21 January 2020
ဇန်နဝါရီလ ၂၁ ရက်၊ ၂၀၂၀ ခုနှစ်
သျှမ်းပြည်လူထုအပေါ် ဗမာအစိုးရတပ်မတော်က ဖြတ် ၄ ဖြတ်စီမံကိန်းဖြင့်နယ်မြေရှင်းလင်းရေး စစ်မျက်နှာဖွင့် လူ့အခွင့်အရေးချိုး ဖောက်ခဲ့သည့် ကိစ္စနှင့်ပတ်သက်ပြီး ကျွန်ုပ်တို့သျှမ်းလူမှု အဖွဲ့အစည်းများကအချက်အလက်များ စုဆောင်းကာ မှတ်တမ်းတင်ထားသည့် ဗွီဒီယိုမှတ်တမ်း ကိုတင်ဆက်ပြသခြင်းဖြစ်ပါသည်။
ပြီးခဲ့သည့် ၂၀၁၉ ဒီဇင်ဘာလ ၁၁ ရက်နေ့က လူမျိုးသုဉ်း သတ်ဖြတ်မှုနှင့်ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစု ကြည်သည် International Court of Justice (ICJ) တွင်တပ်မတော်ဘက်မှရပ်တည်ပြီး – “လူမျိုး သုဉ်းသတ်ဖြတ်တာမဟုတ်။ အ ကြမ်း ဖက်သမားများ သို့မဟုတ် သောင်းကျန်းသူ လက်နက်ကိုင်အဖွဲ့များကို တပ်မတော်က ရှင်းလင်းခြင်းဖြစ်သည် ” – ဟု ကာကွယ် ပြောဆိုထားသည်။
ယခုပြသသည့်ဗွီဒီယိုမှတ်တမ်းသည် ဗမာ့တပ်မတော်၏ နယ်မြေရှင်းလင်းရေး စီမံချက်အစစ်အမှန်အား ထင်ဟပ်ဖော်ပြထားခြင်းဖြစ် သည်။ ဗမာ့တပ်မတော်၏ ဖြတ် ၄ ဖြတ် စစ်ဆင်ရေး စီမံချက် ကြောင့် သျှမ်းပြည် လူထု သိန်းဂဏန်း ရပ်ရွာနေအိမ် လယ်ယာခြံမြေများကို စွန့်ခွာထွက်ပြေးရခြင်း၊ အဓမ္မ ပြုကျင့်ခံရခြင်း၊ သတ်ဖြတ်ခံရခြင်း များရှိခဲ့သည်။
ဗမာ့တပ်မတော်၏ ရက်စက်ကြမ်းကြုတ်သည့်လုပ်ရပ်များကြောင့် သျှမ်းပြည်တောင်ပိုင်း၊ အရှေ့ပိုင်း မြို့နယ် အချို့အပါအဝင် မြို့နယ် ၁၅ ခု၊ ရွာပေါင်း ၁၈၀၀ ကျော် လူဉီးရေ ၄၀၀၀၀၀ ထိခိုက်နစ်နာ ခဲ့ရသည်။ ထိုအနက် တပ်မတော်၏ ဖမ်းဆီး ရိုက်နှက်ခြင်း၊ ညှင်းပမ်း နှိပ်စက် ခြင်းများအားကိုယ်တိုင် ခံစားကြုံတွေ့ခဲ့ရ၊ မျက်မြင်ကြုံတွေ့ရသည့် ပုဂ္ဂိုလ်များ ၏ ရင်တွင်းစကားများ ဤဗွီဒီယို မှတ်တမ်းတွင် ပါရှိသည်။
၁၉၉၆ မှ ၁၉၉၈ ခုနှစ်ကာလတွင် သျှမ်းပြည်သူလူထု ၁၀၀၀ ကျော် ညှင်းပမ်းနှိပ်စက်သတ်ဖြတ်ခံကြ ရပြီး စစ်တမ်းကောက် ယူချက်အရ အမျိုးသမီး ၆၂၅ ဉီးသည် ဗမာစစ်သားများ၏ မုဒိန်းကျင့်သတ်ဖြတ် ခြင်းခံကြရသည်။ လွန်ခဲ့သည့်နှစ် ၂၀ ကျော်က ဗမာ့တပ်မတော်က နေရပ်မှ မောင်းထုတ်သဖြင့် ထိုင်းနယ်စပ်ဘက် ထွက်ပြေးခဲ့ရသည့် သျှမ်းကျေးလက်လူထုသိန်းဂဏန်းသည် ယနေ့တိုင် နေရပ်မပြန်နိုင် ကြ သေးဘဲ ရွှေ့ပြောင်း အလုပ်သမားဘ၀ဖြင့် ဝမ်းရေးအတွက် ရုန်းကန် နေရဆဲဖြစ်သည်။
ဗွီဒီယိုမှတ်တမ်းထုတ်လုပ်သူ ဒါရိုက်တာစိုင်းခွမ်ခိုင်းက – “သျှမ်းပြည်မှာ ဗမာစစ်တပ်ရဲ့ ရက်စက်မှုတွေကို ကမ္ဘာကသိရှိအောင်၊ သျှမ်းလူ ထုအနေနဲ့လဲ ဒီဗမာတပ်ရဲ့ကျူးလွန်မှုတွေကို အမြဲအောက်မေ့အောင်ဆိုတဲ့ ရည်ရွယ် ချက်နဲ့ထုတ်လုပ် လိုက်တာဖြစ်တယ်။ ပြစ်မှုကျူးလွန် တဲ့ ဗမာ့တပ်မတော် တာဝန်ရှိပုဂ္ဂိုလ်တွေကို ကမ္ဘာက ထိုက်တန်သည့် အရေးယူ မှုပြုလုပ်နိုင်အောင်၊ ရှေ့ဆက်လဲအမှား ထပ်မလုပ်မိအောင် – ဒီဗွီဒီယိုနဲ့ မီးမောင်းထိုး ပြလိုက်ခြင်းဖြစ်တယ်” – ဟု ပြောသည်။
မြန်မာစာတမ်းထိုးဖြင့် ဗွီဒီယိုမှတ်တမ်းကြည့်ရန်
ဆက်သွယ်ရန်
Sai Leng +66 86-188-9827
Nang Charm Tong +66 81-603-6655
Sai Hor Hseng +66 94-728-6696
သတင်းထုတ်ပြန်ချက်ကို မြန်မာဘာသာ၊ ရှမ်းဘာသာ၊ အင်္ဂလိပ်ဘာသာ များကို PDF ဖြင့်ရယူရန်။
၎
င
၎
၎
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.