မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၁၂/၂၀၁၈)

December 22nd, 2018  •  Author:   Myanmar National Human Rights Commission  •  0 minute read
Featured image

၁။      တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်ကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် ဝမ်းမြောက်စွာ ကြိုဆိုပါသည်။

၂။      နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်သော ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး အတွက်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သာမက နိုင်ငံရေးနည်းဖြင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းဖြေရှင်းပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို ဆောင်ကျဉ်း နိုင်ရေး နိုင်ငံတော်အစိုးရအနေဖြင့် အလေးထားကြိုးပမ်းဆောင်ရွက်နေသည့် အချိန်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ အဆိုပါ ထုတ်ပြန်ချက်သည်များစွာ အထောက်အကူဖြစ်စေသည့် အပြုသဘောဆောင်သောထုတ်ပြန်ချက် တစ်ရပ် ဖြစ်ပါကြောင်း ဖော်ပြ အပ်ပါသည်။

၃။      ဤကာလအတွင်းအမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာနနှင့်ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးအပါအဝင် ငြိမ်းချမ်းရေးဆိုင်ရာများကို တိုင်းရင်းသာလက်နက်ကိုင် အဖွဲ့အစည်းအားလုံးပါဝင်၍ ညှိနှိုင်းဆွေးနွေးသွားခြင်းအားဖြင့် တိုင်းရင်းသား ပြည်သူအများ မျှော်လင့်နေကြသည့် ထာဝရငြိမ်းချမ်းရေးကို အမြန်ဖော်ဆောင်နိုင်ကြပါစေကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင်မှတိုက်တွန်းအပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ  ၂၂   ရက်