မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများ စီမံခန့်ခွဲမှု ဥပဒေ (၂၀၁၈) နှင့် ဆက်စပ်ကြေညာချက် အပေါ် အရပ်ဘက်လူမှု အဖွဲ့အစည်းများ ၏ သဘောထားထုတ်ပြန်ချက်

တိုင်းရင်းသားပြည်သူများ အပြင်းအထန် ကန့်ကွက်ခဲ့သည့် မြေလွတ် မြေလပ် မြေရိုင်းများ စီမံခန့်ခွဲမှု ဥပဒေကို ပြင်ဆင်သည့် ဥပဒေအား ၂၀၁၈ စက်တင်ဘာလ ၁၂ ရက် တွင် အတည်ပြုပြဌာန်းခဲ့ပြီးနောက် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲမှု ဗဟိုကော်မတီ၏ ၂၀၁၈ အောက်တိုဘာ ၃၀ ရက်စွဲဖြင့် ဗဟိုကော်မတီ၏ ခွင့်ပြုချက်မရရှိပဲ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို ရယူအသုံးပြုလျှက်ရှိသည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအနေဖြင့် မှတ်ပုံတင်ရန် အသိပေးအကြောင်းကြားချက်အား ထုတ်ပြန်ခဲ့သည်။

အဆိုပါ ဥပဒေ၏ ပုဒ်မ ၂၂ ပုဒ်မခွဲ (ခ) အရ ဥပဒေအတည်ပြုပြဌာန်းပြီး ခြောက်လအတွင်း သတ်မှတ်ချက်များနှင့် အညီမှတ်ပုံတင်ရမည်ဟု ဖော်ပြပါရှိသည်။

၎င်းအပြင် ဥပဒေပုဒ်မ ၂၇ ပုဒ်မခွဲ (က) တွင် ဗဟိုကော်မတီ၏ ခွင့်ပြုမိန့်မရရှိပဲ မြေလွတ် ၊ မြေလပ် ၊ မြေရိုင်းများကို အသုံးပြုသူ မည်သူမဆို ပုဒ်မ ၂၂ ပုဒ်မခွဲ (ခ) ပုဒ်မခွဲငယ် (၃) ပါ ပြဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ၂ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ၊ ကျပ် ၅ သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြပါရှိသည်။

၎င်း မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများ စီမံခန့်ခွဲမှု ဥပဒေ နှင့် အဆိုပါ အသိပေး အကြောင်းကြားစာ အပေါ် မိမိတို့ အရပ်ဘက် အဖွဲ့အစည်း ၃၂၇ ဖွဲ့၏ သဘောထား ရပ်တည်ချက်များကို ထုတ်ပြန်လိုက်ပါသည် ။

ဆက်သွယ်ရန်

ကိုစည်သူ 09790739488
မိခမွန်း 09401601822
အဲလက်စ် 09785175874
ကိုရဲလင်းမြင့် ‭ 09791685056‬
ကိုသန့်စင် ‭ 09422190691

သဘောထားထုတ်ပြန်ချက် အပြည်အစုံကို ဤနေရာတွင် တွေ့နိုင်ပါသည်။

သဘောထားထုတ်ပြန်ချက် အင်္ဂလိပ်ဘာသာကို ဤနေရာတွင် တွေ့နိုင်ပါသည်။

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia