ဒေသခံကျေးရွာလူငယ်တစ်ဦးအားလက်နက်ဖြင့်ခြိမ်းခြောက်၍ကိုယ်ထိလက်ရောက်စော်ကားမှုအပေါ် သဘောထားထုတ်ပြန်ချက်

29 December 2019

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့နယ်၊ ဖိုင်လင်းကျေးရွာတွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့ ညနေ ၂နာရီခန့်တွင်ဖိုင်လင်းကျေးရွာနေမောင်ထန်ခန့်လဲလ်သည် ၎င်း၏သူငယ်ချင်းနှင့်ဖိုင်လင်းကျေးရွာ အောက်ကျင်းဆိုင်သို့အသွား ရုတ်တရက်ဆိုင်ကယ် စီးနှင်းလာသူနှင့်တိုက်လုနီးပါးဖြစ်ရာ လူငယ်မှ (ဆောရီး)ဟု လက်မြောက်ကာတောင်းပန် သော်လည်း “ငါ့ကိုဘာမှတ်လဲ ငါက ကသည်းလက်နက်ကိုင်တွေ ဖြစ်တယ်” ဆိုပြီးအသင့်ပါလာသည့်ပစ်စတိုသေနတ်ကို မောင်းတင်ပြီးချိန်ရွယ် နေစဉ်နောက်တစ်ဦးမှ ကိုယ်ထိလက်ရောက် ပါးရိုက်၍ “ငါဖုန်းခေါ်လိုက်ရင် အထက်လူကြီးတွေဆီ ရောက်သွားမည်မင်းဘာဖြစ်ချင်လဲ” ဆိုပြီးလက်နက်အားကိုးဖြင့် အနိုင်ကျင့်စော်ကားပြီးအောင်ဇေယျကျေးရွာဘက်သို့ ဆိုင်ကယ်ဖြင့်ထွက်သွားပါသည်။

ထို့စဉ် ဖိုင်လင်း ကျေးရွာအုပ်ချူပ်ရေးမှုုးမှ အောင်ဇေယျ တပ်စခန်းကို အကြောင်းကြားသောကြောင့် တပ်ခွဲမှုုုးမှ ၎င်းကသည်းလက်နက်ကိုင် ၃ဦးကိုတားမြစ်ထားပြီး ကျေးရွာဥက္ကဌနှင့် လူငယ် မောင်ထန်ခန့်လဲလ်နှင့် မျက်မြင်သက်သေအဖြင့် မောင်ပေါင်ဂင်းလဲလ်တို့ရောက်ရှိသွားကာညှိနှိုင်းဖြေရှင်းကြရာ တပ်ခွဲမှုုးမှဒီလူတွေကိုငါမသိဘူးဟုလည်းပြောဆိုခဲ့သည်။ ထိုခါ ကသည်းသုံးဦးမှ ကြေအေးပေးဖို့တောင်းဆိုလာပါသည်ကို အားငယ်ကြောက်ရွံ့နေသည့် ထိုလူငယ်မှ ငွေကြေးအနည်းငယ်ဖြင့် ကြေအေးပေးလိုက်ရသည်ကိုတွေ့ရသည်။

ထို့ပြင် မြို့သစ်မြို့နယ်အုပ်ချုပ်ရေးမှုုုးမှ ၎င်းအဖြစ်အပျက်သည် လက်နက်ကိုင်အချင်းချင်းအကြား ဖြစ်ပျက်သည့် ကိစ္စရပ်သာဖြစ်သည်ဟု ဖိုင်လင်းကျေးရွာအုပ်ချုပ်ရေးမှုုးထံ မဟုတ်မမှန်စွပ်စွဲပြောဆိုနေသည် ကိုလည်းကြားသိရပါသည်။

ဤဖြစ်စဉ်များကို ကြည့်ခြင်းအားဖြင့် မိမိတို့ဒေသအတွင်းပြည်သူများသည် လှုံခြုံမှုမရှိခြင်း၊ တိုင်းတပါးလက်နက်ကိုင်များသည် မိမိတို့ဒေသတွင် နိုင်ငံတော်မှချမှတ်ထားသောဥပဒေဘောင်နှင့်မညီ လှုပ်ရှားသွားလာခြင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများမှ ထိရောက်စွာအရေးယူဆောင်ရွက်ပေးမှုမရှိသည်ကို မြင်တွေ့နေရပါသည်။ သို့ဖြစ်ပါ၍ မိမိတို့ဒေသ လှုံခြူံရေးနှင့် လူ့အခွင့်ရေး ချိုးဖောက်မှုများကို ခံစားနေရသည့် ပြည်သူများအပေါ်အစိုးရတစ်ရပ်အနေဖြင့် အကာကွယ်ပေးမှုမရှိပဲ တိုင်းတပါးလက်နက်ကိုင်များကိုသာ အကာကွယ်ပေးနေသည်ဟု ယူဆပါသည်။

သို့ဖြစ်ပါ၍ ဤဖြစ်စဉ်အရ မိမိတို့်မြန်မာနိုင်ငံအတွင်း တိုင်းတပါးလက်နက်ကိုင်များကို လွတ်လပ်စွာ နေထိုင်သွားလာခွင့်ပြုခြင်းသည် သေခံပြည်သူများအား မည်သို့သော လှုံခြုံမှု၊အကာကွယ်ပေးနိုင်မည်နည်းဟူသည့် မေးခွန်းထုတ်စရာဖြစ်လာပါသည်။ ထိုသို့ ဒေသလုံခြုံရေးတာဝန်ရှိသူများမှ အမည်မသိသူကို လက်နက်ဖြင့် လက်ပူးလက်ကျ မိနေပေမဲ့ အရေးယူမှုမရှိခြင်း၊ နယ်မြေအုပ်ချုပ်သူတာဝန်ရှိပုဂ္ဂိုလ်များမှလည်း အခြေအမြစ်မရှိသည့် လက်လွတ်စဖွယ်ပြောဆိုမှုများသည် ဒေသတွင်း အတူယှဉ်တွဲနေထိုင်မှုနှင့် ငြိမ်းချမ်းရေးကိုထိခိုက်စေသည့်အတွက် မိမိတို့မှ ပြင်းထန်စွာကန့်ကွက်ရှုံ့ချပါသည်။

ထို့ကြောင့် အစိုးရအနေဖြင့် မိမိတို့ဒေသခံပြည်သူများအပေါ် တိုင်းတပါးလက်နက်ကိုင်များမှ ဤကဲ့သို့ပြုမူဆက်ဆံခြင်းများ နောက်နှောင်ထပ်မံမဖြစ်ပွားစေရေး ထိရောက်စွာအရေးယူပေးနိုင်ရန် မိမိတို့ ကူကီးလူငယ်ကွန်ရက်မှ ဤသဘောထား ထုတ်ပြန်ချက်အား အလေးအနက်ထုတ်ပြန်ကြေညာလိုက်ပါသည်။

ကူကီးလူငယ်ကွန်ရက် (KYN)

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia