ကမ္ဘာ့ စာနယ်ဇင်းလွတ်လပ်ခွင့်နေ့  အထိမ်းအမှတ် ပြည်တွင်းအရပ်ဘက်အဖွဲ့ အစည်းများ၏ တိုက်တွန်းလှုံ့ ဆော်ချက်

30 April 2019

Media for Democracy: Journalism and Elections in Times of Disinformation

ဒီမိုကရေစီအတွက် သတင်းမီဒီယာ “လုပ်ကြံသတင်းခေတ်ရဲ့ ရွေးကောက်ပွဲများနှင့် စာနယ်ဇင်းပညာ”

ရက်စွဲ။   ။  ၃၀ ၊ ၄၊ ၂၀၁၉ ။

၂၀၁၉ ခုနှစ် မေလ (၃) ရက်နေ့ တွင် ကျရောက်မည့် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အား မြန်မာနိုင်ငံ အခြေစိုက် အရပ်ဘက် အဖွဲ့ အစည်းများက ကြိုဆိုဂုဏ်ပြုအပ်ပါသည်။

လွတ်လပ်မျှတသည့် သတင်းမီဒီယာများသည် ဒီမိုကရေစီစနစ် ၏ ကျောရိုးဖြစ်သည့်အပြင်  ပြည်သူနှင့် အစိုးရ အကြား ဆက်သွယ်ဆက်ဆံပေးသည့် ပေါင်းကူး တံတားလည်း ဖြစ်ပါသည်။ မြန်မာ့ဒီမိုကရေစီအရေးတွင် လူထု၏ “မျက်စိ နှင့် နား” များဖြစ်ခဲ့ကြသည့် သတင်းမီဒီယာများ၏ အခန်းကဏ္ဍကို မိမိတို့ ရပ်ဘက် အဖွဲ့အစည်းများက အထူးပင် လေးစား တန်ဖိုးထားပါသည်။ ဒီမိုကရေစီရေးအတွက် တာဝန်ထမ်းဆောင်ရင်း ကျဆုံးခဲ့ကြသည့် သတင်းမီဒီယာသမားများကို အသိအမှတ်ပြု လေးစားဦးညွတ်ကြောင်း အလေးအနက်ဖော်ပြ အပ်ပါသည်။

၁။ ယနေ့ကာလတွင် ဒီမိုကရေစီ ရည်မှန်းချက်ထားရှိသည့် မြန်မာနိုင်ငံ၏ သတင်းမီဒီယာလွတ်လပ်ခွင့်သည် လွတ်လပ်မှု မရှိဘဲ ခြိမ်းခြောက်ခံနေရသည့်အခြေအနေသို့ ရောက်နေသည်ဟု ကိန်ဂဏန်းများက ညွှန်းဆိုနေပါသည်။

၂။ လက်ရှိမြန်မာနိုင်ငံ၏ သတင်းမီဒီယာလွတ်လပ်ခွင့်သည် ကမ္ဘာ့အဆင့် (၁၃၈) [1]တွင် တည်ရှိနေပြီး ၂၀၁၈ ခုနှစ် ထက် တဆင့်လျော့ကျ သတ်မှတ်ခံရသည့်အခြေအနေရှိနေသည်။ လက်ရှိအစိုးရ လက်ထက်တွင် သတင်းမီဒီယာ သမားများ အပေါ် တရားစွဲဆိုမှု (၃၁) မှုထိရှိနေပြီး (၄၇) ဦးသည် တရားရင်ဆိုင်နေရသည်။[2]

၂၀၁၃ မှ ၂၀၁၇ အတွင်း သတင်းမီဒီယာ လွတ်လပ်ခွင့်သည် ယခင်သတ်မှတ်ချက်မှ အဆင့် ၂၀ ထိ တိုးတက်ခဲ့ပြီး၂၀၁၈ မှစ၍ အဆင့် (၇) ဆင့်ထိ ပြန်လည်ကျဆင်းလာခဲ့ခြင်းဖြစ်သည်ကို ၀မ်းနည်းစွာဖြင့် မှတ်သား ရပါသည်။ ၂၀၁၈ ခုနှစ် စက်တင်ဘာလ တွင် ရိုက်တာ သတင်းထောက် (၂) ဦးဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦး တို့ အား ထောင်ဒဏ် (၇) နှစ် ချမှတ်ခဲ့သည့် ဖြစ်စဉ်သည် မြန်မာပြည်တွင်းရှိ အရပ်ဘက် အဖွဲ့ အစည်းများ၊ သတင်း မီဒီယာများအကြား အံ့အားသင့် ထိတ်လန့်မှုကို ဖြစ်စေခဲ့သည်သာမက နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း ရှုတ်ချ ကန့် ကွက်ခဲ့ကြသည်။

၃။ ၂၀၁၉ ခုနှစ် မြန်မာနှစ်သစ်ကူး အခါသမယ တွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာခြင်းများ ရှိခဲ့ပြီး အဆိုပါ မင်္ဂလာတရားနှင့်ပြည့်စုံသည့် လုပ်ရပ်ကို မိမိတို့ က ကြိုဆိုကြောင်း ဖော်ပြအပ်ပါသည်။ သို့ သော် အကျဉ်းသား (၁၆၄၉၉) ဦးကို လွှတ်ပေးခဲ့ရာ နိုင်ငံရေးအကျဉ်းသား (၅၀) ဦးအနက် (၅) ဦးသာ လွတ်မြောက် ခဲ့သည်ကိုလည်း တွေ့ ရှိ ရပါသည်။

အစိုးရအနေဖြင့် ကမ္ဘာ့ကုသမဂ္ဂ အခြေခံလူ့အခွင့်အရေး စာတမ်းပါ အပိုဒ် (၁၉) အရ လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့် အား လေးစားလိုက်နာသောအားဖြင့်

(က) မြန်မာနိုင်ငံအကျဉ်းထောင်အသီးသီးတွင် စာနယ်ဇင်းတာဝန်များ ထမ်းဆောင်ရင်း အကျဉ်းကျခံနေရသည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦး အပါအ၀င် နိုင်ငံရေး အကျဉ်းသား (၄၅) ဦးကို အမြန်ဆုံး လွှတ်ပေးပါရန် နှင့်

(ခ) သတင်းမီဒီယာသမားများ ကို အလွယ်တကူ စွဲချက်တင်၍ ဖမ်းဆီးအပြစ်ပေးနိုင်သည့် ဥပဒေများဖြစ်သည့် ဆက်သွယ်ရေးဥပဒေ ပုဒ်မ (၆၆-ဃ) ၊ မတရားအသင်း ဥပဒေ၊ နိုင်ငံတော်လျို့ ဝှက်ချက်ဥပဒေ၊ ရာဇသတ်ကြီး ရှိ အသေရေဖျက်မှု ဆိုင်ရာ ဥပဒေပုဒ်မများ (ပုဒ်မ ၅၀၀၊ ၅၀၅ က နှင့် ခ) ၊ သတင်းမီဒီယာ ဥပဒေ၊ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုနှင့် လွတ်လပ်မှုကို ကာကွယ်ပေးသည့် ဥပဒေများကို နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့် အညီ ပြင်ဆင်၊ပယ်ဖျက်ခြင်း များကို အမြန်ဆုံးပြုလုပ်ပေးပါရန် ပြည်တွင်းအရပ်ဘက်အဖွဲ့ အစည်းများက လေးနက်စွာ တိုက်တွန်း အပ်ပါသည်။

တိုက်တွန်းလှုံ့ ဆော်ချက်အတွက် ဆက်သွယ်ရန်

၁။ ဦးတိတ်နိုင် (AAPP) 09-428023828/ +66 812878751

၂။ ဦးလှိုင်းသစ်ဇင်ဝေ (ခ) သာလွန်ဇောင်းထက် (PCMJ) 09 – 443077557

၃။ ဒေါ်သဉ္ဖာရွှန်းလဲ့ရည် (ACDD) 09 – 795574775

အရပ်ဘက်အဖွဲ့ အစည်း ၁၉၀ ပါဝင်ထောက်ခံသော တိုက်တွန်းချက် အပြည့်အစုံကို ဤနေရာ၌ ရယူပါ။

Announcements

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia