မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥပဒေကို ပြင်ဆင်ပေးရန် တောင်းဆို

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥပဒေကို ပြင်ဆင်ပေးရန် တောင်းဆို

လူ့အခွင့်အရေးကို ပိုပြီးကောင်းကောင်းမွန်မွန်ကာကွယ်နိုင်ဖို့အတွက် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥပဒေကို ပြင်ဆင်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။

အရပ်ဘက်အဖွဲ့အစည်းပေါင်း ၂၄ ဖွဲ့နဲ့ ဖွဲ့ထားတဲ့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် (MNHRC) ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ လုပ်ငန်းအဖွဲ့က ဒီနေ့ ထုတ်ပြန် တောင်းဆိုတာပါ။

ကော်မရှင်အဖွဲ့ဝင်တွေ စိစစ်ရွေးချယ်ရေးလုပ်ငန်းစဉ်၊ အကျဉ်းထောင်တွေကို ကြိုတင် အကြောင်းမကြားဘဲ သွားရောက်နိုင်ရေး၊ လုပ်ငန်းပိုင်းလွတ်လပ်မှုနဲ့ လုပ်ပိုင်ခွင့်အာဏာရပ် စတာတွေနဲ့ ပတ်သက်တဲ့ စာတမ်းတိုတစောင်ကိုလည်း ဒီနေ့ ထုတ်ပြန်ပါတယ်။

ဒီနေ့ရန်ကုန်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရှေ့ပြေးအသံအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ အောင်ခိုင်မင်းက “ဒီကနေ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးပြဿနာ အတိမ်အနက်နဲ့ အကျယ်အဝန်းကို ကြည့်မယ်ဆိုရင် MNHRC အနေနဲ့ ဆိုးဆိုးဝါးဝါး လူ့အခွင့်အရေးချိုးဖောက်မှုတွေ အထူးသဖြင့် မြန်မာစစ်တပ်က ကျူးလွန်တဲ့ အမှုတွေကို ထိထိရောက်ရောက် စုံစမ်းစစ်ဆေးတာတွေ မလုပ်နိုင်သေးဘူး ဖြစ်နေတယ်၊ ပြီးတော့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကို ကာကွယ်စောင့်ရှောက် တာတွေလည်း မဆိုစလောက်လေးပဲ လုပ်ထားတယ်” လို့ ပြောပါတယ်။

ကော်မရှင်အဖွဲ့ဝင်တွေကို ဘယ်လိုစံနှုန်းတွေနဲ့ ရွေးချယ်ခန့်အပ်တယ်ဆိုတာ ပွင့်ပွင့်လင်းလင်း ထုတ်ပြန်ပေးဖို့၊ ကော်မရှင်အဖွဲ့ဝင် စိစစ်ရွေးချယ်ရေးအဖွဲ့မှာ စစ်တပ်ကခန့်အပ်တဲ့ ပြည်ထဲရေး ဝန်ကြီးကိုယ်တိုင်ပါနေတာက လူ့အခွင့်အရေးချိုးဖောက်မှု အများအပြားမှာ စစ်တပ်ကိုယ်တိုင် ဖြစ်နေလို့ ပြဿနာရှိနေတယ်လို့ သူတို့က တောင်းဆိုပါတယ်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေကို ၂၀၁၄ခုနှစ် စက်တင်ဘာလမှာ စတင်ပြဌာန်းခဲ့တာပါ။ အဲဒီဥပဒေထဲမှာ တပ်မတော်နဲ့ ပြည်ထဲရေးက အငြိမ်းစားပုဂ္ဂိုလ်တွေကို ကော်မရှင်အဖွဲ့ဝင်အဖြစ်ခန့်အပ်ဖို့ ပြဌာန်းထားတာဟာ ကိုယ့် တရားကိုယ်စီရင်သလို ဖြစ်နေတဲ့အတွက် ပြင်ဆင်ဖို့လိုအပ်တယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေကပြောပါတယ်။

ဒါ့အပြင် တရားရုံးမှာ ကြားနာဆဲအမှုတွေကို ကော်မရှင်က စုံစမ်းစစ်ဆေးနိုင်ဖို့အတွက်လည်း လိုအပ်တဲ့ဥပဒေကို ပြင်ဆင်ဖို့ တိုက်တွန်းထားပါတယ်။

မူလနေရာတွင်ဖတ်ရန်

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia