15 November 2019
လက်လှမ်းမမှီနိုင်သေးသော အမှန်တရားများ – မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် တာဝန်ယူမှုတာဝန်ခံမှုအပေါ် ဒေသခံများ၏ အမြင်သဘောထားများ
ယနေ့တွင် ကရင်လူ့အခွင့်အရေးအဖွဲ့မှ“လက်လှမ်းမမှီနိုင်သေးသော အမှန်တရားများ – မြန်မာပြည်အရှေ့ တောင်ပိုင်းရှိငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် တာဝန်ယူမှုတာဝန်ခံမှုအပေါ် ဒေသခံများ၏အမြင်သဘောထားများ” အမည်ရှိ အစီရင်ခံစာအသစ် ထုတ်ပြန်ခြင်းမိတ်ဆက်ပွဲအား ရန်ကုန်မြို့၊ Myanmar Press Freedom Center တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။ ဤအစီရင်ခံစာတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် တရားမျှတမှုလက်လှမ်းမမှီနိုင်မှု အပေါ် ဒေသခံရွာသား(၉၅)ဦးတို့၏အမြင်သဘောထားများကို တင်ပြထားပါသည်၊၊
ထို့အပြင် အတိတ်ကာလမှ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် မြန်မာပြည်အရှေ့တောင်းပိုင်တွင် ယခုလက်ရှိ လူ့အခွင့်အရေးအခြေအနေများကို လေ့လာဆန်းစစ်ခြင်းဖြင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုနှင့် ပတ်သက်သည့် စိန်ခေါ်မှုပြဿနာများကိုလည်း ခြုံငုံသုံးသပ်တင်ပြထားပါသည်။
ဆယ်စုနှစ်ပေါင်းများစွာ လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားပြီးနောက် ၂၀၁၅ခုနှစ်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူညီမှုစာချုပ် (NCA)အား လက်မှတ်ရေးထိုးခြင်းဖြင့် အပေါင်းလက္ခဏာဆောင်သည့် အပြောင်းအလဲ အချို့ဖြစ်ပေါ်စေခဲ့သော်လည်း အတိက်ကာလမှ လူ့အခွင့်အရေး ချိုးဖောက်မှုများသည် ဒေသခံ များ၏နေ့စဉ်ဘဝအား အမှန်တကယ်ပင် သက်ရောက်မှုများ ဆက်လက် တည်ရှိနေပါသည်၊၊ ထို့အပြင် ချိုး ဖောက်မှုပုံစံအသစ်များသည်လည်း ဒေသခံပြည်သူလူထုများ၏အကျိုးစီးပွားကိုပါ ထပ်လောင်းထိခိုက်မှုများ ရှိစေပါသည်။ ယခုအခါတွင် ရှေ့ဆက်ရန်ခက်ခဲနေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် မြန်မာပြည်အရှေ့ တောင်းပိုင်ရှိ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အသစ်ပေါ်ထွက်လာသည့် ချိုးဖောက်မှုများအပေါ် မည်သည့် အတိုင်းအတာထိ ဖြေရှင်းပေးနိုင်မည်ကို ရှင်းလင်းစွာ မသိရသေးပေ။
ရွာသားအများစုက ၎င်းတို့သည်ယခင်ထက်စာလျှင် ပိုမိုလုံခြုံသည်ဟုခံစားရသော်လည်း လူ့အခွင့်အရေးဆိုင်ရာ ပြဿာနာများသည် ဆက်လက်တည်နေကြောင်း တင်ပြကြပါသည်၊၊ ယခင်လူ့အခွင့် အရေးချိုးဖောက်မှု ပုံစံများဖြစ်သည့် တရားလက်လွတ်သတ်ဖြတ်မှုများ၊ လိင်ပိုင်းဆိုင်ရာနှင့် ကျားမအခြေပြုအကြမ်းဖက်မှုများ၊ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ အတင်းအဓမ္မစေခိုင်းခံရမှုများနှင့် လုယက်မှုများသည် ဆက်လက်ဖြစ်ပွား လျှက်ရှိနေပါသည်။ ထို့အပြင် တာဝန်ရှိအာဏာပိုင်များနှင့် ပုဂ္ဂိုလိကကုမ္ပဏီများသည် မြေယာနှင့်သဘာဝ သယံဇာတများဆိုင်ရာ အကျိုးခံစားခွင့်နှင့်ပတ်သက်၍ ဒေသခံကရင်လူထုများ၏အခွင့်အရေးများအပေါ် ထည့် သွင်းစဉ်းစားခြင်းများ လုံးဝမရှိပေ။ ဒေသအတွင်း တပ်မတော်၏စစ်ဖက်ဆိုင်ရာ တိုးချဲ့လုပ်ဆောင်မှုများနှင့် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်တွင် ထားရှိသည့် ဒေသခံလူထုများ ၏ယုံကြည်မှုများအား လျော့နည်းစေပါသည်။
ပစ်ခတ်ရပ်စဲရေးမတိုင်မှီကာလအတွင်း ရွာသားများမှာ လက်နက်ကိုင်တပ်ဖွဲ့ဝင်များအား ကြောက်ရွံ့ခြင်း၊ တရား စီရင်ရေးစနစ်တွင် လွတ်လပ်မှုနှင့်တရားဥပဒေစိုးမိုးမှုမရှိခြင်းနှင့် တပ်မတော်၏ လူ့အခွင့်အရေးချိုးဖောက်မှုများ အား အရပ်သားတရားရုံးများတွင်စီရင်၍မရခြင်း စသည်တို့ကြောင့် ၎င်းတို့သည် တရားမျှတမှုရရှိရန်အတွက် အခက်အခဲတားဆီးမှုများရှိခဲ့သည်ကို ဒေသခံအများစုက တင်ပြခဲ့ပါသည်။ ယခုလက်ရှိ ပစ်ခတ်ရပ်စဲရေးကာလ အတွင်း ရွာသားများသည်လည်း တရားမျှတမှုအား လက်လှမ်းမှီနိုင်ရန် အတားအဆီးများစွာ ရှိနေပါသည်။ အဘယ်ကြောင့်ဆိုသော် အပြိုင်တည်ရှိနေသော တရားစီရင်ရေးစနစ်များသည် ထပ်တူညီမှုများမရှိခြင်း၊ တရား စီရင်ရေး အရင်းအမြစ်များလုံလောက်မှုမရှိခြင်းနှင့် တရားရေးတွင် လာဘ်စားမှုများ ရှိနေခြင်းတို့ကြောင့်ဖြစ် သည်။
ကရင်လူ့အခွင့်အရေးအဖွဲ့၏အဖွဲ့အစည်းညွန်ကြားရေးမှူး နော်ထူးထူးမှ ဤကဲ့သို့မီးမောင်းထိုးပြခဲ့သည်။ “လူ့အ ခွင့်အရေး ချိုးဖောက်မှုခံစားနေရတဲ့သူတွေဟာ တရားမျှတမှုလက်လှမ်းမှီနိုင်ရန်အတွက် လုပ်ဆောင်ပေးတာ တွေ အနည်းငယ်ဘဲရှိသေးတယ်။ အတိတ်က လူ့အခွင့်အရေးချိုးဖောက်မှုကျုးလွန်သူများကို ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ဖို့အတွက် လွတ်လပ်မျှတပြီးဘက်လိုက်မှုကင်းတဲ့ တရားစီရင်ရေးစနစ်ကို ကျင့်သုံးခြင်း မရှိဘူးဆိုရင် မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ရှေ့ဆက်လုပ်ဆောင်ဖို့ အင်မတန် ခက်ခဲသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ကရင်အမျိုးသားအစည်းအရုံးနှင့် မြန်မာအစိုးရတို့ကျင့်သုံးနေတဲ့ တရားစီရင် ရေးစနစ်ဟာ လက်ရှိလူ့အခွင့်အရေးချိုးဖောက်မှုခံစားနေရသူများကို တရားမျှတမှုရရှိဖို့အတွက် ကျေနပ်နိုင် လောက်သည့် နည်းလမ်းနဲ့လိုအပ်တဲ့တာဝန်ယူမှု၊ တာဝန်ခံမှုများရှိရပါမယ်။”
ဤအစီရင်ခံစာမှ နိုင်ငံတွင်းနှင့်နိုင်ငံတကာရှိ ပါဝင်ပတ်သက်သူများသည် လူ့အခွင့်အရေးနှင့်တရားမျှတမှု လက် လှမ်းမှီရရှိမှုအခြေအနေနှင့် စပ်လျဉ်း၍ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ရွာသားများကြုံတွေ့ခံစားရသည့် အခက် ခဲအတားအဆီးများကို ပိုမိုသိရှိနားလည်လိမ့်မည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့မှ မျှော်လင့်ပါသည်။ ကရင်လူ့အ ခွင့်အရေးအဖွဲ့၏ အကြုံပြုချက်များတွင် မြန်မာအစိုးရသည် အတိတ်မှချိုးဖောက်မှုများ၊ ယခုလက်ရှိဖြစ်ပွား နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အနာဂတ်တွင် ဖြစ်ပွားမည့်လူ့အခွင့်အရေး ချိုးဖောက်မှုများအ တွက် တာဝန်ယူမှု၊ တာဝန်ခံမှုပိုမို၍ရှိစေရန်အတွက် အဓိပါ္ပယ်ရှိသည့်် အရေးယူဆောင်ရွက်မှုများ ပြုလုပ်သင့် ပါသည်။
အစီရင်ခံစာအပြည့်အစုံဖတ်ရန်
အသေးစိတ် သိရှိလိုပါက ဆက်သွယ်ရန်-
စောနန္ဒဆူး – [email protected] (+95 9 776753790)
နော်ထူးထူး – [email protected] (+95 9 774270479)
၎
င
၎
၎
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.