရခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

For media inquiries please contact:
Salai Terah, 09255934177 (Burmese)
Salai Lian, 09450687296 (English/Burmese)
PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia