ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ အစိုးရအား ဂမ်ဘီရာမှ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် တရားစွဲဆိုထားမှု နှင့် ဂမ်ဘီယာမှ တောင်းဆိုသည့် ကြားဖြတ်စီမံဆောင် ရွက်ချက် များအား ကြိုဆိုကြောင်း ပူးတွဲကြေငြာချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ အစိုးရအား ဂမ်ဘီရာမှ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် တရားစွဲဆိုထားမှု နှင့် ဂမ်ဘီယာမှ တောင်းဆိုသည့် ကြားဖြတ်စီမံဆောင် ရွက်ချက် များအား ကြိုဆိုကြောင်း ပူးတွဲကြေငြာချက်

 ဇန်နဝါရီ ၄၊ ၂၀၂၀

မြန်မာနိုင်ငံ၏ လူနည်းစုဝင် လူမျိုးစုတခုဖြစ်သော ရိုဟင်ဂျာများသည် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ ကိုယ်လက်အင်္ဂါများဖြတ်တောက်ခြင်း၊ အစုလိုက်အပြုံလိုက် လိင်အကြမ်းဖက်ခြင်း၊ အိုးအိမ်နှင့် ရွာများမီးရှို့ခြင်း၊ အိမ်ထောင်သားမွေးပြုခွင့်နှင့် လွတ်လပ်စွာသွားလာခွင့်များအား စနစ်တကျ ချိုးဖောက်ခြင်း တို့ကို သားစဉ်မြေးဆက်အလိုက် ခံစားခဲ့ကြရသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရသည် ရိုဟင်ဂျာများအပေါ်တွင် ထိတွေ့ဆက်ဆံရာတွင် ဂျီနိုဆိုက် ပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်သည်ဟု ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့မှ ၎င်း၏ ၂၀၁၈ ခုနှစ်တွင်တင်ပြသော အစီအရင်ခံစာတွင် ဂျီနိုဆိုက်ပြုလုပ်ရန် ရည်ရွယ်ချက်ရှိကြောင်း အညွန်းပြသင်္ကေတ ၇ ခု အပေါ်တွင် အခြေ၍ ဆင်ချင်သုံးသပ် ကောက်ချက်ချခဲ့သည်။

ဂျီနိုဆိုက်ကွန်ဗင်းရှင်း ကိုလက်မှတ်ရေးထိုးထားသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် ဂျီနိုဆိုက်ပြုလုပ်မှု ကျူးလွန်ပါက ဥပဒေအရတာဝန်ယူမှု တာဝန်ခံမှုရှိရပါသည်။ ဂျီနိုဆိုက်ကွန်ဗင်းရှင်း ကို လက်မှတ်ရေးထိုးထားသော နိုင်ငံတနိုင်ငံ အနေဖြင့် လိုအပ်သော ဥပဒေပြုမှုများ ပြုလုပ်ရန်လည်းကောင်း၊ ဂျီနိုဆိုက်ပြုလုပ်မှုအား ထိရောက်စွာ တားဆီး အရေးယူရန်လည်းကောင်း တာဝန်ဝတ္တရားရှိပါသည်။ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ ၏ အစီအရင်ခံစာတွင် မြန်မာနိုင်ငံသည် ဂျီနိုဆိုက်ပြုလုပ်ခြင်းမှ ရှောင်ကျဉ်ရန် ခံယူထားသောကတ္တိသစ္စာ အပါအဝင် အဆိုပါ တာဝန်ဝတ္တရားများကိုလိုက်နာခြင်းမှ ပျက်ကွက်ကြောင်း တင်ပြချက် ပါရှိပါသည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း အပိုဒ် ၁ ပါအချက်အရ လူသားတိုင်းသည် မွေးရာပါ လူ့အခွင့်အရေးနှင့် လူ့ဂုဏ်သိက္ခာကို ခံစားပိုင်ခွင့်ရှိသည်ဟု ကျွန်ုပ်တို့မှ ယုံကြည်သည်။ အစိုးရနှင့်အာဏာရအဖွဲ့အစည်းများမှ လူသားဖြစ်တည်မှုအား တားမြစ်ပိတ်ပင်သော မည်သည့် လူ့အခွင့်အရေးချိုးဖောက်မှု နှင့် ခွဲခြားဆက်ဆံခြင်းမျိုးကိုမဆို ကျွန်ုပ်တို့မှ ကန့်ကွက်ရှုံ့ချပါသည်။

ကျွန်ုပ်တို့သည် မြန်မာနိုင်ငံအား ကိုလိုနီအုပ်ချုပ်မှုအောက်မှ လွတ်မြောက်စေခဲ့သည့် လွတ်လပ်ရေးကြိုးပမ်းမှုကို တွန်းအားပေးခဲ့သော တရားမျှတခြင်း၊ လွတ်လပ်ခြင်း နှင့် ခွင့်တူညီမျှခြင်း ဟူသော လောကပါလတရားများကို ယုံကြည်ပါသည်။ မြန်မာနိုင်ငံအား ခေတ်သစ်အမျိုးသားနိုင်ငံအဖြစ် ဤလောကပါလတရားများကို အခြေပြုကာ တည်ထောင်ခဲ့ပြီး၊ populism နှင့် အာဏာရှင်စနစ်တို့၏ လက်အတွင်းမှ လွတ်မြောက်စေမည်မှာလည်း ဤလောကပါလတရားများပင်ဖြစ်သည်။ 

သို့ဖြစ်ပါ၍ ဒို့အရေးအဖွဲ့ နှင့် လူ့ဘောင်သစ်လူငယ်တို့မှ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ခွင့်တူညီမျှခြင်းတို့နှင့် တထပ်တည်းကျသော  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ အစိုးရအား ဂမ်ဘီရာမှ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် တရားစွဲဆိုထားမှု နှင့် ဂမ်ဘီယာမှ တောင်းဆိုသည့် ကြားဖြတ်စီမံဆောင် ရွက်ချက် များအား ကြိုဆိုပါသည်။

လက်မှတ်ထိုးသည့် အဖွဲ့အစည်းများ –

Burmese Rohingya Community in Denmark

Coexist Myanmar

Doa-A-Yae: Coalition for Civil Rights in Burma

Free Rohingya Coalition

Rohingya Human Rights Network

Rohingya Youth Association

Rohingya Youth for Legal Action (RYLA)

Youth for New Society

ပူးတွဲကြေငြာချက်ကိုရယူရန်။

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia