အဓိကအချက်များ
အခြေအနေမှာ ပြောင်းလဲလွယ်သည့် အနေအထားရှိပြီး၊ ကြိုတင်ခန့်မှန်းတွက်ချက်ရန် ခက်ခဲပါသည်။ အခြေအနေမှာ အလျှင်အမြန် ပြောင်းလဲနိုင်သည့် အနေအထားဖြစ်ပါသည်။
အခြေအနေ ခြုံငုံသုံးသပ်ချက်
မြန်မာနိုင်ငံတွင် မုတ်သုန်ရာသီ ကနဦးရေကြီး၊ ရေလျှံမှုကြောင့် လူဦးရေ ၄၅,ဝဝဝ ကျော် ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းရဟု ခန့်မှန်း
ရေဘေးကြောင့် ရွှေ့ပြောင်းရသည့် လူဦးရေမှာ ရေဘေးစတင်ဖြစ်သည့်အချိန်မှစ၍ ယခုအချိန်အထိ ရေဘေးကြောင့် ရွှေ့ပြောင်းရသည့် စုစုပေါင်း ခန့်မှန်းလူဦးရေဖြစ်ပါသည်။ ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည့် လူအချို့မှာ ၎င်းတို့အိမ်များသို့ ပြန်သွားနိုင်ခဲ့ကြပြီးနောက်၊ ရေဘေးကယ်ဆယ်ရေးစခန်းများတွင် လူဦးရေ ၁၁,၅ဝဝ ကျော် ကျန်ရှိနေပါသည်။
မုတ်သုန်ရာသီ ဝင်ရောက်ခဲ့သည့် နောက် ကချင်၊ ရခိုင်၊ ချင်း၊ မွန် ပြည်နယ်များနှင့် ပဲခူး၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး တိုင်းဒေသကြီးများတွင် မိုးများသည်းထန်စွာ ဆက်တိုက်ရွာသွန်းခဲ့ပြီး၊ မြစ်များမှာ စိုးရိမ်ရေအမှတ် ကျော်လွန်ခဲ့သည့်အတွက် အထက်ပါ ပြည်နယ်နှင့် တိုင်းဒေသကြီး များ၏ နေရာအချို့တွင် နေရာကွက်၍ရေကြီး၊ ရေလျှံခြင်းများဖြစ်ပေါ်ခဲ့ကာ လူဦးရေ သောင်းနှင့်ချီ၍ ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရပါ သည်။ ဇူလိုင်လ ၁၅ ရက်နေ့တွင် မြစ်ရေမှာ ကချင်ပြည်နယ်၏ မြို့တော်ဖြစ်သော မြစ်ကြီးနားမြို့နှင့် အနီးတဝိုက်တွင် စိုးရိမ်ရေ အမှတ်ကို ကျော်လွန်သွားခဲ့ပြီး၊ ယခုအခါ နေရာအချို့တွင် ရေများ အနည်းငယ်ကျဆင်းစပြုလာပြီဖြစ်သော်လည်း မြန်မာနိုင်ငံတွင် နှစ်စဉ်နှစ်တိုင်း ဇူလိုင်နှင့် သြဂုတ်လများမှာ မိုးများသည်းထန်စွာရွာသွန်းသည့်လများ ဖြစ်နေပါသည်။ မုတ်သုန်မိုးရာသီမှာ ယခုမှ အစပြုခြင်းဖြစ်ပြီး၊ နိုင်ငံ၏ နေရာအနှံ့အပြားတွင် မိုးများ ဆက်လက်ရွာသွန်းနိုင်သည့် အလားအလာရှိပါသည်။
မြန်မာနိုင်ငံ၏ ပြည်ထောင်စုအဆင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းရသော ခန့်မှန်း လူဦးရေစာရင်းအရ ကချင်ပြည်နယ်တခုတည်းတွင် ရေဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရသူ စုစုပေါင်းလူဦးရေ ၂၂,ဝဝဝကျော် ရှိခဲ့ပါသည်။ ပြည်နယ်၏ မြို့တော်ဖြစ်သော မြစ်ကြီးနားနှင့် အနီးတဝိုက်၊ တနိုင်းနှင့် ဝိုင်းမော်တွင် ရေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးစခန်း ၇၉ ခု ဖွင့်လှစ်ခဲ့ပြီး၊ ယခုအချိန်တွင် အဆိုပါရေဘေးကယ်ဆယ်ရေးစခန်းများရှိလူအများစုမှာ ၎င်းတို့၏ အိမ်များသို့ ပြန်သွားနိုင်ခဲ့ကြပြီဖြစ်ပါသည်။ မြန်မာ့တပ်မတော်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနတို့မှ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရေဘေးကယ်ဆယ်ရေးစခန်းများအား စီမံခန့်ခွဲခြင်း၊ အရေးပေါ်လိုအပ်ချက်များအား ကူညီပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ လူသား ချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(OCHA)နှင့် မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် ဇူလိုင် ၁၃ ရက်နှင့် ၁၅ ရက်နေ့များတွင် အရေးပေါ် လိုအပ် ချက်များအား ဆန်းစစ်လေ့လာခြင်းတွင် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ အခြေခံလိုအပ်ချက်များဖြစ်သော ဆန်၊ သောက်ရေ ၊ ခြင်ထောင်၊ စောင် များ ၊ ဖျာများ စသည်တို့ကို ကချင်ပြည်နယ်ရှိ ရေဘေးကယ်ဆယ်ရေး စခန်း များတွင် ခိုလှုံနေသောလူများအတွက် ပံ့ပိုးပေးခဲ့ကြောင်းလည်း သိရှိရပါသည်။ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေး မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် ပြည်နယ်အစိုးရ၏ ရေဘေး ကယ်ဆယ် တုံ့ပြန်ရေးအတွက် ကနဦးအဆင့်တွင် အကူအညီတောင်းခံမှုအား တုံ့ပြန်ဆောင်ရွက်ပံ့ပိုးပေးခဲ့ပါသည်။
ရခိုင်ပြည်နယ်တွင် မင်းပြား၊ မြောက်ဦးနှင့် ကျောက်တော်မြို့နယ်များတွင် လူဦးရေ ၉,၆ဝဝ ကျော်မှာ ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရပါ သည်။ ကုလားတန်မြစ် အထက်ပိုင်း မြစ်ကြောင်းတလျှောက်ရှိ ချင်းပြည်နယ် ပလက်ဝမြို့တွင် လူဦးရေ ၁,၇ဝဝ ကျော် ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရပါသည်။ ပြည်နယ်နှစ်ခုလုံးရှိ ရေဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရသူ အားလုံးနီးပါးမှာ ၎င်းတို့၏အိမ်များသို့ ပြန်သွားနိုင်ခဲ့ကြပြီ ဖြစ်ပါသည်။ ရခိုင်ပြည်နယ်တွင် အစိုးရမှ ရေဘေးတုံ့ပြန်ကယ်ဆယ်ရေးလုပ်ငန်းများအတွက်ကူညီပံ့ပိုးရန် တရားဝင် အကူအညီ တောင်းခံ မှုမရှိသေးသော်လည်း လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(OCHA)နှင့် လူသားချင်းစာနာမှုှဆိုင်ရာအကူအညီပေးရေး မိတ်ဖက်အဖွဲ့ အစည်းများ အနေဖြင့် အခြေအနေကို ဆက်လက် အနီးကပ် စောင့်ကြည့် လေ့လာလျက်ရှိပါသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် မြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲရေးအဖွဲ့များနှင့် လက်တွဲ၍ အရေးပေါ် ကြိုတင်အသိပေးကြေငြာချက်များ ထုတ်ပြန်ခြင်း၊ ကယ်ဆယ်ရေး လုပ်ငန်း များဆောင်ရွက်ခြင်း၊ လူထုအတွက် ရေဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးသတင်းစကားများကို ဖြန့်ဝေခြင်း စသည်တို့ကို ပံ့ပိုး ဆောင်ရွက်လျက်ရှိပါသည်။ အစိုးရအာဏာပိုင်များအနေဖြင့် ရေဘေးကြောင့် အိုးအိမ်ဆုံးရှုံးခဲ့ရသူများအတွက် ငွေကြေးပံ့ပိုးခြင်း၊ အိမ်ထောင်စုသုံးပစ္စည်းများနှင့် ဆန်များ ပံ့ပိုးခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။
ရခိုင်ပြည်နယ်တွင် လွန်ခဲ့သည့် ခြောက်လအတွင်း တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်ရသူများမှာ ယခုဖြစ်ပွားသည့် ရေဘေး ကြောင့် အထူးပင် ထိခိုက်လွယ်သည့်အခြေအနေတွင်ရှိနေပါသည်။ ရေဘေးဒဏ်ဖြစ်ပေါ်နိုင်ခြေရှိသည့် နေရာများရှိ ရွာများနှင့် နေရပ် စွန့်ခွာတိမ်းရှောင်သူစခန်းများတွင် နေထိုင်သော မွတ်စလင်များမှာ လွတ်လပ်စွာသွားလာခွင့် ကန့်သတ်ခံရမှုများကြောင့် ရေဘေးဒဏ်ခံရပါက ပိုမိုထိခိုက်လွယ်သည့် အခြေအနေတွင် ရှိသောကြောင့် ထိုလူများအတွက် စိုးရိမ်ပူပန်မှုအချို့ရှိနေပါသည်။
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင် ရွာပေါင်း ၂၆ ရွာမှ လူဦးရေ ၃,ဝဝဝ ကျော် ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရပြီး၊ ယခုအချိန်တွင် ၎င်းတို့၏ အိမ်များသို့ ပြန်သွားနိုင်ခဲ့ကြပြီဖြစ်ပါသည်။ အကယ်၍ မုတ်သုန်ရာသီအတွင်း ရေဘေးအခြေအနေ ဆိုးရွားစွာထပ်မံဖြစ်ပေါ်ခဲ့ပါက လူသားချင်းစာနာမှု ဆိုင်ရာ အရေးပေါ်ကယ်ဆယ်တုံ့ပြန်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ၊ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ပိုမို အဆင်ပြေ၊ ကောင်း မွန်သော လူသားချင်းစာနာမှုှဆိုင်ရာ အကူအညီပေးရေး သွားလာခွင့်ရှိရေးမှာ အလွန်ပင်အရေးကြီးပါလိမ့်မည်။
မွန်ပြည်နယ် ဘီးလင်းမြို့တွင် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ လူဦးရေ ၇၅ဝ ကျော် ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်း ခဲ့ရပြီး၊ ရေဘေးကယ်ဆယ်ရေးစခန်း ၅ ခုတွင် ခိုလှုံခဲ့ရပါသည်။ ၎င်းတို့အတွက် အစိုးရအာဏာပိုင်များမှ ကယ်ဆယ်ရေးအကူအညီများ ပံ့ပိုးပေး ခဲ့ပါသည်။ ရေများကျသွားခဲ့ပြီးနောက် မွန်၊ ချင်း ပြည်နယ်များနှင့် ပဲခူးတိုင်းဒေသကြီးရှိ ရေဘေးကယ်ဆယ်ရေးစခန်းအားလုံးကို ပိတ်သိမ်းခဲ့ပြီး၊ ထိုစခန်းများတွင် ခိုလှုံခဲ့သူအားလုံးမှာလည်း ၎င်းတို့၏ နေအိမ်များသို့ ပြန်သွားခဲ့ကြပြီဖြစ်ပါသည်။ သို့သော်လည်း ရေများမှာ တောင်ဘက်သို့ ဆက်လက်စီးသွားလျက်ရှိခြင်းကြောင့် စစ်ကိုင်း၊ မန္တလေးနှင့် မကွေး တိုင်းဒေသကြီးများတွင် ရေဘေးဒဏ်ကို ဆက်လက်ခံစားနေရပြီး၊ ထိုတိုင်းဒေသကြီးများရှိ နေရာအချို့တွင် လူများမှာ ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရပါသည်။ ဘေးအန္တရာယ်စီမံခန့်ခွဲရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းဒေသကြီးတွင် လူဦးရေ ၇,၄ဝဝ ကျော်မှာ ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရပြီး၊ မန္တလေးတိုင်းဒေသကြီးတွင် လူဦးရေ ၃,၆ဝဝ ကျော်မှာ ရေဘေးကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံလျက်ရှိပါသည်။
အထက်ပါ ရေဘေးသင့်သော နေရာများအားလုံးတွင် အစိုးရအာဏာပိုင်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အရပ်ဘက်လူမှုအဖွဲ့ အစည်း များနှင့် ပုဂ္ဂလိက အလှူရှင်များမှ ရေဘေးကြောင့် ထိခိုက်ခံစားရသူများ၊ ရေဘေးလွတ်ရာသို့ ယာယီရွှွှေ့ပြောင်းရသူများ၏ အရေးပေါ် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါသည်။ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(OCHA)နှင့် လူသားချင်းစာနာမှု ဆိုင်ရာအကူအညီပေးရေး မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် အစိုးရအာဏာပိုင်များနှင့် အနီးကပ်လက်တွဲဆောင်ရွက်လျက်ရှိပြီး၊ လိုအပ် ချက်များအား ဆန်းစစ်လေ့လာခြင်း၊ တုံ့ပြန်ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အရင်းအမြစ်များ စုစည်းဆောင်ရွက်ခြင်း တို့နှင့်စပ်လျဉ်း၍ ပံ့ပိုးလုပ်ဆောင်ကာ၊ လိုအပ်ပါက နိုင်ငံတော်အစိုးရ၏ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများကို အားဖြည့်၊ ပံ့ပိုးဆောင်ရွက်သွားရန် အသင့် ရှိနေပါသည်။
အောက်ပါမြေပုံတွင် အသေးစိတ် အချက်အလက်များကို ကြည့်ရှုနိုင်ပါသည်။ မြေပုံတွင် အပြာရောင်ချယ်ထားသော နေရာများမှာ ထိုဒေသတစ်ခုလုံး ရေဘေးသင့်ခြင်းကို ဆိုလိုခြင်းမဟုတ်ဘဲ၊ ထိုဒေသအတွင်းရှိ နေရာအချို့တွင် နေရာကွက်၍ ရေဘေးဖြစ်ပေါ်ခြင်းကိုသာ အထက်ပါ စာပိုဒ်များတွင် ရှင်းပြထားသည့်အတိုင်း ဆိုလိုခြင်းဖြစ်ပါသည်။
ပိုမိုသိရှိလိုပါက ဆက်သွယ်ရန်
နန်စီမက်နယ်လီ၊ လူထုသတင်းအချက်အလက်ထုတ်ပြန်ရေးနှင့် ကိုယ်စားပြုအရေးဆိုဆောင်ရွက်မှုဆိုင်ရာ အရာရှိ၊
လူသားချင်းစာနာမှုဆိုင်ရာ ညှှိုနှိုင်းရေးရုံး (မြန်မာ)
အီးမေးလ် – [email protected] ၊ ဖုန်း – +၉၅ (ဝ) ၉၇၉၇၀၀၇၈၁၅
မြန်မာဘာသာဖြင့် ဤနေရာ၌ ရယူပါ။
အင်္ဂလိပ်ဘာသာဖြင့် ဤနေရာ၌ ရယူပါ။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.