16 September 2018
မြန်မာနိုင်ငံရှိ လက်ရှိအကျပ်အတည်းက ညွှန်းပြနေသည်မှာ မြန်မာစစ်တပ်အနေဖြင့် ရခိုင်၊ ကချင်နှင့် ရှမ်းပြည်နယ်များတွင်သာမက မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြားတိုင်းရင်းသားဒေသများ၌လည်း နိုင်ငံတကာ လူသားချင်း စာနာမှုဆိုင်ရာဥပဒေနှင့် လူ့အခွင့်အရေးဥပဒေများကို ကျယ်ကျယ်ပြန့်ပြန့် ချိုးဖောက် အလွဲသုံးစား ပြုနေခြင်းပင်ဖြစ်သည်။ ထိုနေရာများ၌ ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများသည် “နိုင်ငံတကာ ဥပဒေအောက်တွင် ကြီးလေးသော ရာဇဝတ်မှုများဖြစ်ကြောင်း” ကုလသမဂ္ဂမှ လုပ်ပိုင်ခွင့်ပေးထားသည့် လွတ်လပ်သော နိုင်ငံတကာအချက်အလက်ရှာဖွေရေးမစ်ရှင် (Independent International Fact-Finding Mission on Myanmar – FFM) ၏ အစီရင်ခံစာတွင် ဖော်ပြကာ ယင်းအချက်ကို အတည်ပြုခဲ့သည်။ မြန်မာစစ်တပ်၏ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တကွ အခြားထိပ်ပိုင်းဗိုလ်ချုပ် ငါးဦးတို့အား ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော လူမျိုးတုံးသတ်ဖြတ်မှုနှင့် ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် ဖြစ်ပွားခဲ့သော လူသားမျိုးနွယ်စုအားဆန့်ကျင်သည့်ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများ အတွက် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ကာ တရားစွဲဆို အရေးယူရန် အစီရင်ခံစာမှ အကြံပြုတိုက်တွန်း ထားပါသည်။ လူသားမျိုးနွယ်စုအားဆန့်ကျင်သည့် ရာဇဝတ်မှုမြောက်သော ရိုဟင်ဂျာ ၈၀၀,၀၀၀ ကျော်အား မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာထွက်ပြေးစေရအောင် မောင်းထုတ်မှုအတွက် စီရင်ပိုင်ခွင့်အား ကျင့်သုံးမည်ဟု အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (International Criminal Court – ICC) ၏ တရားစီရင်မှုမတိုင်မီ အကြိုပြင်ဆင်ရေးဌာန (Pre-Trial Chamber) မှ ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ဆုံးဖြတ်ချက် ချခဲ့ပါသည်။
ယခုစာတမ်းသည် မြန်မာနိုင်ငံ၏အခြေအနေကို ဖြေရှင်းပေးနိုင်ဖွယ်ရာ တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းယန္တရား အမျိုးမျိုးကို တင်ပြထားပါသည်။ အနာဂတ် တာဝန်ယူမှုတာဝန်ခံမှုှ ဖြစ်စဉ်များနှင့် ပတ်သက်၍ အကြံပြုတိုက်တွန်းချက်များပေးအပ်ရန် တာဝန်ပေးထားသော ယန္တရားများမှတစ်ဆင့် ကုလသမဂ္ဂ တွင် စုဆောင်းထားသော သက်သေအထောက်အထားများအပေါ် ခြုံငုံသုံးသပ်ချက်ဖြင့် ဤစာတမ်းကို အစပျိုး မည်ဖြစ်ပါသည်။ ထိုမှတစ်ဆင့် စစ်ရာဇဝတ်သားများအား အရေးယူနိုင်ရန်အလို့ငှာ ရေတိုအတွက်ဖြစ်စေ၊ ရေရှည်အတွက်ဖြစ်စေ အသုံးပြုရန် ဖြစ်နိုင်ခြေအမျာဆုံးဖြစ်သည့် အပြည်ပြည်ဆိုင်ရာ လုပ်ထုံးလုပ်နည်း ယန္တရားများကို ဆက်လက်မိတ်ဆက်ပေးသွားပါမည်။ ထို့အပြင် လုပ်ဆောင်ခဲ့ပြီးသော အရေးယူဆောင်ရွက်မှု များနှင့်ပတ်သက်ပြီး ဖတ်ရှုသူ နားလည်လွယ်မည့် လျပ်တပျက်မြင်ကွင်း၊ နှင့် အနာဂတ်ဖြစ်နိုင်ခြေများအတွက် နောက်ခံအခြေအနေနှင့် သော့ချက်ကျသည့် မှတ်သားစရာများကို ပေးဝေနိုင်လိမ့်မည်ဟု ဤစာတမ်းမှ မျှော်လင့်ထားပါသည်။
အခွင့်အရေးအခြေခံသည့် အရပ်ဘက်လူထုအဖွဲ့အစည်းများအနေဖြင့် ICC မှတစ်ဆင့်သာလျှင် တာဝန်ယူမှုတာဝန်ခံမှုကို ရရှိနိုင်မည်ဟု ယုံကြည်ကာ ၎င်းတို့၏ထောက်ခံမှုကို ဖော်ပြခဲ့ကြပါသည်။ ICC အနေဖြင့် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ “နေရပ်စွန့်ခွာထွက်ပြေးစေရအောင် မောင်းထုတ်ခြင်း” ဟူသော ရာဇဝတ်မှုအပေါ်တွင် တရားစီရင်ပိုင်ခွင့်ရှိသည်ကို တွေ့ရှိပြီးဖြစ်သဖြင့် ကျူးလွန်ခံရသူအုပ်စုများနှင့် နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့အစည်း (International Non-Government Organization – INGO) များမှ သက်သေအထောက်အထားများ စံနစ်တကျစုဆောင်းပံ့ပိုးပေးနိုင်ရေး သေချာစေရန်အတွက် ICC နှင့် တက်ကြွစွာ ထိတွေ့ဆက်ဆံမှုများလုပ်ဆောင်ရန် လွန်စွာအရေးကြီးလှပါသည်။ ရေတိုကာလတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများ၌ နေထိုင်နေကြသော ကျူးလွန်ခံရသူများနှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများက သက်သေအထောက်အထားများကို နိုင်ငံတကာစံနှုန်းများနှင့်အညီ စုဆောင်း၊ ထိန်းသိမ်း၍ စံနစ်တကျ ထားသိုမှတ်တမ်းပြုထားရန်မှာလည်း အလားတူအရေးကြီးပါသည်။
ဤစာတမ်း အပြည့်အစုံကို မြန်မာဘာသာဖြင့် ဖတ်ရန်။
ဤစာတမ်း အပြည့်အစုံကို အင်္ဂလိပ်ဘာသာဖြင့် ဖတ်ရန်။
၎
င
၎
၎
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.