တီကျစ် ကျောက်မီးသွေး စက်ရုံ တစ်နှစ်တာ စမ်းသပ်လည်ပတ်မှု အပြီး စီမံကိန်း ဆက်လက် လည်ပတ်သွားမည်ကို တီကျစ်ဒေသရှိလူထုများ အလွန်စိုးရိမ်ပူပန်လျက်ရှိနေသည်။ တီကျစ် စီမံကိန်း ဆက်လက်လည်ပတ်ပါက ပိုမိုဆိုးရွားမည့် အခြေအနေကို လေ့လာနိုင်ရန်၊ ဒေသခံလူထုများ ဒုက္ခထပ် မရောက်စေရန် နှင့် တီကျစ် ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေး စက်ရုံအား ဆက်လက် လည်ပတ်မှု မပြုရန် အတွက် ရည်ရွယ်ထုတ်ပြန်သည်။
တီကျစ်ကျောက်မီးသွေးသတ္ထုတွင်း
တီကျစ်ကျောက်မီးသွေးသတ္ထုတွင်းသည် မြန်မာနိုင်ငံ၏ အကြီးဆုံးအပွင့်ကျောက်မီးသွေးတွင်း ဖြစ်ပြီး နေ့စဉ် ကျောက်မီးသွေးတန်ချိန် ၂၀၀၀ ခန့် ထုတ်လုပ်နေသည်ဟု မြန်မာနိုင်ငံ၏ အကြီးဆုံးအပွင့်ကျောက်မီးသွေးတွင်း ဖြစ်သည် အဓိက ကျောက်မီးသွေးတွင်းမှ မြေပေါ်အပွင့် တူးဖော်ထုတ်လုပ်ခြင်းဖြစ်ပြီး၊ ၎င်း မျက်နှာပြင် ၅၀၀ ဧက အထိ ကျယ်ဝန်းပြီး ယခုလက်ရှိတွင် ထပ်မံတိုးချဲ့တူးဖော်မှုများရှိနေသည်ကို တွေ့ရသည်။ ၂၀၀၂ ခုနှစ်တွင် စတင်တူးဖော်ခဲ့ပြီး ဒိုင်းနမိုက်များဖြင့် အသုံးပြုသည်။ တီကျစ်ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို အဓိကထား ထုတ်ယူနေသည့် မိုင်းတွင်း ဖြစ်သည့်အတွက် ၂၀၁၄ ခုနှစ် စက်ရုံရပ်ဆိုင်ချိန်တွင်လည်း မိုင်းတွင်းတူးဖော်မှုမှာ ခေတ္တရပ်ဆိုင်းခဲ့ရသည်။ တီကျစ်ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ် အားပေးစက်ရုံကို ၂၀၀၁ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး အစိုးရလက်ထက်တွင် စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့သည်။ စက်ရုံကို တရုတ်နိုင်ငံ အမျိုးသား အကြီးစား စက်မှုလုပ်ငန်း ကော်ပိုရေးရှင်းကုမ္ပဏီ (China National Heavy Machinery Corporation-CHMC) က ၂၀၀၂ ခုနှစ်တွင် စတင်၍ လည်ပတ်ခဲ့သည်။ 2015 ခုနှစ် အောက်တိုဘာလ (၂၂) ရက်နေ့တွင် ဓါတ်အားပေးစက်ရုံ ပြန်လည်ပတ်နိုင်ရေးအတွက် တရုတ်နိုင်ငံမှ Wuxi Huanggaung Electric Power Engineering ကုမ္ပဏီနှင့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
(၁၀) နှစ်တာ စီမံကိန်း သက်ရောက်မှု
ကျောက်မီးသွေးသတ္ထုတွင်းစတင်တူးဖော်သည့်အချိန် ၂၀၀၃ ခုနှစ်တွင် မိုင်းတွင်းနှင့် မလွတ်ကင်း သည့် တောင်ပို့လနှင့် လိုင်ခါးကျေးရွာ ၂ ရွာရှိ လူဦးရေ ၄၀၀ ကျော် အိမ်ထောင်စု ၇၀ ကျော်ခန့် ပြောင်းရွှေ့ နေထိုင်ခဲ့ရပြီးဖြစ်သည်။ လျော်ကြေးမပေးပဲ မြေယာသိမ်းဆည်းမှုများ ရှိနေခဲ့ပြီး လျော်ကြေး အနည်းငယ်ရရှိသော ဒေသခံများလည်းရှိသည်။ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ ကြုံတွေ့ခဲ့ရပြီး၊ ဒေသခံလူထုများအကြား လူမှုရေး ဆိုင်ရာ စည်းလုံးညီညွတ်မှုပျက်ပြားခြင်း ကျေးရွာလူထုများမှ စိုက်ပျိုးရေးပြဿနာများဖြစ်သည့် မြေယာများဆုံးရှုံးခြင်း မြေဆီလွှာများ ပျက်စီးခြင်း ရေခမ်းခြောက်ခြင်းအပြင် သွားလာရေး ခက်ခဲခြင်းနှင့် ကျန်းမာရေး ဆိုင်ရာပြဿနာ များဖြစ်သည့် သွေးတိုးခြင်း ခေါင်းကိုက်ခြင်း လမစေ့ ပေါင်မပြည့်ဘဲ ကလေးမွေးဖွားမှု နှုန်းမြင့်မား လာခြင်းများ ယားယံခြင်းဝေဒနများ ခံစားရခြင်း စသည့်ပြဿနာများ ရင်ဆိုင်ခဲ့ရပြီးဖြစ်သည်။ ၁၀ စုနှစ်တာကာလ အတွင်း ဒေသနေ လူထုများ ရင်ဆိုင်နေရသည့် အခက်အခဲများကို ဖြေရှင်းခြင်း မပြုဘဲ ထပ်မံ၍ စက်ရုံလည်ပတ်နေခြင်းသည် ဒေသနေလူထုများ၏ အသံကို လျစ်လျူရှု လျက်ရှိ သည်ကို တွေ့ရသည်။ အဓိကအကြောင်းရင်းမှာ စီမံခန့်ခွဲမှုများ၊ ဆုံးဖြတ်ချက်များ မှားယွင်းခြင်း နှင့် အရည်အသွေး မပြည့်မှီသော နည်းပညာများဖြင့် တည်ဆောက်ခြင်းဖြစ်သည်။ ထို့ကြောင့် အဖက်ဖက် မှ အရှုံးပေါ်သော စီမံကိန်းဖြစ်သည်။
စီမံကိန်း (၁) နှစ် ပြန်လည် စမ်းသပ်လည်ပတ်စဉ် သက်ရောက်မှု
၁။ တီကျစ်စက်ရုံမှ ၁ နှစ်အတွင်း ပြန်လည်စမ်းသပ်လည်ပတ်မှုပြုလုပ်ရာမှ စက်ရုံလည် ပတ်သည့် အချိန်တွင် စက်သံနှင့် ကျောက်မီးသွေးပေါက်ကွဲသည့် ဆူညံသံများကြောင့် အနီးနားအဝိုက် ဒေသနေလူထုများမှာ နေ့ဘက်ပင်ပန်းစွာ ခြံအလုပ်လုပ်ပြီး အနားယူအိပ်စက်ရန်အချိန်ဖြစ်သည့် ညဘက်တွင် ကောင်းမွန်စွာ အိပ်စက်မှုများမရရှိခဲ့ကြပေ။
၂။ တီကျစ်ဒေသတွင် ကျန်းမာရေးဆိုင်ရာပြဿနာများကိုလည်း ယခင်ထက်ပိုမိုဖြစ်ပွား လျက်ရှိ ပြီး ၂၂ နှစ်ကြာ ထပ်မံ၍ လည်ပတ်မည်ဆိုပါက ဒေသနေလူထုများ၏ ရေရှည် ကျန်းမာရေး ပြဿနာများ ပိုမိုဆိုးရွာလာဖွယ်သာရှိပြီး ဘဝတလျောက်လုံး စိုးရိမ်ပူပန်မှုများဖြင့် နေထိုင်သွား ရမည်ဖြစ်သည်။ သက်ဆိုင်ရာကျန်းမာရေးဌာနများမှလည်း တီကျစ်ဒေသဝန်းကျင်တွင် ကျန်းမာရေး အခြေအနေ ဆိုးရွာနေသည်ကို တွေ့ရသော်လည်း ပုံမှန် သဘာဝ ဖြစ်ရိုးဖြစ်စဉ်ဟုသာ အကြောင်းပြ ပြောဆို နေသည်ကိုလည်း ကြားသိရသည်။ အိမ်တိုင်းလိုလိုမွေးမြူကြသည့် ကြက်ကဲ့သို့ အိမ်မွေး တိရိစ္ဆာန်များ မှာလည်း ပုံမှန်မဟုတ်သည့် ရောဂါလက္ခဏာများ တွေ့ရှိနေရ သည်ကို တွေ့ရသည်။
၃။ စိုက်ပျိုးရေးအတွက် အသုံးပြုသည့် ရေအရင်းအမြစ်သည်လည်း မိုင်းတွင်းမှ စွန့်ပစ်သည့် ရေကိုသာ မဖြစ်မနေ အသုံးပြုရသည့် အတွက် ဒေသနေလူထုများ၏ သီးနှံများ ခြံမြေများ အတွက်များစွာ အန္တာရာယ်ပြုနိုင်သည်။
၎။ စက်ရုံစမ်းသပ်လည်ပတ်စဉ်ရရှိသည့် ရလာဒ်ဆိုးများအား ဖော်ပြခြင်းမရှိပဲ ရလာဒ် ကောင်းများ ကိုသာ လူထု အချို့ကိုချပြပြီး စီမံကိန်းဆက်လက် လည်ပတ်ရန် ဖော်ဆောင်နေသည်။
စက်ရုံပြန်၍ လည်ပတ်ပါက ဒေသခံများ၏ စိုးရိမ်ပူပန်ချက်များ
“နောက်ထပ် အနှစ် (၂၂) နှစ် လည်ပတ်ပါက အနာဂါတ် မျိုးဆက်သစ်များအတွက် မတွေးဝံ့စရာ ဖြစ်ပြီး လည်ပတ်ခဲ့သည့် ၁၀ နှစ်ကျော် အတွင်း မည်သည့် ကောင်းကျိုးမှ မရရှိခဲ့ပေ။ ၎င်းဒေသရှိ လူထုများမှ ညစ်ညမ်းသော လေထု များ ဆက်လက် ရှုရှိုက်နေရမည်အရေးနှင့် မိမိတို့၏ စိုက်ပျိုးရေး၊ ၀မ်းစာရေးအတွက် ခက်ခဲလာမည်ကို စိုးရိမ် ပူပန်လျက်ရှိသည်။ ကျောက်မီးသွေးမှ မီးရှို့ပြီး ထွက်ရှိလာသည့် စွန့်ပစ်ပြာမှုန်များကြောင့် သောက်သုံးရေများမှာ သန့်ရှင်းမှုများ မရှိခြင်း ရေရှားပါးလာခြင်း ပြဿနာများလည်း ထပ်မံဖြစ်ပေါ် လာမည်ကို ပူပန်လျက်ရှိသည်။”
“ကျောက်မီးသွေးကြောင့် ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲ ပြဿနာများကို ကိုယ်ဝန် ဆောင်မိခင်များ ခလေး သူငယ်များ သက်လတ်ပိုင်းလူငယ်များ သက်ကြီးရွယ်အို ပိုင်းများအတွက် စိုးရိမ်စရာများဖြင့် ပြည့်နေလျက် ရှိပြီး လူ့သက်တမ်းစေ့ မနေနိုင်မည်ကို ပူပန် လျက်ရှိသည်။ သဘာဝ ပတ်ဝန်းကျင် ပျက်ဆီး ဆုံးရှုံးမှုများ လေထု ရေထု မြေထု ပတ်ဝန်းကျင်ညစ်ညမ်းမှုများမှာ ခါးစည်း ခံနေရမည် ဖြစ်သည်။” “ကျွန်ုပ်တို့သည် ဒီမိုကရေစီ စံနစ်ပေါ်ပေါက်လိုပါက တာဝန်ခံ၊ တာဝန်ယူသော အစိုးရ ဒီမိုကရေစီ ဆန်သော အစိုးရ သာ လိုအပ်သည်။ ကျွန်တော်တို့ သည် တရားမျှတသော၊ သဘာဝပတ်ဝန်းကျင် နှင့် လူနေမှုကို မပျက်စီးသော ရေရှည်ဖွံ့ဖြိုးရေးကိုလိုအပ်သည်။
အစိုးရ နှင့် ကုမ္မဏီများထံ ဒေသခံများ၏ အဓိက သဘောထား ဆုံးဖြတ်တိုက်တွန်းချက်
၁။ တီကျစ် ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံအား ချက်ချင်းရပ်ဆိုင်းပေးရန်
၂။ ဒေသလူထု အပေါ် ထိခိုက်ခံစားမှုများ နစ်နာမှုများ အား ကုစားပေးရန် နှင့် လျော်ကြေးများ ပေးရန်။
၃။ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာတွင် လွတ်လပ်သော ဒေသခံ လူထုများနှင့် အတူ ဒေသအကျိုးစီးပွားဖြစ်ထွန်းမှု၊ ဒေသစီမံခန့်ခွဲမှု နှင့် ဒေသလူထု ပါဝင်ဆုံးဖြတ်မှုကို အခြေခံသော မူဘောင် မူဝါဒများ ရေးဆွဲရန်
လျစ်လျူရှုခံနေရသည့် ဒေသခံလူထုများ၏ အသံ သဘောထားများကို တီကျစ်ဒေသခံများ နှင့် “ပအိုဝ်းလူငယ်အစည်းအရုံး” မှ ပူးပေါင်း ထုတ်ပြန်လိုက်သည်။
ဆက်သွယ်ရန်
ခွန်ဝင်းထိန် (တီကျစ်ဒေသခံ) (09 264760126)
ကိုစိုင်းတူး (တီကျစ်ဒေသခံ) 09 250 3400 97
ခွန်ဦး (097 656 00812) [email protected] _ PYO
သဘောထားထုတ်ပြန်ချက်ကို မြန်မာဘာသာဖြင့် ရယူပါ။
သဘောထားထုတ်ပြန်ချက်ကို အင်္ဂလိပ်ဘာသာဖြင့် ရယူပါ။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.