09 October 2019
(ပလက်ဝမြို့ – ၀၉၊ ၁၀၊ ၂၀၁၉)
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်မှာ တစ်လအတွင်း ကိုယ်ဝန်ဆောင်မိခင် တစ်ဦးအပါအဝင် လူ(၅)ဦးထပ်မံ အစအနပျောက်ဆုံးနေလျှက်ရှိကြောင်း ဒေသခံတဦးက ချင်းလူ့အခွင့်အရေးအဖွဲ့ထံ သတင်းပေးပို့ ပါသည်။
၀၅၊ ၁၀၊ ၂၀၁၉ ရက်နေ့တွင် သာယာကုန်းကျေးရွာနေ ဦးကူးဟွေးသည် တောင်ယာသွားနေစဉ် အချိန်မှီအိမ် ပြန်မရောက်သည့်အတွက် ဇနီးဖြစ်သူ ဒေါ်သန္ဒာဦးက တောင်ယာသို့ သွားရောက်ရှာဖွေရာမှ ဇနီးဖြစ်သူကိုပါ ထပ်မံပျောက်ဆုံးသွားကြောင်း ထိုဒေသခံမှ ဆိုသည်။
“တောင်ယာက ရွာကနေသိပ်မဝေးဘူး။ တစ်နာရီကျော်ကျော်လောက်ဘဲ သွားရတယ်။ အဲဒီနေ့မှာ ဦးကူးဟွေးက နောက်နေ့ တနင်္ဂနွေနေ့အတွက်ဆိုပြီး တောင်ယာမှာ ဟင်းသီးဟင်းရွက် သွားခူးဒါ။ ပြန်မရောက်တဲ့အတွက် ဇနီးဖြစ်သူက စိတ်ပူတဲ့အတွက် တောင်ယာမှာ သွားရောက်ရှာဖွေခဲ့တာ သူမ ပါ တပါတည်း နှစ်ယောက်စလုံး ပျောက်ဆုံးနေကြ တယ်” ဟု ထိုသူက ဆက်လက်ပြောဆိုပါသည်။
ဦးကူးဟွေး (အသက်-၂၃)နှင့် ဒေါ်သန္ဒာဦး (အသက်-၂၅)တို့သည် ဆတ်တလိုင်ဝကျေးရွာမှ သာယာကုန်းကျေး ရွာသို့ပြောင်းရွေ့နေထိုင်သူများဖြစ်ကြပြီး ဇနီးဖြစ်သူမှာ ပထမဦးဆုံးအကြိမ်အဖြစ် ၆ လသား ကိုယ်ဝန်ကိုယ်ဝန်ကို ဆောင်ထားလျက်ရှိကြောင်း၊ သာယာကုန်းရွာသားများက ၀၇၊ ၁၀၊ ၂၀၁၉ရက်နေ့တွင် သူတို့ပျောက်ဆုံးတဲ့နေရာ တဝိုက် တနေကုန် လိုက်လံရှာဖွေခဲ့ကြသော်လည်း ဘာမှအစအနမတွေ့ရှိဘဲ ပြန်လာခဲ့ကြကြောင်း သူက ဆက်ပြောကြားသည်။
သာယာကုန်းကျေးရွာသည် မြန်မာတပ်မတော်ရဲ့ စစ်ဗျူဟာစခန်းရှိတဲ့ ခမောက်ဝကျေးရွာမှ (၄)မိုင်ခန့်သာ ကွာဝေးသလို AA လက်နက်ကိုင်အဖွဲ့ လူပ်ရှားသွားလာနေသည့် ဆတ်တလိုင်ဝကျေးရွာမှ (၅)မိုင်လောက်သာ ဝေးကွာနေပြီး မည်သူ့လက်ချက်ဖြင့် ဦးကူးဟွေးတို့လင်မယား ပျောက်ဆုံးနေရသည်ကိုမူ ယခုအချိန် အထိ အတိအကျမသိရသေးကြောင်း သိရပါသည်။
အလားတူစွာ ၁၀၊ ၀၉၊ ၂၀၁၉ရက်နေ့တွင် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် ဝန်ချောင်းဝကျေးရွာမှ ရွာသား(၃)ဦးတို့သည် ရခိုင်ပြည်နယ် ဆန်အိုးကျေးရွာသို့ ဆန်၊ ဆီ၊ ဆား စသည့်စားနပ်ရိက္ခာများ သွားရောက်ဝယ်ယူပြီး အပြန် ၁၄၊ ၀၉၊ ၂၀၁၉ရက်နေ့တွင် စက်လှေတစ်စီးနဲ့အတူ ယနေ့အချိန်အထိ အစအနပျောက်ဆုံးနေလျှက်ရှိကြောင်း ဒေသခံတဦး၏ သတင်းပေးပို့ချက်အရ သိရှိရပါသည်။
အစအနပျောက်ဆုံးနေသော ဝန်ချောင်းဝကျေးရွာသားများမှာ ဦးလှခိုင် (အသက်-၂၃)၊ မောင်မောင်ရှေ (အသက်-၃၂) နှင့် မောင်ပူးရှေ (ခ) မောင်ဆော (အသက်-၄၀) တို့ဖြစ်ကြကြောင်း နှင့် ယခုလိုပျောက်ဆုံးနေ သည့်အကြောင်းယင်းမှာ ဘယ်သူ့လက်ချက်ဖြစ်သည်ကိုမူ အတိအကျမသိရပေမဲ့ အဲဒီဒေသတဝှက်မှာ မြန်မာ တပ်မတော်နှင့် ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ လှုပ်ရှားသွားလာသည့်နေရာဖြစ်နေကြောင်း ထိုသူက ဆက်ဆိုသည်။
ယနေ့အချိန်အထိ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝြမို့နယ်အတွင်း ယခုဖြစ်စဉ်အပါအဝင် အစအနပျောက်ဆုံးနေ သူစုစုပေါင်း (၁၅)ဦးရှိပြီး ဤကိစ္စအတွက် မြန်မာ့ တပ်မတော်နှင့် ရခိုင်လက်နက်ကိုင် AA တို့ နှစ်ဖွဲ့စလုံးက သူတို့၏လက်ချက်မဟုတ်ကြောင်း ငြင်းဆိုကြသည်။
၎
င
၎
၎
၎
င
၎
၎
04 April 2025
31 March 2025
30 March 2025
17 March 2025
17 March 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.