12 May 2018
ယနေ့ပြုလုပ်သော ငြိမ်းချမ်းရေးလူထုလှုပ်ရှားမှုအတွက် ကျွန်ုပ်တို့သည် ငြိမ်းချမ်းစွာစုဝေးခြင်း နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေအခန်း(၃)၊ ပုဒ်မ(၄)ပါ ပြဌာန်းချက်များအတိုင်း တာမွေမြို့နယ် အပါအ၀င် သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးများထံသို့ မေလ(၉)ရက်နေ့က အသိပေးတင်ပြခဲ့ပါသည်။ ထို့နောက် အသိပေးတင်ပြခဲ့သည့်စာတွင်ပါရှိသည့်အတိုင်းငြိမ်းချမ်းစွာစုဝေးမှုကို ယနေ့(၁၂.၅.၂၀၁၈)တွင် တာမွေမြို့နယ် Ocean Center ရှေ့၌ ပြုလုပ်ခဲ့ပါသည်။ ယင်းသို့စုဝေးမှုကို ခွင့်မပြုနိုင်ကြောင်း သက်ဆိုင် ရာက အင်အားသုံးပြီး လာရောက်ဟန့်တားပိတ်ဆို့ခဲ့သည့်အတွက် ဦးဆောင်သူများက ငြိမ်းချမ်းစွာဖြင့် လူစုခွဲမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးအား ညှိနှိုင်းပြောကြားခဲ့ပြီး ၄င်းကလည်း သဘောတူညီခဲ့ပါသည်။ ထို့ကြောင့်ဦးဆောင်သူများကပူးပေါင်းပါဝင်သူများအားငြိမ်းချမ်းစွာလူစုခွဲနိုင်ရန်အတွက် စီစဉ်ဆောင်ရွက် ခဲ့ပါသည်။ ကျွန်ုပ်တို့ ငြိမ်းချမ်းစွာ လူစုခွဲနေချိန်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် အမျိုးသားရေးသမားဆိုသည့် အရပ်ဝတ် လူပုဂ္ဂိုလ်များက အတင်းအဓမ္မဝင်ရောက်ရိုက်နှက်ခြင်းနှင့် ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့ပါသည်။ ဤကဲ့သို့ ရဲတပ်ဖွဲ့နှင့် အမျိုးသားရေးသမားဆိုသူများက ငြိမ်းချမ်းစွာစုဝေးနေသူများကို ဥပဒေမဲ့ အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခြင်းအပေါ် ကျွန်ုပ်တို့က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်ပြီး
(၁) လက်ရှိဖမ်းဆီးထားသူများအား ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန်
(၂) ဖမ်းဆီးရာတွင် အမျိုးသားရေးသမားဆိုသူများက အဓိကပါဝင်ခဲ့ပြီး ငြိမ်းချမ်းစွာလူစုခွဲနေသူများအား ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့ခြင်းအပေါ် စုံစမ်းဖော်ထုတ်အရေးယူပေးရန်
(၃) ငြိမ်းချမ်းစွာ လူစုခွဲနေသည့်ပြည်သူများအား ဥပဒေမဲ့အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးရန် ခိုင်းစေသည့် အဓိက တာဝန်ရှိသူအား အစိုးရက ဖော်ထုတ်အရေးယူပေးရန်
တောင်းဆိုလိုက်သည်။
ငြိမ်းချမ်းရေးလူထုလှုပ်ရှားမှုကော်မတီ
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.