11 September 2019
ရန်ကုန်မြို့တွင် ကရင်အာဇာနည်နေ့အခမ်းအနားအား ဦးဆောင်ကျင်းပသူ နော်အုန်းလှနှင့် အခြားသူနှစ်ဦး တို့အပေါ် အစိုးမှတရားစွဲဆိုမှုအား ချက်ချင်းရုပ်သိမ်းပေးရန် ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် မှ တောင်းဆိုလိုက်သည်။
အစိုးရမှ အစီအစဉ်ဦးဆောင်သူများအား ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဥပဒေအရ တရားစွဲဆိုခြင်းသည် တိုင်းပြည်အတွင်း လွတ်လပ်စွာဆန္ဒဖော်ထုတ်ခွင့်မရှိကြောင်းကို မီးမောင်းထိုးနေခြင်းဖြစ်သည်။ ထို့ကြောင့် ငြိမ်းစုစီဥပဒေကဲ့သို့ ပြည်သူလူထု၏ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ပိုင်ခွင့်အပေါ် ဖိနှိပ်သော ဥပဒေများကို ပယ်ဖျက်ရန် အစိုးရအားတောင်းဆိုလိုက်ပါသည်။
ကရင်အာဇာနည်နေ့အစီအစဉ်ဦးဆောင်ခဲ့သူများအပေါ် တရားစွဲဆိုထားမှုအား ရုတ်သိမ်းပေးခြင်းနှင့် လွတ် လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကို ကန့်သတ်သောငြိမ်းစုစီ အစရှိသောဥပဒေများအား ရုတ်သိမ်းပေးခြင်းသည် မြန်မာနိုင်ငံအစိုးရ၏ လုပ်ပိုင်ခွင့်အာဏာထဲတွင် ရှိသည်။ ထို့ကြောင့် တရားစွဲဆိုထားမှုနှင့် ငြိမ်းစုစီ အစရှိ သောဥပဒေများကို ရုတ်သိမ်းပေးရန် ကျွန်ုပ်တို့က တိုက်တွန်းလိုက်သည်။
အာဇာနည်နေ့ဟူသော အသုံးအနှုန်းအပေါ် ပိတ်ပင်ခြင်းက မြန်မာနိုင်ငံသည် လူမျိုးဘာသာမတူကွဲပြား သော တိုင်းရင်းသားလူမျိုးများနေထိုင်ရာတိုင်းပြည်နှင့် မတူညီသောတိုင်းရင်းသားလူမျိုးတခုချင်းစီတွင် မတူ ညီသော ဓလေ့ထုံးတမ်းများ၊ သမိုင်းများ၊ နှင့်သူတို့တန်ဘိုးထားမြတ်နိုးသည့် ကိုယ်ပိုင်အမျိုးသားနေ့များရှိ ကြောင်းကို အာဏာပိုင်များက နားလည်လက်ခံအသိအမှတ်ပြုခြင်းမရှိကြောင်းကို ပြသလိုက်သည်။
ကရင်လူမျိုးများအတွက် အာဇာနည်နေ့သည် လုပ်ကြံခံခဲ့ရေသာ ခေါင်းဆောင်စောဘဦးကြီးနှင့် ကျွန်ုပ်တို့၏ ရပိုင်ခွင့်များအတွက် တော်လှန်ရေးလုပ်ရင်း ကျဆုံးခဲ့ရသော သူများအား ပြန်လည်အောက်မေ့သတိရရန် အမှတ်ရလုပ်ဆောင်သောနေ့ထူးနေ့မြတ်ဖြစ်ပြီး ဗမာလူမျိုးများအတွက် အရေးကြီးသောနေ့တစ်နေ့ဖြစ် သည့် ဇူလိုင်လ ၁၉ နေ့တွင် က်ရောက်သော အာဇာနည်နေ့ကဲ့သို့ပင် အရေးကြီးသည်။
အာဇာနည်ဟူသောအသုံးအနှုန်းအပေါ် တားမြစ်ခြင်းသည် ကရင်လူထုတရပ်လုံးကို များစွာထိခိုက်နာကျင် စေပြီး စိတ်အနှောင့်အယှက်ဖြစ်စေသလို ရန်လိုမှုများ ပိုမိုတိုးပွာစေကာ လက်ရှိလုပ်ဆောင်လျက်ရှိသော ငြိမ်းချမ်းရေးအပေါ် ရှိနေသည့် ကရင်လူထုတို့၏ရင်ထဲက မယုံကြည်သံသယဖြစ်မှုများကို ပိုမိုကြီးထွားစေ သည်။ ထိုမျှမက ကရင်အာဇာနည်နေ့ အစီအစဉ်ဦးဆောင်သူများကိုပါ ရာဇဝတ်မှုမြောက် တရားစွဲဆိုလုပ် ဆောင်မှုသည် လွန်စွာအနုတ်သဘောဆောင်ပြီး ပြဿနာပိုမိုကြီးထွားစေသောခြေလှမ်းများပင် ဖြစ်သည်။
ဆယ်စုနှစ်ပေါင်းများစွာရှည်ကြာလျက်ရှိသောပဋိပက္ခများအတွင်း ကျွန်ုပ်တို့ကို ချိုးနှိမ်ရန်၊ ကျွန်ုပ်တို့၏ နယ် မြေဒေသနှင့် သဘာဝအရင်းအမြစ်များကို ထိန်းချုပ်သိမ်းပိုက်နိုင်ရန်အတွက် ဗမာတပ်မတော်၏ ထိုးစစ် ဆင်မှုများကြောင့် ကရင်မိသားစုများစွာ မိမိတို့ချစ်ခင်ရသူများအား ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။ ထိုအကြောင်း အရာများသည် ကျွန်ုပ်တို့၏နှလုံးသားများထဲတွင် နှက်ရှိင်းစွာကိန်းအောင်းနေသည်။ ဤအခြေအနေ များကြောင့် အစိုးရနှင့်ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် အယုံအကြည်မှုကင်းမဲ့လာခြင်းများကို လစ်လှူရှုမထား သင့်ပေ။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်မှုရှိလာရန် ဗမာပြည်ရှိ တိုင်းရင်သားများအားလုံးနှင့် တိုင်းရင်းသား တမျိုးချင်းစီ၏ မတူညီကွဲပြားသော ဘာသာရေးယုံကြည်ချက်များကို တန်းတူညီမျှစွာ လက်ခံအသိအမှတ်ပြု ရန်လိုအပ်ပြီး၊ ၎င်းတို့၏ နေ့ထူးနေ့မြတ်များအပေါ် အမည်တပ်ပိုင်ခွင့် နှင့် ကျင်းပခွင့်များအား လွတ်လပ်စွာ ပေးရန်လိုအပ်သည်။
ဆက်သွယ်ရန်
နော်ဝါးခူရှီး +၆၆ ၀၈၆ ၁၁၈ ၂၂၆၁ ( ကရင်၊ အင်္ဂလိပ်)
စောအဲလက်(စ်) – +၉၅ ၀၉၇၇ ၉၃၁ ၃၅၇၅ ( ကရင်၊ အင်္ဂလိပ်၊ မြန်မာ)
ထုတ်ပြန်ချက်ကို အင်္ဂလိပ်ဘာသာဖြင့်။
၎
င
၎
၎
၎
င
၎
၎
၎
င
၎
၎
၎
င
၎
၎
၎
င
၎
၎
၎
င
၎
၎
၎
င
၎
၎
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.