အပြောလျှော့ပြီး အလုပ်ပိုလုပ်ပါ

09 December 2019

ယခုအစီရင်ခံစာသည် အာရှဒေသ အမျိုးသားလူ့အခွင့်အရေးဌာနများ ဖွဲ့စည်းတည်ထောင်ခြင်းနှင့် စွမ်းဆောင်ရ ည်များအပေါ်သုံးသပ်တင်ပြထားသည့် အာရှဒေသ အမျိုးသားလူ့အခွင့်အရေးဌာနများဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ ကွန်ရက် (Asian NGO Network on National Human Rights Institutions – ANNI) ၏ ၂၀၁၉ ခုနှစ် အစီရင်ခံစာမှ မြန်မာနိုင်ငံနှင့်ပတ်သက်သောအခန်းဖြစ်သည်။

ANNI ကို ၂၀၀၆ ခုနှစ် ဒီဇင်ဘာလတွင် တည်ထောင်ခဲ့ပါသည်။ ၎င်းသည် အမျိုးသားလူ့အခွင့်အရေးဌာနများ ဆိုင်ရာကိစ္စရပ်များကို လုပ်ဆောင်နေသော အာရှဒေသ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက် မြှင့်တင်နေသည့်အဖွဲ့အစည်းများ၏ ကွန်ရက်တစ်ခုဖြစ်သည်။ ANNI တွင် အာရှဒေသ တစ်ဝှမ်းရှိ နိုင်ငံများမှ အဖွဲ့အစည်းများ အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး ယခုလက်ရှိ နိုင်ငံ သို့မဟုတ် ဒေသပေါင်း ၂၁ ခုမှ အဖွဲ့ဝင် အဖွဲ့အစည်း ၃၀ ကျော် ရှိပါသည်။ ANNI သည် အာရှဒေသ အမျိုးသားလူ့အခွင့်အရေးဌာနများ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ခြင်းနှင့် မြှင့်တင်ခြင်းတို့ကို ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်စေရန်အတွက် ၎င်းတို့၏ လုပ်ငန်း လုပ်ဆောင်မှုနှင့် လည်ပတ်မှုတို့ အားကောင်းလာစေရန် အားပေးမြှင့်တင်ခြင်းနှင့် လူ့အခွင့်အရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ပါရီအခြေခံမူများနှင့် ကမ္ဘာလုံးဆိုင်ရာ အမျိုးသားလူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့ – အရည်အသွေး သတ်မှတ်ရေး ဆပ်ကော်မတီ (Global Alliance of National Human Rights Institution Sub – Committee on Accreditation – GANHRI-SCA) ၏ အထွေထွေသုံးသပ်လေ့လာချက်များ အပါအဝင် နိုင်ငံတကာစံချိန် စံနှုန်းများနှင့် ကိုက်ညီမှုရှိရှိ လိုက်နာ ဆောင်ရွက်လာစေရန် စည်းရုံးလှုံ့ဆော်မှုများ လုပ်ဆောင်ခြင်းတို့ကို အဓိကထား လုပ်ဆောင်ပါသည်။

အစီရင်ခံစာအပြည့်အစုံ ရယူရန်။
မြန်မာEnglish

Announcements

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia