27 November 2019
ကျေးဇူးတင်လွှာ
ယခုသုတေသနစီမံချက်သည် နိုင်ငံခြားရေးဝန်ကြီးဌာန(ချက်ပြည်သူ့သမ္မတနိုင်ငံ) နှင့်မြန်မာပြည် ရန်ကုန်မြို့ရှိ ချက်ပြည်သူ့သမ္မတနိုင်ငံ သံရုံး၏ကူညီထောက်ပံ့မှုဖြင့် ဖြစ်ပေါ်လာခဲ့ပါသည်။ တွေ့ဆုံမေးမြန်းမှုများ၊ အချက်အလက်ကောက်ခံမှု၊ အချက်အလက်စိစစ်မှု၊ အစီရင်ခံစာရေးသားမှုများကို ဆောင်ရွက်ခဲ့သော နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ) သုတေသနအဖွဲ့နှင့် အစီရင်ခံစာကို အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ပြန်ဆိုပေးခဲ့သော ကိုတင်မောင်ထွေး တို့အား မိမိတို့ အနေဖြင့် ကျေးဇူးအထူးတင်ရှိပါသည်။
ယခုအစီရင်ခံစာသည် မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသားများ၏ အတွေ့အကြုံများကို သုံးသပ်တင်ပြထားသည့် အစီရင်ခံစာတစောင်ဖြစ်ပါသည်။ ၂၀၁၃ ခုနှစ် နိုဝင်ဘာလမှစတင်ပြီး (အေအေပီပီ) အဖွဲ့သည် စစ်အစိုးရအာဏာရှင်လက်ထက်အတွင်း နိုင်ငံရေးအကျဉ်းသားများ ရင်ဆိုင်ကြုံတွေ့ခဲ့ရမှုများကို စာရင်းသွင်းအထောက်အထားပြု သိမ်းထားနိုင်ရန် နိုင်ငံအနှံ့ အကျဉ်းထောင်များမှ နိုင်ငံရေးအကျဉ်းသားများ၏ ကိုယ်ရေးအချက်အလက်များကို ကောက်ယူထိန်းသိမ်းခြင်း၊ ဖမ်းဆီးချုပ်နှောင်ခံရမှု၊ အကျဉ်းကျမှုဖြစ်စဉ်သမိုင်း၊ လှုပ်ရှားမှုများ၊ အတွေ့အကြုံများကို အသေးစိတ်စာရင်းပြုစုခြင်းများပြုလုပ်ခဲ့သည်။ နိုင်ငံအနှံ့အကျဉ်းထောင်ျား၊ စစ်တပ်စောကြောရေးစခန်းများ၊ ရဲစခန်းများတွင် ဆောင်ရွက်ခံသော ညှဉ်းပန်းနှိပ်စက်မှုများကို အသေးစိတ်တင်ပြထားပါသည်။ ထို့အပြင် (အေအေပီပီ) သည် ၂၀၁၅ ခုနှစ်မှ စတင်ပြီး နှိပ်စက်ညှဉ်းပန်းခံရသူတို့ကို ချက်ပြည်သူ့သမ္မတနိုင်ငံ၏ အထောက်အပံ့ဖြင့် အကူအညီများပေးပို့ဆောင်ရွက်လျက်ရှိပါသည်။ အေအေပီပီအနေဖြင့် ယခုလိုနိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးစီ၏ အတွေ့အကြုံများကို စုစည်းမှတ်တမ်းတင်ပြြခင်းဖြင့် ထိုသူတို့၏ ဒီမိုကရေစီရရှိရန် အတွေ့အကြုံများနှင့် ရင်းနှီးပေးဆပ်ခဲ့မှုများကို နောင်မျိုးဆက်များအတွက် ထိန်းသိမ်းမှတ်တမ်းတင်ထားစေလိုသော အဓိကရည်ရွယ်ချက်ဖြစ်ပါသည်။
ဆက်သွယ်မေးမြန်းနိုင်ရန်
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
တိတ်နိုင် အတွင်းရေးမှူး +၉၅(၀)၉၄၂၈ ၀၂၃ ၈၂၈
ဘိုကြည် တွဲဘက်အတွင်းရေးမှူး +၆၆(၀) ၈၁၉၆၂၈ ၇၁၃
၎
င
၎
၎
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.