03 May 2019
၁။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာတွင် မသင်္ကာဖွယ် အမျိုးသား ၂၇၅ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ခေတ္တ ထိန်းသိမ်းစစ်ဆေးနေစဉ် ၂-၅-၂၀၁၉ ရက်နေ့ နံနက် ၂ နာရီအချိန်ခန့်၌ အဆိုပါ ထိန်းသိမ်းထားသူများအနက် အချို့က ညာသံပေး အော်ဟစ်၍ ဝိုင်းဝန်းအကြမ်းဖက်တိုက်ခိုက်ရန် ကြိုးပမ်း လာကြသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ခုခံကာကွယ်ရန်အတွက် ပစ်ခတ်ထိန်းသိမ်း လူစုခွဲခဲ့ရာ အမျိုးသား ၆ ဦး သေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာရရှိကာ ၄ ဦး ပျောက်ဆုံး လျက်ရှိကြောင်း သိရှိရပါသည်။
၂။ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေသည့် ဒေသများတွင် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးမှု မဖြစ်စေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့်လည်းကောင်း၊ AA လက်နက်ကိုင် အဖွဲ့အနေဖြင့်လည်းကောင်း နှစ်ဘက်စလုံးက ဂရုပြုကြပါရန် အလေးအနက် တိုက်တွန်း အပ်ပါသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်
ရက်စွဲ၊ ၂၀၁၉ ခုနှစ်၊ မေလ ၃ ရက်
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.