ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာကမ္ဘာ့ဌာနေတိုင်းရင်းသားများနေ့ကို ပြည်တွင်းစစ်ကြောင့်နေရပ်စွန့်ခွာခဲ့ရသော ဌာနေကရင်လူထုတို့မှ နိုင်ငံတကာသဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးကွဲထိန်းသိမ်းစောင့်ရှောက်ရေး၊ နှင့် မြန်မာနိုင်ငံ၏ငြိမ်းချမ်း ရေးတည်ဆောက်မှုများကို အထောက်အကူပြုပံ့ပိုးသော ၎င်းတို့၏အသိအညာ၊ အတတ်ပညာနှင့်လုပ်ဆောင်မှုများအား ဖလှယ်ခြင်းနှင့်အတူ ဆင်နွဲကျင်းပသည်။
သြဂုတ်လ ၉ ရက်နေ့သည် ကုလသမဂ္ဂက ဌာနေတိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ကြေညာချက်ထုတ်ပြန်သည့် ၁၁ ကြိမ် မြောက်နှစ်ပတ်လည်နေ့ဖြစ်ကာ ယင်းနေ့ကို အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ဌာနေတိုင်းရင်းသားများနေ့အဖြစ် စစ်ပွဲကြောင့် နေရပ် စွန့်ခွာလာကြရသောကရင်လူထုများနှင့် ၄င်းတို့၏မိတ်ဖက်ကရင်လူမှုအဖွဲ့များက မူတြော် (ဖာပွန်) ခရိုင်ရှိ အိတူထပြည်တွင်း ဒုက္ခသည်စခန်းတွင် ကျင်းပကြသည်။
မျိုးဆက်ပေါင်းများစွာ ဌာနေကရင်တိုင်းရင်းသားများသည် သူတို့ပတ်ဝန်းကျင်ရှိ မြေယာ၊ မြစ်ချောင်း၊ သစ်တောများနှင့် အရှည် တည်တံခိုင်မြဲစွာ အတူယှဉ်တွဲနေထိုင်ခဲ့ကြသည်။ သူတို့တတွေသည် ဆယ်စုနှစ်များစွာရှည်ကြာသည့် လက်နက်ကိုင်ပဋိပက္ခ၊ အကြီးစားရေအားလျှပ်စစ်စီမံကိန်းကြောင့် နေရပ်စွန့်ခွာရမှုနှင့် တရားမ၀င်ထုတ်လုပ်ရောင်းဝယ်မှုတို့ကြောင့် ဘိုးဘွားပိုင်သစ် တောများပြုန်းတီးမှု စသည့်ဒုက္ခများ ခံစားနေကြရသည်။ ယနေ့ကာလတွင် တကမ္ဘာလုံးကလက်ခံထားသည့် ဌာနေတိုင်းရင်း သားများ၏အခွင့်အရေးနှင့် နိုင်ငံတကာကသတ်မှတ်ထားသည့် အသက်ရှင်ရပ်တည်ရေးဆိုင်ရာ အနှိမ့်ဆုံးသတ်မှတ်ချက်များ၊ ဂုဏ်သိက္ခာများ၊ ကျန်းမာပျော်ရွှင်မှုဆိုင်ရာစံနှုန်းများကို မြန်မာအစိုးရက လေးစားလိုက်နာရန်အတွက် ဌာနေကရင်လူမှုအသိုင်း အ၀ိုင်းက တောင်းဆိုနေသည်။
နေရပ်စွန့်ခွာကရင်လူမှုအသိုင်းအ၀ိုင်းက သူတို့၏ နေထိုင်မှုဘဝပုံစံ၊ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံ၊ ဘိုးဘွားစဉ်ဆက်ကျင့်သုံးခဲ့ သော ဂေဟဗေဒဆိုင်ရာအသိပညာများ ဖလှယ်ခြင်းနှင့်အတူ ဌာနေတိုင်းရင်းသားများနေ့ကို အတူစုပေါင်းကြသည်။ သြဂုတ်လ ၉ ရက်နေ့ အခမ်းအနားတွင် ကရင်ဘာသာဖြင့် ထုတ်ဝေသော “ပန်းမံသစ်ခွစုံလင်လှ…လူမှုဘဝသာယာလှ” အမည်ရှိ အစီရင်ခံစာ အသစ်ကိုလည်း မိတ်ဆက်ဖြန့်ချိသည်။ ဌာနေကရင်လူမှုအသိုင်းအ၀ိုင်းမှ အမျိုးသမီးများသာပါဝင်သည့် သုတေသနအဖွဲ့က မြန်မာပြည်တောင်ပိုင်းရှိ ကဆောထယ်နှင့်သောသီဖေါ်ဂေါ်ကျေးရွာပိုင်ဘုံသစ်တောများမှ မျိုးတုံးမည့်အန္တရာယ်နှင့်ရင်ဆိုင်နေရ သောသစ်ခွမျိုးစိတ်များကို ၄ နှစ်ကြာအချက် အလက်ရှာဖွေစုဆောင်းပြီး ပထမဆုံးအကြိမ်အဖြစ် ထုတ်ပြန်ခြင်းဖြစ်သည်။ သုတေ သနအဖွဲ့သည် သစ်ခွမျိုးစိတ် ၁၂၁ မျိုးကို ရှာဖွေနိုင်ကာ အချို့သောမျိုးစိတ်များသည် မျိုးတုံးမည့်အခြေအနေနှင့် ရင်ဆိုင်နေရ သကဲ့သို့ အချို့သည် ရှားပါး၍လူမသိသောမျိုးစိတ်များဖြစ်သည်။ ၄င်းတို့၏ရှာဖွေတွေ့ရှိမှုသည် ဌာနေတိုင်းရင်းသားတို့၏ အသိ ပညာဗဟုသုတသည် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးအတွက် အဖိုးထိုက်တန်သည့်ပေးဆပ်မှုဖြစ်ကြောင်း ပြသနေပေသည်။ ထို့ပြင် ကရင်အမျိုးသမီးများသည် ယင်းပညာရပ်နယ်ပယ်တွင် အရေးပါသောအခန်းကဏ္ဍက ပါဝင်ကြောင်းကို ပြသနေပေသည်။ အခမ်းအနားတွင် ပညာရှင်များဦးဆောင်သည့် ဆွေးနွေးပွဲများ၊ ယဉ်ကျေးနှင့်ပြဇာတ်အစီအစဉ်၊ ဓါတ်ပုံပြပွဲနှင့် သတင်း မှတ်တမ်းပြပွဲများပါဝင်သည်။
သံလွင်ငြိမ်းချမ်းရေးဥယျာဉ်သည် အားလုံးပါဝင်သည့်သဘာဝပတ်ဝန်းကျင်နှင့်ဇီဝမျိုးကွဲထိန်းသိမ်းရေးနှင့် ယဉ်ကျေးမှုအမွေ အနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးများဆီသို့ ရှေးရှုလုပ်ဆောင်သောအစီအစဉ်တခုဖြစ်ပြီး တချိန်တည်းတွင် မြန်မာနိုင်ငံအရှေ့ တောင်ပိုင်း၊ ကော်သူးလေ၊ မူတြော် (ဖာပွန်) ခရိုင်အတွင်း မိမိဘိုးဘွားမြေအားမိမိကိုယ်တိုင်စီမံအုပ်ချုပ်ပိုင်ခွင့်ရှိသော ဌာနေ ကရင်တိုင်းရင်းသားတို့ ၏ကိုယ်ပိုင်ပြဌာန်းခွင့်ကို အသိအမှတ်ပြုပေးခြင်းအားဖြင့် ငြိမ်းချမ်းရေးကိုတည်ဆောက်ရန် လုပ် ဆောင်နေသောအစီအစဉ်ကြီး တခုဖြစ်သည်။ လက်ရှိတွင် နိုင်ငံအတွင်းကန့်သတ်ကာကွယ်သောနယ်မြေဒေသများကို အစိုးရ များကသတ်မှတ်ရာ၌ ဌာနေတိုင်းရင်းသားပြည်သူများနှင့် လူမှုအသိုင်းအ၀ိုင်းကထိန်းသိမ်းထားသောနယ်မြေဒေသ (ICCAs) များ ကိုလည်း စည်းမျဉ်းဥပဒေများနှင့်တကွ ကာကွယ်မှုအောက်ရှိသောနယ်မြေဒေသများအဖြစ်သတ်မှတ်ရန် နိုင်ငံတကာက တက် တက်ကြွကြွ ကြိုးပမ်းပြောဆိုခြင်းများရှိနေပြီး ယခုသံလွင်ငြိမ်းချမ်းရေးဥယျာဉ်လုပ်ရှားမှုသည် အဆိုပါနိုင်ငံတကာလုပ်ရှားမှု၏ အစိတ်အပိုင်းတခုဖြစ်သည်။ ထိုမှသာလျှင် ဇီဝမျိုးကွဲများထာဝစဉ်ရှင်သန်ရေးနှင့် သဘာဝပတ်ဝန်းကျင်နှင့်သဟဇာဖြစ်သည့် အသက်မွေးဝမ်းကြောင်းများ ရေရှည်တည်မြဲရေးအတွက်သော်လည်းကောင်း၊ ဘေးအန္တရယ်များကိုကာကွယ်ရာနှင့် တုံ့ပြန်ရာ တွင်သော်လည်းကောင်း ဌာနေတိုင်းရင်းသားပြည်သူများနှင့် လူမှုအသိုင်းအ၀ိုင်းကထိန်းသိမ်းထားသောနယ်မြေဒေသ (ICCA) က တရားဝင်စွာနှင့်ထိရောက်စွာဆောင်ရွက်နိုင်မည်ဖြစ်သည်။
ကမ္ဘာရာသီဥတုဆိုင်ရာအကျပ်အတည်းကာလတွင် ကမ္ဘာကြီး၏ဂေဟစနစ်နှင့်သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရေးသည် အလွန်အရေးပါနေပြီး ရာသီဥတုပြုပြင်ပြောင်းလဲရေးအတွက် စုပေါင်းဆောင်ရွက်ကြရာတွင် ဌာနေတိုင်းရင်းသားများသည် အရေး ပါသောအခန်းကဏ္ဍမှ ပါဝင်နေပေသည်။ ဌာနေတိုင်းရင်းသားများက ထိန်းသိမ်းဆောင်ရွက်နေသော သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်နှင့် တနင်္သာရီတိုင်းဒေသကြီးရှိ အခြားလူမှုအဖွဲ့အစည်းကဆောင်ရွက်နေသော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများသည် မြန်မာအစိုးရ၏ တနိုင်ငံလုံးဂေဟစနစ်ထိန်းသိမ်းရေးဆိုင်ရာနည်းဗျူဟာနှင့် လုပ်ငန်းဆောင်ရွက်ချက်များကို များစွာအထောက်အကူပြုနေသည်။
အပြည်ပြည်ဆိုင်ရာကမ္ဘာ့ဌာနေတိုင်းရင်းသားများနေ့အခမ်းအနားကို ကရင်ရိုးရာယဉ်ကျေးမှုနှင့်အသိ ပညာအတတ်ပညာများကို ဖလှယ်ပြသကျင်းပခြင်းနှင့်အတူ
သတင်းအချက်အလက်များရယူလိုပါက အောက်ပါပုဂ္ဂိုလ်များကို ဆက်သွယ်နိုင်ပါသည်။
၁။ နော်ဝါးခူရှီး၊ ကရင်အမျိုးသမီးများအဖွဲ့၊ + 66 0861182261၊ (ကရင်၊ မြန်မာ၊ နှင့်အင်္ဂလိပ်ဘာသာ)။
၂။ ပဒိုစောဒီဂေဂျူနီယာ၊ သံလွင်ငြိမ်းချမ်းရေးကော်မတီချုပ်၊ မူတြော်ခရိုင်၊ ကော်သူးလေ၊ +66 878511061 (ကရင်၊ မြန်မာ၊ နှင့်အင်္ဂလိပ်ဘာသာ)။
၃။ စောဖေါလ်စိန်ထွား၊ ကရင်သဘာဝပတ်ဝန်းကျင်နှင့်လူမှုလုပ်ရှားမှုကွန်ရက်၊ +66 817 247 093 (ကရင်နှင့်အင်္ဂလိပ်ဘာသာ)။
ဤထုတ်ပြန်ချက်ကို မြန်မာဘာသာဖြင့် ဤနေရာတွင် ရယူရန်။
ဤထုတ်ပြန်ချက်ကို ကရင်ဘာသာဖြင့် ဤနေရာတွင် ရယူရန်။
ဤထုတ်ပြန်ချက်ကို အင်္ဂလိပ်ဘာသာဖြင့် ဤနေရာတွင် ရယူရန်။
င
င
19 May 2026
28 May 2026
28 May 2026