31 July 2019
အရပ်ဘက်အဖွဲ့အစည်း ၂၄ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ လုပ်ငန်းအဖွဲ့ (MNHRC Reform Working Group) မှ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် (MNHRC)ကို ပြန်လည်သွေးသစ်လောင်းရာတွင် လိုအပ်မည့် MNHRC ဥပဒေကို ပြင်ဆင်ရန်အတွက် အဓိက အကြံပြုချက်များကို ရှင်းလင်းဖော်ပြထားသော သုံးသပ်ချက် စာတမ်းတစ်စောင်ကို ထုတ်ပြန်မည် ဖြစ်ပါသည်။ ယင်းစာတမ်းတွင် MNHRC ဥပဒေတွင်ပါရှိသော အားနည်းချက် များနှင့် MNHRC မှ လူ့အခွင့်အရေးချိုးဖောက်ခံရသူများအား အကာအကွယ်ပေးရန် တာဝန်ရှိသည့်အတိုင်း ထိုတာဝန်များထမ်းဆောင်ရာတွင် ပိုမိုအားကောင်း ထိရောက်မှုရှိစေရန် ဖြည့်ဆည်းပေးနိုင်မည့်အပိုင်းများကို အဓိကမီးမောင်းထိုးဖော်ပြထားပါသည်။ MNHRC ၏ ယခုလက်ရှိသက်တမ်းတွင် တာဝန်ထမ်းဆောင်နေသော ကော်မရှင်အဖွဲ့ဝင်များ၏ သက်တမ်းမှာ လာမည့် ၂၀၁၉ ခုနှစ် စက်တင်ဘာလကုန်ပိုင်းတွင် ကုန်ဆုံးမည် ဖြစ်သည့်အတွက် ဤစာတမ်းတိုကို အချိန်ကိုက် ထုတ်ပြန်ရခြင်း ဖြစ်ပါသည်။
နေ့စွဲ – ၂၀၁၉ ခုနှစ် သြဂုတ်လ ၃ ရက် (စနေနေ့)၊
အချိန် – နေလည် ၂း၀၀ မှ ၄း၀၀ နာရီ၊
နေရာ – တော်ဝင်နှင်းဆီ၊ အမှတ် ၂၂၁-၂၂၃၊ ရွှေဂုံတိုင်လမ်း၊ ရွှေဂုံတိုင်(အလယ်)ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။
ပါဝင်ဆွေးနွေးမည့်သူများ –
အောင်ဇော်ဦး၊ ဆက်သွယ်ရေးနှင့် စည်းရုံးလှုံ့ဆော်ရေးဒါရိုက်တာ၊ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့
သက်သက်အောင်၊ ဒါရိုက်တာ၊ အနာဂတ်အလင်းတန်းဆုံမှတ်
အောင်ခိုင်မင်း၊ အမှုဆောင်ဒါရိုက်တာ၊ ရှေ့ပြေးအသံအဖွဲ့
မောင်ဆောင်းခ၊ အမှုဆောင်ဒါရိုက်တာ အသံအဖွဲ့
ဆက်သွယ်ရန်
အောင်ခိုင်မင်း – +၉၅ ၉၂၆၁၀၀၉၉၉၅၊ [email protected]
သဉ္စာရွှန်းလဲ့ရည် – +၉၅ ၉၇၉၅၅၇၄၇၇၅၊ [email protected]
မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ လုပ်ငန်းအဖွဲ့
မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် (MNHRC) အား လွတ်လပ်အမှီခိုကင်း၍ ပွင့်လင်းမြင်သာမှုရှိကာ ထိရောက်ပြီး ပါရီအခြေခံမူများနှင့်အညီ မြန်မာပြည်သူလူထု၏ လူ့အခွင့်အရေးကို အမှန်တစ်ကယ် ကာကွယ် မြှင့်တင်ပေးနိုင်သော ကော်မရှင်တစ်ရပ် ဖြစ်လာစေရေးအတွက် အမျိုးသားလူ့အခွင့်အရေးကော်မရှင် ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများ လုပ်ငန်းအဖွဲ့ (MNHRC Reform Working Group) ကို ၂၀၁၉ ခုနှစ်တွင် ဖွဲ့စည်းပါသည်။
PDF ဖိုင်ဖြင့် ဤနေရာ၌ ရယူပါ။
အင်္ဂလိပ်ဘာသာကို ဤနေရာ၌ ရယူပါ။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.