ပထမအကြိမ် သဘာဝအရင်းအမြစ်နှင့်ဖက်ဒရယ်စနစ်ဆိုင်ရာ အမျိုးသားအဆင့်နှီးနှောဖလှယ်ပွဲ သဘောထားထုတ်ပြန်ကြေညာချက်

ပထမအကြိမ် သဘာဝအရင်းအမြစ်နှင့် ဖက်ဒရယ်စနစ်ဆိုင်ရာ အမျိုးသားအဆင့် တိုင်းရင်းသားများ နှီးနှောဖလှယ်ပွဲကို တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်စုစုပေါင်း(၁၅၀)ဦး တက်ရောက်ပြီး ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၉) မှ (၃၀) ရက်နေ့အထိ ရန်ကုန်မြို့ ၊ ParkRoyal Hotel တွင်အောင်မြင်စွာ ကျင်းပခဲ့သည်။

ဤနှီးနှောဖလှယ်ပွဲတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြေယာနှင့်သဘာဝအရင်းအမြစ်များ ပိုင်ဆိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်နှင့် စီမံခန့်ခွဲပိုင်ခွင့်များကို ဗဟိုချုပ်ကိုင်မှုစနစ်ဖြင့် အကောင်အထည်ဖော် ကျင့်သုံးနေခြင်းကြောင့် လက်နက်ကိုင်ပဋိပက္ခများတိုးပွားလာမှုများအပါအဝင် လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများအကြောင်းကို ဆွေးနွေးကြသည်။ ထို့အပြင် လက်ရှိမြန်မာ့ နိုင်ငံရေးတွင် ရှေ့မတိုး နောက်မဆုတ်သာဖြစ်နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်များနှင့် နိုင်ငံရေးပြုပြင်ပြောင်း လဲမှု ကြားကာလ၊ အသွင်ကူးပြောင်းရေးကာလနှင့် အကောင်အထည်ဖော်ဆောင်မည့် ကာလတို့တွင် သဘာဝအရင်းအမြစ်နှင့် ဖက်ဒရယ်စနစ်ဆိုင်ရာ လုပ်ဆောင်သင့်သည်များကို ဆွေးနွေးခဲ့ကြသည်။

ဤနှီးနှောဖလှယ်ပွဲမှ နှစ်ပေါင်း(၇၀)ကျော်ဖြစ်ပွားနေသည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းစေရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် အထောက် အကူပြုစေမည့် မြေယာနှင့်သဘာဝအရင်းအမြစ်ဆိုင်ရာ တိုင်းရင်းသားများ၏ ဘုံသဘောတူကြေညာချက် များကို အောက်ပါအတိုင်း ထုတ်ပြန်လိုက်သည်။

၁။ မြေယာနှင့်သဘာဝအရင်းအမြစ်များ ပိုင်ဆိုင်မှု – မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်နှင့် လေထုရှိ သဘာဝအရင်းအမြစ်များကို ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသ ကြီးတို့၏ တိုင်းရင်းသားပြည်သူများက ပိုင်ဆိုင်ရမည်။

၂။ မြေယာနှင့်သဘာဝအရင်းအမြစ်များဆိုင်ရာ ထိန်းချုပ်မှုနှင့်စီမံခန့်ခွဲမှု – ဖက်ဒရယ်ပြည်ထောင်စုစနစ်အရ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများက မြေယာနှင့်သဘာဝအရင်းအမြစ်များဆိုင်ရာ ထိန်းချုပ်မှုနှင့် စီမံခန့်ခွဲမှုအာဏာများကို အကောင်အထည်ဖော်ကျင့်သုံးရမည်။

၃။ သဘာဝအရင်းအမြစ်ဆိုင်ရာ အခွန်ဘဏ္ဍာများစီမံခန့်ခွဲမှု – ဖက်ဒရယ်ပြည်ထောင်စုစနစ်အရ ပြည်နယ် နှင့် တိုင်းဒေသကြီးအစိုးရများက သဘာဝအရင်းအမြစ်များ အသုံးပြုခြင်းနှင့် ရောင်းချခြင်းတို့မှရရှိသော အကျိုးအမြတ်များနှင့် အခွန်ဘဏ္ဍာငွေများကို စီမံခန့်ခွဲခွင့်ရှိရမည်။

၎။ တိုင်းရင်းသားများလိုလားသည့် တန်းတူရေး၊ တရားမျှတရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံသော ဖက်ဒရယ်ပြည်ထောင်စုစနစ် ဖော်ဆောင်နေစဉ်အတွင်း အကြီးစားမြေယာနှင့်သဘာဝအရင်းအမြစ် ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းအသစ်များနှင့် မပြီးပြတ်သေးသောစီမံကိန်းများကို ယာယီရပ်ဆိုင်း ထားရမည်။

၅။ လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသော အကြီးစားရင်းနှီးမြှုပ်နှံမှု စီမံကိန်းများနှင့် သက် ဆိုင်သည့် အစိုးရနှင့် ပြည်တွင်းပြည်ပရင်းနှီးမြုပ်နှံသူများအကြား ချုပ်ဆိုထားသော သဘောတူညီချက် စာချုပ်များအားလုံးကို ပြန်လည်သုံးသပ်ခြင်းနှင့် ပြည်သူလူထုကို အသိပေးရန်လိုအပ်သည်။

၆။ တိုင်းရင်းသားတို့၏ ရိုးရာဓလေ့ထုံးတမ်းအရ မြေယာသတ်မှတ်မှုစနစ်များနှင့် သဘာဝအရင်းအမြစ် ဆိုင်ရာ စီမံခန့်ခွဲမှုစနစ်များကို တရားဝင်အသိအမှတ်ပြုကာကွယ်ပေးရမည်။

၇။ သဘာဝအရင်းအမြစ်ဆိုင်ရာ ပိုင်ဆိုင်မှု၊ ထိန်းချုပ်မှု၊ စီမံခန့်ခွဲမှုလုပ်ငန်းများနှင့်ပတ်သက်၍ အမျိုးသမီး များ၏ ပါဝင်မှုအခန်းကဏ္ဍ ပိုမိုအားကောင်းလာရန် ဗဟိုအဆင့်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် များ၏ မူဝါဒ၊ ဖွဲ့စည်းပုံနှင့် ဥပဒေတွင် ထည့်သွင်းရေးဆွဲပြဌာန်းပေးရမည်။

ဆက်သွယ်ရန်
ခွန်ဦး – 09765600812
နော်ဘလောဇွမ် – 09254020650
ဆလိုင်းဝုန်ဇပြောင် – 09401604025

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia