မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် SSA လက်နက်ကိုင်အဖွဲ့မှ လူငယ်များအား ဖမ်းဆီးခေါ်ဆောင်သွားသည့်ကိစ္စနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက် သတင်းထုတ်ပြန်ချက်အမှတ်စဉ် (၈/၂၀၁၈)

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် SSA လက်နက်ကိုင်အဖွဲ့မှ လူငယ်များအား ဖမ်းဆီးခေါ်ဆောင်သွားသည့်ကိစ္စနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက် သတင်းထုတ်ပြန်ချက်အမှတ်စဉ် (၈/၂၀၁၈)

၁။      ရှမ်းပြည်နယ်၊ ကျိုင်းခမ်းဒေသရှိ EZY ကုမ္ပဏီ၊ Power Tun ကုမ္ပဏီ၊ Love and Like ကုမ္ပဏီ၊ Pan Thu ကုမ္ပဏီတို့တွင် အလုပ်လုပ်ကိုင်နေကြသည့် အလုပ်သမား ၁၂ ဦးကို SSA၊ တပ်မဟာ ၇၅၉၊ တပ်ခွဲ ၁၉၈ မှ ၂၈‑၁၂‑၂၀၁၀ ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားသဖြင့် ပျောက်ဆုံး လူငယ်များ၏မိဘများက မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ တိုင်ကြားလာ ပါသည်။

၂။      သို့ဖြစ်၍ ကော်မရှင်မှ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ ၁၁‑၁‑၂၀၁၈ ရက်စွဲဖြင့် အကြောင်းကြားခဲ့ ရာ  ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၃‑၅‑၂၀၁၈ ရက်စွဲပါစာဖြင့်  ပြန်ကြားလာသည့်စာတွင်-

(က)    SSA မှ ကုမ္ပဏီလုပ်သားအချို့အား ဖမ်းဆီးခေါ်ဆောင်သွားပြီး ယင်းတို့အနက် အချို့ ကို ပြန်လွှတ်ပေးပြီး မောင်ဝေလင်းစိုး၊ မောင်ကျော်စွာဟိန်း၊ မောင်ကျော်လင်းဖြိုး၊ မောင်စစ်မျိုးနိုင်၊ မောင်ထင်ကျော်နှင့် မောင်ထွေးတို့ ၆ ဦးအား SSA မှ ဆက်လက် ဖမ်းဆီးထားပါသည်။

( ခ )   အဆိုပါကုမ္ပဏီများက SSA-S တပ်ဖွဲ့ဝင်များနှင့်ချိန်းဆို၍ ၆‑၁‑၂၀၁၁ ရက်နေ့၌ ငွေ ကျပ်သိန်း ၂၀၀ ကို သွားရောက် ပေးပို့ပြီး ရွေးယူရန် ကြိုးစားခဲ့သော်လည်း ၎င်းတို့ တောင်းခံထားသည့် ငွေမပြည့် ဟုဆိုကာ သွားရောက်ပေးပို့သူ ၇ ဦးအဖွဲ့မှ ဦးစိုင်းစံလှ တစ်ဦးကိုသာ ပြန်လွှတ်ပေးခဲ့ပြီး ကျန် ၆ ဦးကိုလည်း ထပ်မံ ဖမ်းဆီးထားခဲ့ပါသည်။

( ဂ )   ဖမ်းဆီးခံထားရသူ ၁၂ ဦးမှာ ယနေ့အချိန်အထိ ပြန်လည် လွတ်မြောက်လာခြင်း မရှိ သေးသဖြင့် ဒေသခံလူငယ်များ ပြန်လည်စေလွှတ်ပေးရေးအတွက် ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှ တောင်ကြီးမြို့ရှိ RCSS/SSA ဆက်ဆံရေးရုံးသို့ အကြောင်းကြားထားသည် ဟု ဖော်ပြပါရှိပါသည်။

၃။      အဆိုပါဖြစ်စဉ်သည် နိုင်ငံတော်၏ ငြိမ်းချမ်းရေး ဖော်ဆောင်နေသည့် လုပ်ငန်းစဉ်ကို ထိခိုက် စေနိုင်သည့်အပြင် အပြစ်မဲ့ တိုင်းရင်းသားပြည်သူများ၏ အခြေခံလူ့အခွင့်အရေးကို ထိခိုက်စေသည်ဟု သုံးသပ်ရရှိပါသဖြင့် ဖမ်းဆီးထားသူများကို ပြန်လည်လွှတ်ပေးသင့်ပါကြောင်း အလေးအနက် တိုက်တွန်းအပ်ပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်
ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ   ၇   ရက်

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia