ကရင်ပြည်နယ် ဘားအံမြို့ နယ် တန်(၄၀၀၀) ဘိလပ်မြေစက်ရုံ နှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ကြေငြာချက်

10 November 2018

ကရင်ပြည်နယ် ၊ဘားအံမြို့နယ် မြိုင်ကလေးကျေးရွာ အုပ်စု နှင့် လှာကာ ကျေးရွာ အုပ်စု အတွင်းတွင် တစ်ရက်လျှင် တန် (၉၀၀) ထုတ်လုပ်သော ဘိလပ်မြေစက်ရုံ တစ်ရုံ နှင့် တစ်ရက်လျှင် တန် (၄၀၀၀) ထုတ်လုပ်သော ဘိလပ်မြေစက်ရုံ စုစုပေါင်း စက်ရုံ နှစ်ရုံ တည်ရှိပြီး ယခင် စစ်အစိုးရ ပိုင်လုပ်ငန်း ဖြစ်သော မြန်မာစီးပွားရေးကော်ပိုရေးရှင်း (MEC) မှ စတင် တည်ဆောက် လည်ပတ်ခဲ့သည်မှာ ယခုဆိုလျှင် နှစ်ပေါင်း နှစ်ဆယ်ကျော် ကြာခဲ့ပြီ ဖြစ်သည်။

ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ တန်(၄၀၀၀)ထွက်ရှိသော ဘိလပ်မြေ စက်ရုံ အား ယခင်က သဘာဝဓါတ်ငွေ့လောင်စာဖြင့် လည်ပတ်နေရာမှ ယခုနှစ် (၂၀၁၈)မှ စတင်ပြီး ကျောက်မီးသွေးစွမ်းအင်ဖြင့် လည်ပတ်ရန် ပြင်ဆင်လျက်ရှိပါသည်။ ထိုသို့ ပြင်ဆင်လုပ်ဆောင်မှုတွင် ပွင့်လင်းမြင်သာမှု အားနည်းခြင်းများ ရှိနေပါသောကြောင့် ဒေသခံပြည်သူများအနေဖြင့် သဘောထားတစ်ရပ် ထုတ်ပြန်အပ်ပါသည်။

၁။  တန်(၄၀၀၀) ဘိလပ်မြေစက်ရုံသည် ကျွန်ုပ်တို့ပြည်သူများအဖို့ တစ်စုံ တစ်ရာ အကျိုးအမြတ် ဖြစ်ထွန်းမှု မရှိဘဲ ကျန်းမာရေးနှင့် ပတ်ဝန်းကျင် ဆိုးကျိုးများကိုသာ အဓိက ခံစားနေရပြီး အလုပ်အကိုင်ရရှိခြင်း နှင့် ဒေသခံများ၏ ဖွံ့ဖြိုးမှုများဖြစ်သော ပညာရေး၊ လူမှုရေးတို့မှာ နိမ့်ကျနေဆဲဖြစ်သည်။ ထို့ကြောင့် ယခု ကျောက်မီးသွေးစွမ်အင်အသုံးပြုပြီး လည်ပတ်မည့်စက်ရုံ အဖို့ ပိုမို ဆိုးဝါးသော သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေး၊ ကျန်းမာရေး ကို ထိခိုက်မည် ဖြစ်သည့်အတွက် ကျွန်ုပ်တို့ ဒေသခံများမှ လုံးဝ ကန့်ကွက်ပါသည်။

၂။       ထို့ပြင် ပွင့်လင်းမြင်သာမှုသည် ဒီမိုကရေစီ၏ အနှစ်သာရ တစ်ခုဖြစ်သည့် အလျောက် ယခု တန်(၄၀၀၀) စီမံကိန်းအား ကျောက်မီးသွေးစွမ်းအင်နှင့် လည်ပတ်မည့် ကိစ္စရပ်နှင့် ပတ်သက်၍ ဒေသခံပြည်သူများအား ပွင့်လင်းစွာအသိမပေးပဲ ကျောက်မီးသွေးလောင်စာများအား သယ်ယူခြင်း၊ လည်ပတ်ရန် ပြင်ဆင်ခြင်း၊ ခွင့်ပြုမိန့်များအားလည်း ပြသခြင်းမရှိဘဲ လုပ်ဆောင်နေခြင်းအပြင်၊ စက်ရုံအတွင်း မတော်တဆ ဖြစ်ပွားမှု ကြောင့် အသက်သေဆုံးခြင်းများကိုလည်း ထိန်ချန်ခဲ့မှု အပေါ် ပြည်သူများအနေဖြင့် အလွန်စိုးရိမ်မိပြီး ဒီမိုကရေစီ ကျင့်ထုံးနှင့်အညီ လုပ်ဆောင်နေခြင်း မရှိခြင်း မရှိသည့်အတွက် အကျွန်ုပ်တို့မှ ကန့်ကွက်ပါသည်။

၃။       စီမံကိန်းများ တည်ဆောက်လုပ်ဆောင်ရာတွင် (EIA) ဥပဒေလုပ်ထုံးလုပ်နည်းအရ လူမှုပတ်ဝန်းကျင် ထိခိုက်နိုင်မှုကို သုတေသန စစ်တမ်းလုပ်ဆောင်ရန် လိုအပ်ပါသည်။ယခု (EIA) စစ်တမ်းလုပ်ဆောင်မှုနှင့်  စီမံကိန်းအပေါ် ပြည်သူများ၏  ဆုံးဖြတ်ချက် သဘောထား မရရှိမီ  ကာလအတွင်း  ကျောက်မီးသွေး သယ်ယူပို့ဆောင်နေခြင်းများ အား (လုံးဝ) ရပ်တန့်ထားရန် နှင့် သက်ဆိုင်ရာ ပြည်နယ်နှင့် ပြည်ထောင်စု အစိုးရမှ အဆိုပါ ကျူးလွန်မှု များအား အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးစေလိုကြောင်း တိုက်တွန်းပါသည်။

 

ဒေသခံပြည်သူများကို ဆက်သွယ်ရန်

၁) ဇရပ်ဖြူကျောင်းဆရာတော် ဦးဏ္ဍိန္ဒာစာရ              09-773473598

၂) ဒေါ်စိုးစိုးဋ္ဌေး                                            09-794409233/ 09-425036127

၃) လှာကာကျေးရွာ ဒေသခံ                                  09-767246117/09445055659

ထုတ်ပြန်ချက်ကို ဤနေရာတွင် ရယူပါ။

Read this statement in English HERE.

Announcements


PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Subscribe

Copyright © 2017 - 2026 All Rights Reserved - Progressive Voice (PV)
Website by Bordermedia