မူတြော် (ဖာပွန်) ခရိုင်ဒေသ အရေးပေါ်ကူညီထောက်ပေးရေးအဖွဲ့ Mutraw Emergency Assistance Team (MEAT) သတင်းထုတ်ပြန်ချက်

၁။ မူတြော်ခရိုင်(ဖာပွန်)ဒေသ၊ တပ်မဟာ(၅)နယ်မြေ၊ လယ်မူပလောဒေသတွင် ၂၀၁၈ ခုနှစ်၊ မတ်လဆန်းမှစ၍ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ခွင့်ပြုပေးထားသည့်နယ်မြေထက် ကျော်လွန်ပြီး မြန်မာတပ်မ တော်မှ တပ်အင်အားပိုမိုချထားတပ်စွဲလာမှုနှင့် ၎င်း၏စစ်ဆင်ရေးကြောင့် KNLA နှင့် မြန်မာတပ်မတော်တို့ အကြား ပစ်ခတ်မှုများစတင်ဖြစ်ပေါ်လာပြီး ဒေသခံကျေးရွာလူဦးရေ (၂၃၀၀) ကျော် ထွက်ပြေးတိမ်းရှောင်နေရ သည်။

၂။ ၎င်းထွက်ပြေးတိမ်းရှောင်နေသော ပြည်သူလူထုတို့အားပံ့ပိုးကူညီပေးနိုင်ရန် ဒေသခံလူမှုအဖွဲ့အစည်းများမှ ပူးပေါင်း ၍ မူတြော် (ဖာပွန်) အရေးပေါ်ကူညီရေးအဖွဲ့ကိုမတ်လ (၁၂) ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီးထွက်ပြေးတိမ်းရှောင်နေ သောပြည်သူလူထုများအားကူညီထောက်ပံ့မှုများကိုဆောင်ရွက်ပေးနေပါသည်။ အထူးသဖြင့် စစ်ဘေးရှောင် ပြည်သူလူထုများအားကျန်းမာရေးနှင့်စားနပ်ရိက္ခာတို့ကိုကူညီထောက်ပံ့ပေးနေပါသည်။

၎။ ထိုသို့ကူညီထောက်ပံ့ပေးနေသည့် မိမိတို့အရေးပေါ်ကူညီထောက်ပံ့ပေးရေးအဖွဲ့၏ အဖွဲ့ဝင်တဦးဖြစ်သူ လယ်မူပ လောရွာသား စောအိုမူး၊ အသက် (၄၂) နှစ် အား ၂၀၁၈ ခုနှစ်၊ ဧပြီလ (၅) ရက်နေ့တွင် လယ်မူပလောဒေသသို့ အပြန်လမ်းခရီးတွင် မြန်မာစစ်တပ်မှပစ်ခတ်ခဲ့ရာသေဆုံးသွားပါသည်။ စောအိုမူးသည် ဌာနေကရင်တိုင်းရင်းသား အသိုင်းအ၀န်းနှင့်လူထုခေါင်းဆောင်တဦးဖြစ်ပြီး မြေယာနှင့်သစ်တောစီမံခန့်ခွဲပိုင်ခွင့်အပါအဝင် ဌာနေကရင် တိုင်းရင်းသားတို့၏အခွင့်အရေးနှင့် မူတြော် (ဖာပွန်) လူထုငြိမ်းချမ်းရေးအတွက် စိတ်ရောကိုယ်ပါ ဦးဆောင်လုပ် ရှားသူတဦးဖြစ်သည်။

၅။ ယခုကဲ့သို့ လူမှုကယ်ဆယ်ထောက်ပံ့ရေးလုပ်နေသူ အပြစ်မဲ့လူထုခေါင်းဆောင်တဦးအား မြန်မာစစ်တပ်မှ ပစ်ခတ် သတ်ဖြတ်ခြင်းသည် တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ချိုးဖောက်ရုံ သာမက လူ့အခွင့်အရေးကိုပါ ချိုးဖောက်နေပေသည်။

၆။ ထို့ကြောင့် ထွက်ပြေးတိမ်းရှောင်ပြည်သူလူထုများနှင့် မိမိတို့ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသောလူမှုဝန် ထမ်းများအားအကာအကွယ်ပေးနိုင်စေရန် သတင်းထုတ်ပြန်ချက်နှင့်အတူ နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ထံသို့ မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။

ဆက်သွယ်ရန်
1. ပဒိုမန်းမန်+ 66(0) 879438750 (ထိုင်းဖုန်း)
2. စောစိုးဒို + 66(0)843662215 (ထိုင်းဖုန်း)

ထုတ်ပြန်ကြေညာချက် မြန်မာဘာသာကို ဤနေရာတွင် ရယူနိုင်သည်။

Download this statement in English HERE.

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia