11 July 2019
ဤစာတမ်းသည် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSAတပ်ဖွဲ့မှ ကျူးလွန်ချိုးဖောက်သည့် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်နှင့် အချက်အလက်များကို တအာင်းလူ့အခွင့်အရေးဆိုင်ရာကွန်ရက်မှ ပူးပေါင်း သုတေသနပြုစုထားသည့် စာတမ်းဖြစ်သည်။
ဤစာတမ်း၏ ရည်ရွယ်ချက်မှာ တအာင်းဒေသအတွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် ဖြစ်ပွားနေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ရပ်တန့်စေရန်နှင့် ကျူးလွန်ခံရသူများအတွက် အမှန်တရားနှင့် တရားမျှတမှုရရှိစေရန် ရည်ရွယ်ပါသည်။ စာတမ်းတွင် အဓိကအားဖြင့် ၂၀၁၅ခုနှစ်မှ ၂၀၁၉ခုနှစ် ဇွန်လအတွင်း RCSS/SSA မှ ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှု အချက်အလက်များကို ကောက်ခံစုဆောင်းထားပါသည်။ ထို့အပြင် ၂၀၁၈ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုအချက်အလက်များကို ဖြစ်ပွားခဲ့သည့် နယ်မြေဒေသများသို့ ကွင်းဆင်းပြီး နောက်ဆက်တွဲ အချက်အလက်များအား ကောက်ယူပြုစုနိင်ခဲ့သည်။ လူ့အခွင့်အရေးချိုးဖောက်မှုအမျိုးအစားတွင် များသောအားဖြင့် မတရားဖမ်းဆီးချုပ်နှောင်ခြင်း၊ သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ လူမဆန်စွာ ပြုမူခြင်း၊ အစအနပျောက်ဆုံးခြင်းနှင့် လက်နက်ကိုင်အသင်းအဖွဲ့နှင့်ဆက်သွယ်သည်ဟု စွပ်စွဲခြင်း စသည့်တို့ အများစုဖြစ်သည်။
စာတမ်းတွင် လေ့လာကွင်းဆင်းပြီး ကောက်ခံထားသည့်အချက်အလက်များ၊ ဖြစ်စဉ်အခြေအနေများ၊ ဖြစ်စဉ်ပြဇယားများ၊ ရွာသားများနှင့် ကျူးလွန်ခံ ရသူများ၏ သက်သေထွက်ဆိုချက်၊ မျက်မြင်သက်သေထွက်ဆိုချက်များကို ဖော်ပြထားသည့်အပြင် ကျူးလွန်ခံရသူနှင့် နစ်နာသူ မိသားစုများအပါအဝင် မိမိတို့ တအာင်းလူ့အခွင့်အရေးဆိုင်ရာကွန်ရက်မှ တောင်းဆိုထားသည့် တောင်းဆိုချက်များ ပါဝင်သည်။
စာတမ်းအပြည့်အစုံကို ဤနေရာ၌ ရယူပါ။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.