သွေးစွန်းသောပယင်း-စစ်တပ်၏အရင်းအမြစ်သိမ်းယူမှုသည် ကချင်ပြည်နယ်ဟူးကောင်းချိုင့်ဝှမ်းရှိ ဌာနေတိုင်းရင်းသား ပြည်သူများအား ဖယ်ရှားပစ်လိုက်သည်

အကျဉ်းချုပ်

၂၀၁၈ ခုနှစ်တွင် မြန်မာအစိုးရတပ်ဖွဲ့ များသည် ဌာနတိုင်းရင်းသား လူဦးရေကိုထပ်မံ  မောင်းထုတ်ရန်နှင့် နယ်မြေ၏ ကြွယ်ဝသော သဘာဝသယံဇာတများနှင့် မဟာဗျူဟာမြောက် ကုန်သွယ်ရေးလမ်းကြောင်းများ အပေါ် ထိန်းချုပ်မှုကို တိုးချဲ့ရန် ကချင်ပြည်နယ်တွင် သူတို့၏ စစ်ပွဲကို တစ်ဆင့်မြှင့် ခဲ့သည်။ တရုတ် နိုင်ငံ၏ ခါးပတ်ကွင်းနှင့် လမ်းပဏာမ ခြေလှမ်း၏ အစိတ်အပိုင်းဖြစ်သည့် တရုတ်နှင့် အိန္ဒိယ ဆက်ထားသော သမိုင်းဝင် လီဒိုလမ်း လုံခြုံရန်နှင့် အကျိုးအမြတ်ကြီးမားများပြားလှသော ပယင်း တူးဖော်မှုများကို သိမ်းပိုက်ရန် ကြောက်မက်ဖွယ် အကောင်းဆုံးသော ထိုးစစ်ကြီးကိုကချင်ပြည်နယ် ၏ အနောက်မြောက်ပိုင်း ဟူးကောင်းချိုင့်ဝှမ်းတွင် ပြုလုပ်ခဲ့ သည်။

ကချင်ပြည်နယ်၏ပယင်းသည်ကမ္ဘာ့ရတနာ ဖြစ်သည်။ ယင်းသည် ဒိုင်နိုဆော ခေတ်အတွင်း ဖြစ်ပေါ်သည့် တစ်ခုတည်းသော အမျိုးအစား ဖြစ်သည်။ “သွေး ပယင်း” သည် ဟူးကောင်း ချိုင့်ဝှမ်းတွင်သာ တွေ့နိုင်သည့် အလွန်အမင်း ရှားပါးသော အနီရင့်ရောင် တွင်းထွက်အမျိုးမျိုး၏ တရုတ်အမည်ဖြစ်သည်။ ယင်းသည် မကြာသေးမီက ထိုးစစ်များအတွင်း မောင်းထုတ်ခံရသည့် ဒေသခံပြည်သူများ၏ ဖြစ်ရပ်များကိုလည်း  ရက်စက်စွာ ထင်ဟပ်သည့် အမည်ဖြစ်သည်။

ပယင်းတူးဖော်ခြင်းလုပ်ငန်းရုတ်တရက်ကြီး ထွားလာမှုသည် တရုတ်ဈေးကွက်မှ တောင်းဆို မှုကြောင့် ၂၀၁၀ ခုနှစ်တွင် စတင်ခဲ့ပြီး မြန်မာ နိုင်ငံ တလွှားမှ ထောင်ပေါင်းများစွာသော ရွှေ့ပြောင်း တူးဖော်ရေးလုပ်သားများ ဒေသတွင်းသို့ ၀င်ရောက်လာခြင်းကို ဖြစ်စေသည်။ ၂၀၁၅ ခုနှစ်တွင် နှစ်သန်းပေါင်း ၉၉ သန်း သက်တမ်းရှိ အမွှေးပါသော ဒိုင်နိုဆော၏အမြီးကို ဟူးကောင်းချိုင့်ဝှမ်းတွင် ထွက်ရှိသောပယင်း အတွင်း တွေ့ရှိခဲ့ပြီးနောက် နောက်ထပ် ကုန်သွယ်မှု ပိုအားကောင်းလာစေခဲ့သည်။

ဝေးလံခေါင်ဖျားသောပယင်းမှော်ဧ ရိယာကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိန်းချုပ်ထားသော်လည်း အဖိုးတန် သယံဇာတကို ကချင်ပြည်နယ်မှတရုတ်နိုင်ငံ အတွင်းသို့တင်ပို့ရာ မြန်မာတပ်မတော်က ပယင်းသယ်ပို့သည့် လမ်းကြောင်းများအားလုံး တွင် အခွန်ကောက်ခံသည်။ နှစ်စဉ် ကုန်သွယ်မှု တန်ဖိုးမှာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ရှိမည်ဟု ခန့်မှန်းသည်။

၂၀၁၇ခုနှစ် ဇွန်လတွင် မြန်မာ့တပ်မတော် သည် ပယင်းကုန်သွယ်မှုကို အရင်းအမြစ်မှ လွဲယူရန်ကြိုးပမ်းခဲ့သည်။ သူတို့က လေယာဉ်သုံး၍ ပယင်းမှော် ဧရိယာအပေါ်မှလက်ကမ်းစာစောင် များထောင်နဲ့ချီ ကျဲချခဲ့ပြီး ဒေသခံပြည်သူများ အားလုံးကို ဆယ်ရက်အတွင်းရွှေ့ပြောင်းကြရန် အမိန့်ပေးထားပြီးမလိုက်နာပါက KIA သောင်းကျန်းသူများ အဖြစ်သတ်မှတ်မည် ဖြစ်ကြောင်း ပြောထားသည်။ ပြောင်းရွှေ့ရမည့် သူများမှာ မှော်လုပ်သားများသာမက မျိုးဆက် ပေါင်းများစွာ ထိုနေရာတွင်နေထိုင်ပြီး တောင်ယာ လုပ်ကိုင် စားသောက်လာခဲ့သော ဌာနေ တိုင်းရင်း သား ရွာသား ၅,၀၀၀ ခန့်လည်း ပါဝင်သည်။ ထိုးစစ်မှာ တစ်နှစ်နီးပါးကြာမြင့်ခဲ့သည်။ ထိုအတောအတွင်းတွင် အရပ်သားများမှာသူတို့ ၏ မြေယာများနှင့် ပိုင်ဆိုင်မှုများကိုသာသိမ်းယူ ခံရသည်မကသေးပဲ စစ်တပ်၏ စော်ကားနှောက် ယှက်မှုနှင့် အကြမ်းဖက်မှု ကိုပါခံကြရသည်။ ၂၀၁၈ ခုနှစ် ဇန္န၀ါရီ ၂၆ ရက်တွင် အသက် ၃ နှစ်အရွယ်ကလေးတစ်ဦးအပါအ၀င် အရပ်သား သုံးယောက်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည်။

၂၀၁၈ ခုနှစ် ဇန္န၀ါရီတွင် အရပ်သား၃၀၀၀  ခန့်သည် ပဋိပက္ခဧရိယာအတွင်းပိတ်မိနေခဲ့ သည်။ မြန်မာ့ တပ်မတော်က သူတို့ကို ဘေးကင်းရာသို့ ထွက်ခွင့်မပြုပဲ လုံလောက် သောအစားအစာ သို့မဟုတ် ကျန်းမာရေး စောင့်ရှောက်မှုမရှိပဲဆယ့်တစ်ရက် ကြာ ထိန်းထားခဲ့ပြီး လူသားချင်းစာနာထောက် ထားသောအကူအညီများ ပေးပို့မှုကိုလည်း တားမြစ်ထားခဲ့သည်။ ယနေ့ထိတိုင်အောင် ထောင်နှင့်ချီသော ပယင်းဒေသ၏ ဌာနေတိုင်းရင်း သားနေထိုင်သူများမှာ ယာယီတဲများဖြင့် မြို့ပေါ်ရှိ ဘုရားကျောင်းခြံဝင်းများတွင် နေထိုင်နေရပြီး ဒုက္ခသည်အဖြစ် အသိအမှတ် ပြုမခံရပဲ အိမ်မပြန် နိုင်ပဲ ရှိနေသည်။

ထိုးစစ်ဆင်နွဲရန်အတွက် “သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး” ဟူသော အဆိုကိုအကြောင်းပြချက် အဖြစ် အသုံးပြုထားသော်လည်း ထိုးစစ်စတင်ပြီးတစ်နှစ် အကြာမှာပင် ဒေသတွင်း ပယင်းတူးဖော် မှုများကို ထိန်းချုပ်မှုမရှိပဲပြန်လည်စတင်ခဲ့ခြင်း သည် မြန်မာ့စစ်တပ်၏ မှော်များကို  သိမ်းပိုက် လိုသောရည်ရွယ်ချက် အစစ်အမှန်ကို ပေါ်လွင်စေ သည်။

ထိုးစစ်နောက်တွင် လိုက်ပါလာသော အစဉ်အမြဲ လုပ်ဆောင်နေကြ စစ်တပ်တိုးချဲ့မှု ပုံစံနှင့် ကချင်ပြည်နယ်ရှိ တိုင်းရင်းသားပြ ည်သူများအပေါ်စစ်တပ်နှင့် ဗဟိုအစိုးရ၏ အကျိုးစီးပွားအတွက် တူးဖော်ထုတ်လုပ်ရေး စီးပွားရေးလုပ်ငန်းများကို တောင့်တင်းခိုင်မာ စေရေးအတွက် ဒေသခံဌာနေတိုင်းရင်း သားများ၏ နစ်နာဆုံးရှုံးမှု အပေါ်အခြေခံ၍ လုပ်ဆောင်ခြင်းဖြစ်သည်။ယခင်KDNG ၏မှတ်တမ်းတင်မှုများက ပြသထားပြီးဖြစ် သည်မှာ သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်း စောင့်ရှောက်ရန်ဝေး၍ အစိုးရစစ်တပ်သည် လွန်ခဲ့သည့် အနှစ် ၂၀ ကျော်ကာလအတွင်း ဟူးကောင်း ချိုင့်ဝှမ်းအတွင်း ကြီးမား ကျယ်ပြန့်သော သဘာဝပတ်ဝန်းကျင်ပျက်စီးမှု အတွက် တာဝန်ရှိသူဖြစ်သည်။ စစ်တပ်သည် ချိုင့်ဝှမ်းတလျောက် အဖျက်စွမ်း အားကြီးမားသော ရွှေတူးဖော်မှုများကိုခွင့်ပြုခဲ့ သည်၊ တရုတ်ဈေးကွက်အတွက် တသီးစား စိုက်ပျိုးမှု လုပ်ဆောင်ရန်အတွက် သစ်တောနှင့် စိုက်ပျိုးမြေဧကရာပေါင်း များစွာကို ယုဇန ကုမ္ဗဏီအား လုပ်ပိုင်ခွင့်ပေးခဲ့သည်။

အလားတူပင်အနီးအနားရှိ ဖားကန့်ကျောက်စိမ်း မှော်သည်လည်း စစ်တပ်မှကျောက်စိမ်း တူးဖော် မှုများ၏ ထိန်းချုပ်မှုကိုသိမ်းပိုက် လိုက်သည့်အ ချိန်မှစ၍ ဆတိုးကျယ်ပြန့်ခဲ့ပြီးဒေသခံပြည် သူများ၏ မြေယာများနှင့် နေထိုင်လုပ်ကိုင် စားသောက်မှုများကို ဆုံးရှုံးစေကာ အစိုးရနှင့် စစ်တပ်ထိပ်တန်းအလွှာများအတွက် ဧရာမ အကျိုးအမြတ်ကို ထုတ်လုပ်ပေးနေခဲ့သည်။

ဗဟိုအစိုးရသည်ဌာနေတိုင်းရင်းသားပြည်သူ များ၏ သူတို့၏မြေယာများပေါ်တွင် နေထိုင် နိုင်ရန်နှင့် သူတို့၏ ကိုယ်ပိုင်သယံဇာတအရင်း အမြစ်များကို စီမံခန့်ခွဲနိုင်ရန် အခွင့်အရေးကို အသိအမှတ်ပြုပြီး  ပယင်းဒေသမှအိုးအိမ်မဲ့  ရွှေ့ ပြောင်းနေရသူများကို သူတို့နေအိမ်များသို့ ပြန်နိုင်ရန်ခွင့်ပြုပေးရန် အရေးယူဆောင်ရွက်မှု များကို ချက်ချင်းဆောင်ရွက်ပေးရမည်။

မြန်မာနိုင်ငံတွင် ပဋိပက္ခပြေလည်ရေး အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် မရှိမဖြစ်လိုအပ်သည်။ ကချင်ပြည်နယ်ရှိ ပြည်သူများသည် သူတို့နေထိုင်လုပ်ကိုင်သော မြေပေါ်ရှိ သဘာဝသယံဇာတများကို ပိုင်ဆိုင်ရမည်၊ စီမံခန့်ခွဲခွင့်ရှိရမည်၊ ၀င်ငွေများရရှိနိုင်ရမည်။

ကချင်ပြည်နယ်နှင့် အခြားမြန်မာနိုင်ငံရှိ ပဋိပက္ခဇုံများတွင် အရပ်သားများကို ကာ ကွယ်ရာ တွင် ပံ့ပိုးနိုင်ရန်အတွက် နိုင်ငံ တကာ ဖိအားသည် အရေးပေါ်လိုအပ်သည်။ မြန်မာစစ်တပ်က ကချင်နှင့် အခြားသော တိုင်းရင်းသားလူမျိုးများ အပေါ် ထိုးစစ်များကို ရပ်ဆိုင်းသည်အထိ နိုင်ငံခြားစီးပွားရေး ရင်းနှီးမြှုပ်နှံမှုများနှင့် ငြိမ်းချမ်း ရေး လုပ်ငန်းစဉ် ရံပုံငွေထည့်ဝင်မှုများကို ရပ်ဆိုင်း ထားသင့်သည်။ တချိန်တည်းမှာပင် နိုင်ငံတကာ လူသားချင်းစာနာမှုအကူအညီများကို မိမိတို့ နေအိမ်များနှင့် အလုပ်အကိုင်များမှ ဗဟို အစိုးရ၏ ရန်လိုမှုကြောင့် ရွှေ့ပြောင်း နေထိုင် နေရ သည့် လူမှုအသိုင်းအ၀ိုင်း များအား ကူညီရန် ပေးပို့သင့်သည်။

အစီရင်ခံစာအပြည့်အစုံကို မြန်မာဘာသာဖြင့်ဖတ်ရန်။

အစီရင်ခံစာအပြည့်အစုံကို အင်္ဂလိပ်ဘာသာဖြင့်ဖတ်ရန်။

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia