မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက် သတင်းထုတ်ပြန်ချက်အမှတ် ( ၆ / ၂၀၁၉)

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက် သတင်းထုတ်ပြန်ချက်အမှတ် ( ၆ / ၂၀၁၉)

လူမျိုးပြုန်းတီးစေမှု (Genocide) သည် ကုလသမဂ္ဂ၏ အနှစ်သာရနှင့် ရည်မှန်းချက်တို့မှ သွေဖီကြောင်း  ယုံကြည်သည့် အားလျော်စွာ မြန်မာနိုင်ငံသည် လူမျိုးပြုန်းတီးစေမှု တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေး အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်ကို ကုလသမဂ္ဂ အထွေထွေ ညီလာခံက အတည်ပြုပြဋ္ဌာန်းပြီး တစ်နှစ်ခန့်အကြာတွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပါသည်။ အတည်ပြုချုပ်ဆိုရန် အတွက် သက်ဆိုင်ရာဝန်ကြီးက ပါလီမန်သို့ တင်သွင်းစဉ် လူမျိုးပြုန်းတီးစေမှု တားဆီးရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ ရပ်တည်ချက်ကို ရှင်းလင်းတင်ပြပြီး ပါလီမန်၏ အတည်ပြုချက်ကိုရယူခဲ့ကြောင်း၊ လက်ရှိအချိန်အထိလည်း မြန်မာနိုင်ငံအနေဖြင့် စာချုပ်ဝင်နိုင်ငံ အဖြစ် ပါဝင်ခဲ့စဉ်က ရပ်တည်ချက်အတိုင်း လိုက်နာဆောင်ရွက်လျက်ရှိသည်ကို နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိပါသည်။ ထို့ပြင် နိုင်ငံတော်သမ္မတရုံးက နိုင်ငံတကာ ရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာကိစ္စများကို ဖြေရှင်းဆောင်ရွက်နိုင်ရန်၊ လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ဥပဒေကြောင်းအရ အကြံပြု နိုင်ရန်အတွက် နိုင်ငံတကာရာဇဝတ်မှုတရားစီရင်ရေးဆိုင်ရာအထူးအဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ် ကြောင်း သိရှိရပါသည်။

ကုလသမဂ္ဂ၌ အဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံရှိသည့် အနက် ၅၈ နိုင်ငံမြောက် အဖွဲ့ဝင် ဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ၏တရားရေးဆိုင်ရာပင်မအဖွဲ့ ဖြစ်သည့် အပြည်ပြည် ဆိုင်ရာတရားရုံးသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်ထောင်စုဝန်ကြီး၊  နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ သွားရောက်ကာ နိုင်ငံတော်အစိုးရအနေဖြင့် မည်သည့် နိုင်ငံ၊ မည်သည့် လူမျိုးကိုဖြစ်စေ၊ မည်သည့်ဘာသာကိုဖြစ်စေ၊ မည်သည့် လူ့အစုအဖွဲ့ကိုဖြစ်စေ တိုက်ရိုက် သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ထိခိုက်နစ်နာစေခြင်း၊ တိုက်ခိုက်ခြင်း၊ အလျဉ်း မပြုလုပ်ဘဲ ဤပကတိအရှိတရားနှင့် သန္နိဋ္ဌာန်ကို ကမ္ဘာကသိရှိနားလည်စေရေးအတွက် ကြိုးပမ်းဆောင်ရွက် မည်ဖြစ်ကြောင်း သိရှိရပါသည်။

ယင်းကဲ့သို့ ကုလသမဂ္ဂ အဖွဲ့ဝင်ကောင်း ပီသစွာ ဆောင်ရွက်ခြင်းကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က လှိုက်လှဲစွာ ထောက်ခံပါကြောင်းနှင့် အောင်မြင်ပါစေကြောင်း ဆန္ဒပြု အပ်ပါ သည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia