ရှေ့ဆက်ရန်မဖြစ်နိုင်တော့သည့် မြန်မာ့ငြိမ်းချမ်းရေး ဆွေးနွေးမှုခရီး – မြေယာကဏ္ဍဆွေးနွေးမှုမှ ချဉ်းကပ်လေ့လာခြင်း

ရှေ့ဆက်ရန်မဖြစ်နိုင်တော့သည့် မြန်မာ့ငြိမ်းချမ်းရေး ဆွေးနွေးမှုခရီး – မြေယာကဏ္ဍဆွေးနွေးမှုမှ ချဉ်းကပ်လေ့လာခြင်း

လက်ရှိမြန်မာငြိမ်းချမ်းရေးဖြစ်စဉ်သည် ရေရှည်ငြိမ်းချမ်းရေး (သို့) ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုသစ်ဆီသို့ ဦးတည်ရန် မဖြစ်နိုင်တော့သည့် အခြေအနေသို့ ရောက်နေသည်မှာ အငြင်းပွားဖွယ်ရာမရှိ ရှင်းလင်းနေပြီဖြစ်သည်။ ယခုအချိန်ထိ မြန်မာတပ်မတော်ကိုယ်စားလှယ်များသည် ၄င်းတို့ဖော်ဆောင်လိုသော ငြိမ်းချမ်းရေးပုံစံကို အကောင် အထည်ဖေါ်နိုင်ရန် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ကို စစ်ရေး၊ နိုင်ငံရေးနှင့် အာဏာရှင်ဆန်သောစည်းမျဉ်းဥပဒေများ အားဖြင့် အကြပ်ကိုင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ လွန်စွာအရေးကြီးသော အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးမှုများအပေါ် အနှောင့်အယှက်ပေးပိတ်ဆို့ခြင်း၊ အရေးကြီးအစုအဖွဲ့တို့၏ပါဝင်မှုအား ဖယ်ချန်ထားခြင်း၊ အရေးကြီးလှသောနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနှင့်ရေရှည်ငြိမ်းချမ်းရေးရရှိရန်အတွက် မဖြစ်မနေဆွေးနွေးရန်လိုအပ်သည့် အဓိကအချက်များကို ဆွေးနွေးခွင့်မပေးခြင်း၊ တားမြစ်ခြင်း၊ အစရှိသည့် လုပ်ဆောင်မှုများဖြင့် ကြိုးကိုင်လျက်ရှိသည်။

ဒီမိုကရက်တစ်ဖက်ဒရယ်ဆီသို့ လှမ်းချီပြုပြင်ပြောင်းလဲနိုင်ရေးသည် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွေ့ဆုံဆွေးနွေးမှု၏ အဓိကကျသောအပိုင်းဖြစ်ပြီး မြေယာနှင့်သဘာဝအရင်းအမြစ်များအပေါ် ပြည်ထောင်စုအစိုးရကို အာဏာနှင့် လုပ်ပိုင် ခွင့်အပြည့်အ၀ပေးထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအ၀င် တည်ဆဲဥပဒေများအား ပြင်ဆင်ခြင်း နှင့်ဖျက် သိမ်းခြင်းဆိုင်ရာ လုပ်ဆောင်ခြင်းများအပေါ်တွင် များစွာမူတည်လျက်ရှိသည်။ လက်ရှိမြေယာနှင့်သဘာဝအရင်း အမြစ်ကဏ္ဍစီမံခန့်ခွဲမှုစနစ်မှ ဖက်ဒရယ်ကျကျစီမံခန့်ခွဲမှုစနစ်ဆီသို့ ပြောင်းလဲနိုင်ရေးသည် စစ်မှန်သောငြိမ်းချမ်း ရေးနှင့် တိုက်ရိုက်ဆက်စပ်လျက်ရှိပြီး ဤသို့သောပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်နိုင်မှုမရှိခြင်းသည် ပဋိပက္ခ၏ အဓိက တွန်းအားဖြစ်နေသည်။ “အားလုံးပါဝင်သောနိုင်ငံရေးဆွေးနွေးမှု” နှင့် “တန်းတူညီမှုနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်” တို့သည် စစ်မှန်သောငြိမ်းချမ်းရေး၏အနှစ်သာရဖြစ်သည်ဟု နိုင်ငံရေးဆွေးနွေးမှု မူဘောင်က ဆိုထားချိန်တွင်   နိုင်ငံ ရေးဆွေးနွေးမှု ကဏ္ဍ(၅) ရပ်ဖြစ်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့်သဘာဝအရင်းအမြစ်၊ လုံခြုံရေး ကဏ္ဍများတစ်လျှောက်အတွင်း ဖက်ဒရယ်စနစ်ကျကျစီမံခန့်ခွဲနိုင်ရေးအတွက် တင်ပြဆွေးနွေးသော အဆိုပြုမှုများကို မြန်မာတပ်မတော်ကိုယ်စားလှယ်များမှ ဆက်တိုက်ကန့်ကွက်နေလျက်ရှိသည်။

အဆင့်ဆင့်လုပ်ဆောင်လာခဲ့သော ကရင်အမျိုးသားနိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများမှတဆင့် တံခါးပေါက်(၅) ချပ် အဖြစ်သုံးနှုန်းသော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု၏လုပ်ငန်းစဉ်တလျှောက်မှ ပေါ်ထွက်လာသော မြေယာကဏ္ဍနှင့်ဆိုင် သည့်ဆွေးနွေးမှုရလဒ်များကိုအခြေခံပြီး လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း ဆုံးဖြတ်ချက်ချပိုင်ခွင့်အာဏာသည် မည်သည့်နေရာတွင် အများဆုံးတည်ရှိနေပြီး နှင့် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်မှာ မည်ကဲ့သို့ ကြိုးကိုင်ခြယ်လှယ်ခြင်းခံ နေရသည်ကို KPSN၏ ယခုအစီရင်ခံစာတွင် အသေးစိတ်ဆန်းစစ်လေ့လာတင်ပြထားပါသည်။ ကျွန်ုပ်တို့၏ တွေ့ရှိ ချက်များအရ မြန်မာတပ်မတော်ကိုယ်စားလှယ်များသည် မြေယာကဏ္ဍနှင့်ဆိုင်သော တွေ့ဆုံဆွေးနွေးမှုများတွင် တိုင်းရင်းသားအစုအဖွဲ့များတင်ပြသော အဆိုပြုချက်အကြောင်းအရာများကို စနစ်တကျကန့်ကွက်ပိတ်ဆို့ နိုင်ခဲ့ ကြောင်း တွေ့ရသည်။ ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်းပါဝင်သောအစုအဖွဲ့များအားလုံး “၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပါအတိုင်းဆောင်ရွက်ရန်” နှင့် “တည်ဆဲဥပဒေများကို တင်းကျပ်စွာလိုက်နာရန်”ဟု တဖက်သတ်ဆိုထားသော မြန်မာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏မူ (၆) ချက်ကိုကျော်လွန်ပြီး မြန်မာတပ်မတော်ဖက်က မည်သည့်အရာမှ မဆွေး နွေးလိုကြောင်းကို ဤဒီမိုကရေစီမဆန်သောလုပ်ဆောင်မှုများက ရှင်းလင်းစွာ သာဓကပြထားသည်။

ဤကဲ့သို့ပင် ၂၀၁၇ မေလတွင် ကျင်းပခဲ့သော (၂၁) ရာစုပင်လုံညီလာခံ ဒုတိယအကြိမ်အစည်းအဝေးမှ ရလာသည့် သဘောတူညီချက် (၃၇) ချက်အရ တိုင်းရင်းသားညီလာခံများမှ သဘောတူညီစွာ ရရှိထားသော ဖက်ဒရယ်စနစ်ကျကျ မြေယာနှင့်သဘာဝအရင်းအမြစ်စီမံခန့်ခွဲမှုဆိုင်ရာ အခြေခံမူများအားလုံးမှာ ငြင်းပယ်ခံရကြောင်း ဖော်ပြလျက်ရှိသည်။ ထိုသဘောတူညီချက် (၃၇) ချက်တွင်လည်း မြေယာနှင့်သက်ဆိုင်သည့် အခြေခံမူ (၁၀) ချက်သာပါဝင်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်တည်ဆဲဥပဒေများက အသက်သွင်းထားသည့် ဗဟိုအစိုးရ၏ ဗဟိုချုပ်ကိုင်မှုနစ်ကြီးကို ပိုပြီး တောင့်တင်းခိုင်မာစေသည်။ အနာဂတ်ပြည်ထောင်စုအတွင်းပါဝင်ရန်ဟုအဆိုပြုထားသော အဆိုပါသဘောတူညီချက် (၃၇) ချက်ကို  “ကိုယ်စားလှယ်အရေအတွက်အနည်းငယ်”က သဘောတူလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေးဆွေး နွေးမှု မူဘောင်လုပ်ထုံးလုပ်နည်းအတိုင်း မလုပ်ဆောင်ခဲ့ပေ။ အခြေခံပြည်ထောင်စုသဘောတူညီမှုများအား ရရှိရန် ရည်ရွယ်ပြီးပြုလုပ်သော အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများအတွင်း အဆိုပြုသောဖက်ဒရယ်မူဝါဒများကို အသိ အမှတ်ပြုမှုမရှိခြင်းသည် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် စစ်မှန်ကောင်းမွန်သောသဘောထားမရှိကြောင်း ပြသလိုက် ခြင်းဖြစ်သည်။ တိုင်းရင်းသားတို့၏မြေယာအခွင့်အရေးများကိုလေးစားခြင်းမရှိပဲ မြန်မာပြည်ရှိပြည်သူအားလုံးအတွက် တန်းတူညီမျှမှုကိုပေးနိုင်မည့်  စစ်မှန်သောငြိမ်းချမ်းရေးမှာ ဖြစ်မလာနိုင်ပေ။

ငြိမ်းချမ်းရေးဖြစ်စဉ်စတင်ခဲ့သော (၇) နှစ်တာကြာကာလအတွင်း မြန်မာတပ်မတော်မှ အင်အားအလုံးအရင်းဖြင့် ထိုး စစ်ဆင်မှုများကြောင့် ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်ရှိ ပြည်သူပေါင်း ၁၅၀,၀၀၀ ကျော်မှာ အတင်းအဓမ္မ နေရပ်စွန့်ခွါ ရသည့်အပြင် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ကို ကရင်အမျိုးသားအစည်းအရုံးမှ ၂ဝ၁၅ ခုနှစ်အတွင်း လက်မှတ်ရေးထိုးခဲ့ပြီးနောက်တွင် ကရင်ပြည်သူ ၈၅၀၀ ကျော်မှာ ၎င်းတို့၏နေအိမ်နှင့်မြေပေါ်မှ အတင်း      အဓမ္မစွန့်ခွါခဲ့ရသည်။ NLD အစိုးရသည်လည်း ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့်ရခိုင် ပြည်နယ် များအတွင်း တပ်မတော်၏ထိုးစစ်ဆင်နေမှုများအပေါ် တစုံတရာပြောဆိုရန်ပျက်ကွက်ခဲ့ပြီး လူထုပေါင်း ၇၀၀,၀၀၀ မှာ ၎င်းတို့နေရပ်များကို အတင်းအဓမ္မစွန့်ခွါပြီး ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခိုလှုံခဲ့ရသည်။ ကရင်ပြည်နယ်အတွင်း မြန်မာ တပ်မတော်ဖက်မှ စစ်ရေးအရှိန်မြင့်တင်နေသည့်အခြေအနေ၌ နိုင်ငံတော်အတိုင်ပင်ခံက ချီးကျူးရည်ညွှန်းသော “ကရင့်ပုံစံငြိမ်းချမ်းရေးစံပြ”သည် လက်တွေ့တွင် ထုံးစံအတိုင်း “စီးပွားရေးသို့” သဘောသာ ရှိသည်။

ကျွန်ုပ်တို့၏လေ့လာတွေ့ရှိချက်များအရ အာဏာအပြည့်အ၀ရရှိသော  တပ်မတော်နှင့်အစိုးရကိုယ်စားလှယ်များသည်    ငြိမ်းချမ်းရေးဖြစ်စဉ်ကိုအသုံးချပြီး မြေယာနှင့်သဘာဝအရင်းအမြစ် ပိုင်ဆိုင်ရေး၊ စီမံခန့်ခွဲရေးနှင့် ထိန်းချုပ်ရေးတို့၌ ဗဟိုချုပ်ကိုင်မှုကို တရားဝင် ပိုမိုအားကောင်းအောင်လုပ်ဆောင်နေကြောင်း ယူဆရပြီး တိုင်းရင်းသားပြည်သူတရပ်လုံး က ကျယ်ကျယ်ပြန့်ပြန့်သဘောတူလက်ခံသည့် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးဟူသော မျှော် မှန်းချက်ကို လဲပြိုနေစေလျက်ရှိသည်။

KPSN ၏ အကြံပြုချက်များ

မြန်မာတပ်မတော် နှင့် မြန်မာအစိုးရ

၁။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အကန့်အသတ်နှင့်ကင်းလွတ်သော နိုင်ငံရေးဆွေးနွေးမှုနှင့်ဆွေးနွေးအ ဖြေရှာမှုများပါဝင်သော မူဘောင်အသစ်တခုကို ရေးဆွဲဖေါ်ထုတ်ရမည်။

၂။ မြန်မာတပ်မတော်သည် ၎င်း၏ထိုးစစ်အားလုံးကို ရပ်တန့်သင့်ပြီး၊ အားလုံးသဘောတူသော တနိုင်ငံလုံးအတိုင်း အတာအပစ်အခတ်ရပ်စဲရေးကို အကောင်အထည်ဖေါ်သင့်သည်။ ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးညှိ နှိုင်းမှုကော်မတီ (FPNCC) နှင့် ညီညွတ်သောတိုင်းရင်းသားဖက်ဒရယ်ကောင်စီ (UNFC)အပါအ၀င် တိုင်းရင်းသား များအားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးမှုကို ကျင်းပရမည်။

၃။ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများလုပ်ငန်းစဉ်တလျှောက် အကြီးစားဖွံ့ဖြိုးရေးစီမံကိန်းများကို ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေအသစ်ကျင့်သုံးနိုင်သည်အထိ ခေတ္တရပ်ဆိုင်းထားရမည်။

၎။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်လူမှုအသိုင်းအ၀န်းများအကြား  တွေ့ဆုံဆွေးနွေးမှုများကိုသော် လည်းကောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချင်းချင်းအကြား တွေ့ဆုံမှုများကိုသော်လည်းကောင်း၊ ကန့်သတ်ပိတ်ပင်ခြင်းလုံးဝမရှိရ။

၅။ NLD အစိုးရသည် ၎င်း၏ မူလရည်မှန်းချက်များအတိုင်း ပြန်လည်ဆောင်ရွက်သင့်ပြီး၊ “တိုင်းရင်းသားများ၏ အခွင့် အရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် အာမခံနိုင်ရန်” ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပြင်ဆင်မည် ဟူသော ရွေးကောက်ပွဲကတိက၀တ်အတွက် စတင်တိုက်ပွဲဝင်ရမည်။

နိုင်ငံတကာအသိုင်းအဝန်း

၆။ လက်ရှိ တိုင်းရင်းသားလူထုကိုယ်တိုင် စီမံအုပ်ချုပ်နေသော ကျန်းမာရေး၊ ပညာရေး၊ မြေယာနှင့် သဘာဝသယံ ဇာတစီမံခန့်ခွဲမှုစနစ်များနှင့် တရားရေးယန္တရားများကို မြန်မာအစိုးရ၊ ကုလသမဂ္ဂအေဂျင်စီများနှင့် မြန်မာနိုင်ငံကို ကူညီပံ့ပိုးနေသောအလှူရှင်များက အသိအမှတ်ပြုရမည်။

၇။ နိုင်ငံတကာ၏ပံ့ပိုးကူညီမှု ဖြတ်တောက်ခြင်းခံထားရသော ဒုက္ခသည်များနှင့် IDP ပြည်သူများအတွက် နိုင်ငံ တ ကာအထောက်အပံ့များကို ချက်ချင်းပြန်လည်ကူညီပေးရန် နှင့် နိုင်ငံတကာစံသတ်မှတ်ချက်အတိုင်း ထောက်ပံ့ ပေးရမည်။

၈။ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုလုပ်ငန်းစဉ်အား  ငွေကြေးကူညီထောက်ပံ့ပေးသော အလှူရှင်များအနေဖြင့် ၎င်းတို့ ထောက်ပံ့ပေးသောငွေများသည် လက်ရှိလမ်းဆုံးရောက်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထောက်ပံ့ပေးခြင်းထက် စစ်မှန်ပြီး အဓိပ္ပါယ်ပြည့်ဝသော နိုင်ငံရေးအပြောင်းအလဲကို ဦးတည်စေနိုင်သည့် အလှူငွေများဖြစ်ရေးကို ဦးတည်ဆောင်ရွက်   သင့်သည်။

၉ ။ တိုင်းပြည်အတွင်း ဒီမိုကရေစီ/ဖက်ဒရယ်မူနှင့်ကိုက်ညီသော မြေယာကဏ္ဍပြုပြင်ပြောင်းလဲမှုသို့ အရောက်သွားနိုင် ရန် လွှတ်တော်အတွင်း မြေယာပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်ကိုပေးသော ငွေကြေး သို့မဟုတ် နည်းပညာအထောက် အပံ့များသည် ဒီမိုကရေစီစနစ်ကျကျနှင့် ဖက်ဒရယ်အပေါ်အခြေခံသော မြေယာကဏ္ဍပြုပြင်ပြောင်းလဲနိုင်မှုအခွင့် အလမ်းများကို ဆန့်ကျင်ခြင်းမဖြစ်အောင်၊ သို့မဟုတ် ထိခိုက်မှုတစုံတရာမရှိအောင် သတိထား ဆောင်ရွက်ရမည်။

ဆက်သွယ်ရန်

စောအဲလက်(စ်) – ဖုန်း +၉၅ (၀) ၉၇၇၉၃၁၃၅၇၅ ( ကရင်၊ ဗမာ၊ အင်္ဂလိပ်)

နော်အဲလစ် – ဖုန်း ၀၉ ၂၆၀၇၆၃၅၈၃ (ကရင်၊ ဗမာ)

ဤအစီရင်ခံစာအပြည့်အစုံကို မြန်မာဘာသာဖြင့် ဤနေရာတွင် ရယူပါ။

ဤသတင်းထုတ်ပြန်ချက်ကို မြန်မာဘာသာဖြင့် ဤနေရာတွင် ရယူပါ။

ဤသတင်းထုတ်ပြန်ချက်ကို အင်္ဂလိပ်ဘာသာဖြင့် ဤနေရာတွင် ရယူပါ။

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia