04 February 2020
မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး ၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများမှ အောက်ပါသဘောထား ထုတ်ပြန်ချက်ကို ကြေညာလိုက်သည်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ၂၀၁၆ – ၂၀၁၇ အတွင်း ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် တာဝန်ယူခြင်းသည် အရေးပါကြောင်းကို ဥရောပသမဂ္ဂက တစိုက်မတ်မတ် အလေးပေးထောက်ပြခဲ့ပါသည်။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ၏ ခွင့်ပြုချက်ဖြင့် ဖွဲ့စည်းခဲ့သော စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့မှ စက်တင်ဘာလ ၅ ရက်နေ့အတွင်း လုပ်ဆောင်ခဲ့သော လုံခြုံရေးစစ်ဆင်မှုများတွင် မြန်မာစစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့များက စစ်ရာဇဝတ်မှုများ၊ ကြီးမားသော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အင်အားအလွန်အကျွံသုံးစွဲမှုတို့ကို ကျူးလွန်ခဲ့ကြောင်း ဇန်နဝါရီလ ၂၀ ရက်နေ့တွင် အပြီးသတ်ကောက်ချက်ချခဲ့ပါသည်။
ဇန်နဝါရီလ ၂၃ ရက်နေ့၌ အပြည်ပြည်ဆိုင်ရာ တရားရုံးတော်က ချမှတ်ခဲ့သောအမိန့်တွင် ၎င်း၏ ပဏာမဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပြီး ရခိုင်ပြည်နယ်အခြေအနေနှင့်စပ်လျဉ်း၍ ယာယီအစီအမံများ ညွှန်ကြားခဲ့ပါသည်။ မြန်မာနိုင်ငံအစိုးရအနေဖြင့် တရားမျှတမှုကို ရှေးရှု၍ အပြည်ပြည်ဆိုင်ရာ တရားရုံးတော်က ချမှတ်သောအမိန့်ကို အပြည့်အဝလိုက်နာလုပ်ဆောင်ပါမည် ဟု ကျွန်ုပ်တို့မှ မျှော်လင့်ထားပါသည်။
မြန်မာစစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့များက ကျူးလွန်ခဲ့သော အကြမ်းဖက်မှု၏ ပြင်းထန်မှုနှင့် အတိုင်းအတာ၊ လူ့အခွင့်အရေး ကြီးမားစွာချိုးဖောက်မှုနှင့် အင်အားအလွန်အကျွံသုံးစွဲမှုတို့ကို ဝန်ခံအသိအမှတ်ပြုရာတွင် အရေးပါသည့် ဤကနဦးခြေလှမ်းတို့ကို ဥရောပသမဂ္ဂက ကြိုဆိုပါသည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသားတိုင်း၏ ရပိုင်ခွင့်များကို အပြည့်အဝ အသိအမှတ်ပြု ကာကွယ်ပေးသော လူမှုအဖွဲ့အစည်းတစ်ခုဆီသို့ ဒီမိုကရေစီ အကူးအပြောင်းမှတစ်ဆင့် လှမ်းချီရာတွင် ပိုမိုအခြေအနေတိုးတက်ကောင်းမွန်စေရန် ဤအခွင့်အလမ်းများကို အသုံးချလုပ်ဆောင်လိမ့်မည်ဟု မျှော်လင့်ပါသည်။
ထိခိုက်နစ်နာသူအားလုံးအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတကြီး၏ စာနာဝမ်းနည်းကြောင်း ဖော်ပြချက်ကို ဥရောပသမဂ္ဂက ကြိုဆိုပြီး သဘောထားထပ်တူပင် ဖြစ်ပါသည်။ ယခုအချိန်တွင်မူ ခိုင်မာထိရောက်သော နောက်ဆက်တွဲလက်တွေ့လုပ်ငန်းများ ဆက်လက်လုပ်ဆောင်ပေးရန် လိုအပ်နေပြီ ဖြစ်သည်။
မြန်မာနိုင်ငံကိုယ်တိုင် ဖွဲ့စည်းထားသော စုံစမ်းစစ်ဆေးရေးကော်မရှင်မှ အကြံပြုချက်နှင့်အညီ ယခုအခါတွင် လုံလောက်သော နောက်ဆက်တွဲစုံစမ်းစစ်ဆေးမှုများကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ လုပ်ဆောင်ရန် လိုအပ်နေပြီဖြစ်ပါသည်။ ဤ ကြီးမားသော ချိုးဖောက်ကျူးလွန်မှုများအတွက် တာဝန်ရှိသူများကို တရားမျှတစွာ စီရင်နိုင်ရန် ယုံကြည်စိတ်ချရသော လက်တွေ့အရေးယူဆောင်ရွက်မှုများကို အထူးသဖြင့် မြန်မာနိုင်ငံ လုံခြုံရေးတပ်ဖွဲ့များက လုပ်ဆောင်ရမည်ဖြစ်ပါသည်။ လူ့အခွင့်အရေးချိုးဖောက်မှုများ ထပ်မံဖြစ်ပေါ်မှုမှ ကာကွယ်ရန်အတွက် မြန်မာ့တပ်မတော်အတွင်း အဖွဲ့အစည်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် အကြံပြုချက်များကိုလည်း ကျွန်ုပ်တို့က ကြိုဆိုပါသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် အမျိုးမျိုးသော ပဋိပက္ခများ၏ အခြေခံအကြောင်းတရားများအား ကိုင်တွယ်ဖြေရှင်းရန် မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်းမှုများကို ကူညီထောက်ပံ့ပေးရန်၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များကို အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရန်အတွက် ကူညီရန် ဥရောပသမဂ္ဂက အသင့်ရှိနေပါသည်။
သဘောထားထုတ်ပြန်ချက် PDF ကို မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာများဖြင့် ရယူရန်။
၎
င
၎
၎
၎
င
၎
၎
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.