18 August 2019
၁၊ (၆၉ ) နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့ကို ဦးဆောင်ကျင်းပခဲ့သော နော်အုန်းလှနှင့် လုပ်ဖေါ် ကိုင်ဖက် များအား မြန်မာအစိုးရမှ တရားစွဆဲိုခြင်းနှင့် ပတ်သက်၍ IKO မှ ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချပါသည်။
၂၊ မြန်မာပြည်သည် ဗမာလူမျိုးတမျိုးတည်း နေထို်င်သော တိုင်းပြည်မဟုတ်ပါ၊ တိုင်းရင်းသားများဖြင့် ဖွဲ့စည်း ထားသော တိုင်းပြည်ဖြစ်သည်၊ ဗမာလူမျိုးတွင် အာဇာနည်ခေါင်းဆောင်များရှိသကဲ့သို့ တိုင်းရင်းသား လူမျိုး အသီးသီးတွင်လည်း စံပြုထိုက်သော အာဇာနည်ခေါင်းဆောင်များကို အမှတ်တရ ဂုဏ်ပြုပွဲ ပြုလုပ် ကျင်းပ ခြင်းသည် လူမျိုးတိုင်း၏ မွေးရာပါအခွင့်အရေးဟု IKO မှ ခံယူသည်။
၃၊ မြန်မာအစိုးရအဆက်ဆက်သည် တိုင်းရင်းသားများ၏အခွင့်အရေးများကို တောက်လျှောက်ဟန့်တား ပိတ်ပင် ခဲ့သောကြောင့် ပြည်တွင်းစစ်ဖြစ်ပွားခဲ့သည်၊ ယနေ့ကာလသည် ပြည်တွင်းငြိမ်းချမ်းရေးအတွက် နိုင်ငံ ရေးနည်းလမ်းအရ အဖြေရှာနေသော ကာလဖြစ်သည်၊ ထို့ကြောင့် ယခုကဲ့သို့ ကရင်အမျိုးသား အာဇာနည်နေ့ ကျင်းပခြင်းကို အကြောင်းအမျိုးမျိုးပြပြီး အာဏာဖြင့် ဖိနှိပ်အနိုင်ကျင့်သည့်လုပ်ရပ်များသည် ငြိမ်းချမ်းရေး ဆွေးနွေးပြွဲဖစ်စဉ်ကို ထိခိုက်နိုင်သည်ဟု သုံးသပ်သည်၊ ထို့အပြင် ကရင်အမျိုးသားများ၏ သမိုင်းဝင်သော အခြားနေ့ကြီးရက်ကြီးများအား ဂုဏ်ပြုကျင်းပမည့်အရေးကိုပင် ခြိမ်းခြောက်နေသည်ဟု IKO မှ သုံးသပ်သည်။
၎၊ နော်အုန်းလှနှင့် လုပ်ဖေါ်ကိုင်ဖက်များအား အရေးယူရန် စတင်ဆောင်ရွက်လိုက်ခြင်းသည် ကရင်လူမျိုးတို့အ ပေါ် သွေးတိုးစမ်းခြင်းတရပ်ဖြစ်သည်၊ နောက်ဆက်တွအဲနေဖြင့် မြန်မာပြည်ဒေသအသီးသီးတွင် အာဇာနည် နေ့ကို ဦးဆောင် ကျင်းပခဲ့သော ခေါင်းဆောင်များကိုပင် ဆက်လက်အရေးယူမည့် အလားအလာများ ရှိနေ သည်ဟု ခန့်မှန်းရသည်၊ အကယ်၍ အဆိုပါဒေသအသီးသီးမှ ခေါင်းဆောင်များကို အရေးယူပါက ကရင် အမျိုးသားအား လုံးကို စိန်ခေါ်သည့် လုပ်ရပ်အဖြစ် IKO မှ မှတ်ယူရမည်ဖြစ်သည်။
၅၊ ထို့ကြောင့် မြန်မာပြည်ရှိ တိုင်းရင်းသားများ၏ မွေးရာပါအခွင့်အရေးများ ထိခိုက်ဆုံးရှုံးခြင်းမရှိစေရန် မြန်မာ ပြည်ရှိ တိုင်းရင်းသားအားလုံး နော်အုန်းလှ နှင့်လုပ်ဖေါ်ကိုင်ဖက်များအား ၀န်းရံကြပါရန် IKO မှ တိုက်တွန်းနှိုး ဆော်အပ်ပါသည်။
အလုပ်အမှုဆောင်ကော်မီတီ နိုင်ငံတကာကရင်အဖွဲ့အစည်း(IKO)
Contacts:
Saw Dai Lai Htoo (Burmese, Karen and English) (+1) 267 226 3351
Mahn San Lwin (Burmese, Karen and English) (+61) 412039426
Nan Kyi Aye (Burmese, Karen) (+47) 41847953
င
21 May 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.