(ရန်ကုန်၊ နယူးယောက်ခ် ၂ဝ၁၈ခုနှစ် ဧပြီလ ၈ ရက်) – လူသားချင်းစာနာမှုအရေးကိစ္စများဆိုင်ရာ လက်ထောက် အထွေထွေအတွင်းရေးမှူးချုပ်နှင့် အရေးပေါ်အခြေအနေကယ်ဆယ်တုံ့ပြန်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး အာရ်ဆူလာမြူလာ သည် ၎င်း၏ ခြောက်ရက်တာ မြန်မာနိုင်ငံခရီးစဉ်ကို ယနေ့အဆုံးသတ်ခဲ့ပြီး၊ အပြည်ပြည် ဆိုင်ရာ ဥပဒေများ၊ လူသားချင်းစာနာမှုဆိုင်ရာ အခြေခံ ဥပဒေများနှင့် အညီ လူထုအားလုံး၏ လိုအပ်ချက်၊ အခွင့် အရေးများအပေါ် အခြေခံ၍ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းများ အားကောင်းစေရေးကို ဆောင်ရွက်ကြပါရန် တိုက်တွန်း၊ တောင်းဆို ပြောကြားခဲ့ပါသည်။
“မြန်မာနိုင်ငံရှိ ထိခိုက်လွယ်သောအခြေအနေအရှိဆုံးလူများအား ကာကွယ်စောင့်ရှောက်ခြင်းသည် နိုင်ငံတော် အစိုးရ၊ ပြည်တွင်းအကူအညီပေးရေးအဖွဲ့အစည်းများ၊ နိုင်ငံတကာအသိုင်းအဝိုင်းတို့မှ ဆောင်ရွက်သော လူသားချင်း စာနာမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုလုပ်ငန်း၏ အဓိကအရေးကြီးဆုံးအစိတ်အပိုင်းဖြစ်ရမည်” ဟု မစ္စမြူလာမှ ပြောကြားခဲ့ပါသည်။ “အဆိုပါလူများအနေဖြင့် နိုင်ငံ၏ မည်သည့်နေရာတွင်ရှိသည်ဖြစ်စေ၊ ၄င်းတို့၏ လူမျိုး၊ ဘာသာ၊ နိုင်ငံသားဖြစ်မှု စသည်တို့နှင့် မသက်ဆိုင်စေဘဲ၊ ပဋိပက္ခများကြောင့် ထိခိုက်ခံစားရပြီး၊ ထိခိုက် လွယ်သည့်အခြေအနေရှိသူ မည်သူတစ်ဦးတစ်ယောက်မျှ လူသားချင်းစာနာမှုဆိုင်ရာ ကာကွယ်စောင့်ရှောက်မှု နှင့်အကူအညီများကို လုံခြုံဘေးကင်းစွာ၊ ရေရှည်တည်တံ့စွာ လက်လှမ်းမှီရရှိမှု မရှိခြင်းမျိုး မဖြစ်စေရန်အတွက် အတူတကွဆောင်ရွက်ရန်လိုအပ်ပါသည်။ ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ ဦးတည်သော လမ်းကြောင်းတွင် မြန်မာနိုင်ငံရှိ မည်သူတစ်ဦးတစ်ယောက်မျှ နောက်ကျမကျန်ရပါ” ဟု မစ္စမြူလာမှ ပြောကြားခဲ့ပါသည်။
သူမ၏ခရီးစဉ်အစတွင် အရေးပေါ်အခြေအနေ ကယ်ဆယ်တုံ့ပြန်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူးသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပါသည်။ ၄င်းတို့အနေဖြင့် ပဋိပက္ခများ အဆုံးသတ်ရေး၊ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးဆိုင်ရာကြိုးပမ်းမှုများ ပိုမိုအားကောင်းစေရန် ဆောင်ရွက် ချက်များ၏ အရေးပါမှုကို ဆွေးနွေးခဲ့ကြပါသည်။ မစ္စမြူလာအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ် ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ပံ့ပိုးဆောင်ရွက်ရန် ကုလသမဂ္ဂ၏ ကတိကဝတ်ကို ထပ်လောင်း ပြောကြားခဲ့ ပါသည်။ ပဋိပက္ခနှင့်သဘာဝဘေးအန္တရာယ်များကြောင့်ထိခိုက်ခံစားရသူအားလုံးအနေဖြင့် ၄င်းတို့လိုအပ်သော လူသားချင်း စာနာမှုဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုနှင့် အကူအညီများ ရရှိစေရန်အတွက် ကုလသမဂ္ဂနှင့် ၄င်း၏ လူသာချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများမှ ဆက်လက်ပံ့ပိုးကူညီသွားမည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါသည်။ နိုင်ငံတွင်း၊ ဒေသတွင်း စွမ်းဆောင်ရည်မြှင့်တင်ခြင်း၏ အရေးပါမှုအပေါ် ၄င်းတို့နှစ်ဦးမှ သဘောတူခဲ့ပြီး၊ မစ္စမြူလာမှ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးလုပ်ငန်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းနှင့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်းဆိုင်ရာ အားထုတ်ကြိုးပမ်းမှုတို့ကို ဆက်စပ်၊ ပေါင်းစည်း လုပ်ဆောင်ခြင်းအား ပိုမိုအားကောင်း လာစေရန် ကုလသမဂ္ဂအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းလည်း ပြောကြားခဲ့ပါသည်။
အရေးပေါ်အခြေအနေကယ်ဆယ်တုံ့ပြန်ရေးဆိုင်ရာ ဒုတိယ ညှိနှိုင်းရေးမှူးအနေဖြင့် ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနများမှ ဝန်ကြီးများနှင့်လည်း တွေ့ဆုံခဲ့ပါသည်။ ပြည်ထောင်စု အစိုးရ အဖွဲ့ များနှင့် တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် တို့ရှိ လူသားချင်းစာနာမှုဆိုင်ရာ အကူ အညီလိုအပ်သည့်အခြေအနေ၊ စိန်ခေါ်မှုများနှင့် ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး ကြိုးပမ်းမှုများအတွက် နိုင်ငံတော်အစိုးရနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့ အတူတကွပူးပေါင်း ဆောင်ရွက်မှုများကို ဆွေးနွေးခွင့် ရရှိခဲ့ ပါသည်။
အရေးပေါ်အခြေအနေကယ်ဆယ်တုံ့ပြန်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး အနေဖြင့် ရခိုင်ပြည်နယ်တွင် နေရပ် စွန့်ခွာ တိမ်းရှောင်မှုဖြစ်ပြီး ခြောက်နှစ်ရှိတော့မည်ဖြစ်သော်လည်း ယခုအချိန်ထိ ဆိုးရွားသော အခြေအနေများ အောက်တွင် ကန့်သတ်မှုများဖြင့်နေထိုင်နေကြရသော လူဦးရေ ၁၃ဝ,ဝဝဝ ခန့် (အများစုမှာ ၄င်းတို့ကိုယ် ၄င်းတို့ ရိုဟင်ဂျာဟု ခေါ်ဆိုသူများ) နေထိုင်လျက်ရှိသော စခန်းများသို့လည်း သွားရောက်ခဲ့ပါသည်။ မစ္စမြူလာအနေဖြင့် မောင်တော မြို့နယ်သို့လည်းသွားရောက်ခဲ့ပြီး၊ ယခင်နှစ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် ထိခိုက် ခံစားရသော ဒေသခံလူထုများနှင့်လည်း တွေ့ဆုံခဲ့ပါသည်။ မစ္စမြူလာသည် နိုင်ငံတော်အစိုးရမှ ဆောက်လုပ် လျက်ရှိသောသော ဒုက္ခသည်များကို ပြန်လည် လက်ခံမည့် နေရာသို့လည်းကောင်း၊ အိမ်အသစ်များပြန်လည် ဆောက်လုပ်သည့် စီမံချက်များသို့လည်းကောင်း သွားရောက်ကြည့်ရှုခဲ့ပြီး၊ မီးလောင်ပျက်စီးသွားသော သို့မဟုတ် ဘူလ်ဒိုဇာများဖြင့် ဖယ်ရှားခံရသော ရွာများ ကိုလည်း တွေ့မြင်ခဲ့ပါသည်။
“ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ နယ်နိမိတ် နှစ်ဘက်လုံးတွင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီလိုအပ်သည့် အခြေအနေများဖြစ်ပေါ်လျက်ရှိပြီး၊ ထိုအခြေအနေများကြောင့် ကမ္ဘာ့အကြီးမားဆုံး နိုင်ငံမဲ့လူဦးရေအုပ်စုကို ထိခိုက်လျက်ရှိပါသည်” ဟု မစ္စမြူလာမှ ပြောကြားခဲ့ပါသည်။ “ကော့ဇက်ဘဇားရှိ ဒုက္ခသည်စခန်းများမှ ဝမ်းနည်း ဖွယ်အခြေအနေများကို ကမ္ဘာတစ်ဝှမ်းလုံးမှ အာရုံစိုက်မှုရှိနေချိန်တွင်၊ သွားလာခွင့် ကန့်သတ်ခံရမှုများကြောင့် အခက်အခဲများကြုံတွေ့နေရပြီး၊ ဖယ်ကျဉ်မှုကိုခံစားနေရသော ရခိုင်ပြည်နယ်တွင်ဆက်လက်နေထိုင်လျက်ရှိသည့် မွတ်စလင်လူဦးရေ ၄ဝဝ,ဝဝဝ ၏ ဒုက္ခအခက်အခဲများကို ကျွန်ုတို့အနေဖြင့် မေ့မထားနိုင်ပါ။ မေ့ထား၍ မရပါ။ အဆိုပါ ကန့်သတ်မှု များသည် ၄င်းတို့၏ အခွင့်အရေးများကို ကြီးမားစွာထိခိုက်စေပြီး၊ ကျန်းမာရေး စောင့်ရှောက် မှု၊ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများ၊ ကာကွယ်စောင့်ရှောက်မှု၊ ပညာရေးနှင့် အခြားမရှိမဖြစ်အရေးပါသည့် ဝန်ဆောင်မှုများ အပေါ် ၄င်းတို့ လက်လှမ်းမှီရရှိမှုကို အဟန့်အတားဖြစ်စေပါသည်။”
“ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှ ရခိုင်ပြည်နယ်ရှိ လူထုအသိုင်းအဝိုင်းအားလုံးအတွက် ပိုမို ကောင်းမွန်သော အနာဂတ်သို့ ဦးတည်သည့် အရေးကြီးသော လမ်းညွှန်ချက်များကို အကြံပြုပေးထားပြီး၊ အဆိုပါ အကြံပြုချက်များကို ကနဦးရေးသားစဉ်က ရည်ရွယ်ချက်အတိုင်း ဘက်လိုက်မှုမရှိဘဲ မျှတစွာဖြင့် အပြည့်အဝ၊ အလုံးစုံ အကောင်အထည်ဖော်ရန် လိုအပ်ပါသည်” ဟု မစ္စမြူလာမှ ပြောကြားခဲ့ပါသည်။ “ဤအကြံပြုချက်များကို မှန်ကန်စွာဖြင့် အကောင်အထည်ဖော်၊ ဖြေရှင်းဆောင်ရွက်ပါက တိုင်းရင်းသား ရခိုင်လူမျိုးများ၊ မွတ်စလင်များ သို့မဟုတ် အခြား လူနည်းစုမှ လူများ၊ မည်သူပင်ဖြစ်စေ ရခိုင်ပြည်နယ်ရှိ ထိခိုက်အလွယ်ဆုံးအခြေအနေရှိသော၊ အနွမ်းပါးဆုံးသော လူထုအသိုင်းအဝိုင်းအားလုံးမှ လူများ၏ ဘဝများကို ကြီးမားစွာ ပြောင်းလဲစေပါလိမ့်မည်။ လွတ်လပ်စွာ သွားလာခွင့်၊ လူထုအသိုင်းအဝိုင်းများကြား ပေါင်းစည်းညီညွတ်မှု၊ အသက်မွေးဝမ်းကျောင်းမှု အခြေ အနေ၊ ဝန်ဆောင်မှုများအား လက်လှမ်းမှီရရှိမှု စသည့် အရေးကြီးသော အကြောင်းအရာများကို ဖြေရှင်း ဆောင်ရွက်မှသာ ဒုက္ခသည်များ ၄င်းတို့ သဘောဆန္ဒ အလျောက်၊ ဂုဏ်သိက္ခာရှိစွာ၊ ရေရှည်အဆင်ပြေသည့် နေရပ်ပြန်လာမှုနှင့် ပိတ်သိမ်းရန် ပြင်ဆင်ထားသော စခန်းများရှိ နေရပ်စွန့်ခွာတိမ်းရှောင်သူများအတွက် အပြု သဘောဆောင်သောရလဒ်များကို ရရှိနိုင်ပါလိမ့်မည်။”
အရေးပေါ်အခြေအနေကယ်ဆယ်တုံ့ပြန်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူးမှ ရခိုင်ပြည်နယ်ရှိ မတူညီသော နေရာ များရှိ လူထုအသိုင်းအဝိုင်းအားလုံးဆီသို့ သွားရောက်နိုင်ရန် နိုင်ငံတော်အစိုးရ၏ သူမအား သွားလာခွင့် ပြုခဲ့ခြင်း အား ဝမ်းမြောက်စွာလက်ခံ ကြိုဆိုခဲ့ပါသည်။ သို့သော်လည်း သူမအနေဖြင့် အာဏာပိုင်များမှ မွတ်စလင်လူထု၏ သွားလာခွင့်အား ဆက်လက်ကန့်သတ်ချက်များထားရှိနေခြင်းနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ဝန်ထမ်းများ ကန့်သတ်မှုများဆက်လက် ကြုံတွေ့နေရခြင်းအပေါ် စိုးရိမ်ပူပန်မိပါသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံရာတွင် မစ္စမြူလာမှ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များနှင့်အညီ သွားလာခွင့်ကန့်သတ်မှုများအား ရပ်တန့်ရန်၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ များနှင့် ကာကွယ်စောင့်ရှောက်မှုများကို လိုအပ်နေသူများထံသို့ အကူအညီပေးရေးဝန်ထမ်းများမှ ကန့်သတ်ချက် မရှိဘဲ ရေရှည်သွားရောက်နိုင်ရေးကို ခွင့်ပြုပေးရန်အတွက် လက်တွေ့ကျသော ဆောင်ရွက်မှုများကို လုပ်ဆောင် ရန်တောင်းဆိုခဲ့ပါသည်။
“လွန်ခဲ့သည့် နှစ်အတွင်းတွင် မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးသွားလာခွင့်မှာ ရခိုင်ပြည်နယ်တွင်သာမက၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် သိသာထင်ရှားစွာ ဆုတ်ယုတ်သွားခဲ့ ပါသည်။ လူသားချင်းစာနာမှုဆိုင်ရာ အသက်ကယ်ဆယ်ရေးအကူအညီများကို ဖြတ်တောက်လိုက်မည်ဆိုပါက ထိခိုက်ခံစားရမည့်သူများမှာ အကူအညီလိုအပ်နေသည့် လူသားများသာဖြစ်ပါသည်” ဟု မစ္စမြူလာမှ ပြောကြားခဲ့ ပါသည်။ “ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ရှိ စခန်းအချို့သို့ ကျွန်မအနေဖြင့် သွားခွင့်ရခဲ့သော်လည်း၊ အမှန်တကယ်အရေးအကြီးဆုံးအရာမှာ ထိုဒေသများရှိ အကြမ်းဖက်မှုနှင့် ကန့်သတ်မှုများကြောင့် ထိခိုက်ခံစား ရသူများအနေဖြင့် ၄င်းတို့ အရေးတကြီးလိုအပ်လျက်ရှိသော အကူအညီများ၊ ဝန်ဆောင်မှုများကို ၄င်းတို့ ကိုယ်တိုင် လက်လှမ်းမှီ ရရှိခွင့်ရရေးပင်ဖြစ်ပါသည်။”
အရေးပေါ်အခြေအနေကယ်ဆယ်တုံ့ပြန်ရေးဆိုင်ရာဒုတိယညှိနှိုင်းရေးမှူးအနေဖြင့်ကချင်ပြည်နယ်တွင်ပြည်တွင်း နှင့်နိုင်ငံတကာမှ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေး အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ခဲ့ပြီး၊ စခန်းများသို့လည်းသွားရောက်ခဲ့ကာ နေရပ်စွန့်ခွာတိမ်းရှောင်သူများနှင့် တွေ့ဆုံစကားပြောခဲ့ပါသည်။ ကျား၊ မအခြေပြုအကြမ်းဖက်မှုကာကွယ်ရေးအပါအဝင် နေရပ်စွန့်ခွာတိမ်းရှောင်သူလူထုများအတွင်းက အမျိုးသမီးများ ၏လိုအပ်ချက်များကို တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် လုပ်ဆောင်လျက်ရှိသော အမျိုးသမီးများ၊ မိန်းကလေး ငယ်များနှင့်လည်း တွေ့ဆုံခဲ့ပါသည်။ အဆိုပါ အမျိုးသမီးများအနေဖြင့် ပိုမို လုံခြုံမှုရှိသော၊ ကြံ့ခိုင်သော လူထု အသိုင်းအဝိုင်း တည်ဆောက်ရာတွင် ပညာရေးနှင့် ကြိုတင်ကာကွယ်တားဆီးမှုတို့၏ အရေးပါမှုကို အလေးပေး ပြောပြခဲ့ကြပြီး၊ ကချင်ပြည်နယ်ရှိ နေရပ်စွန့်ခွာတိမ်းရှောင်သူအမျိုးသမီးထု ကြုံတွေ့ခံစားနေရသော စိုးရိမ်ပူပန် မှုများကိုဖော်ပြသော စာတစ်စောင်ကိုလည်း အရေးပေါ်အခြေအနေ ကယ်ဆယ်တုံ့ပြန်ရေးဆိုင်ရာ ဒုတိယ ညှိနှိုင်းရေးမှူးထံ ပေးအပ်ခဲ့ကြပါသည်။
ယခုနှစ် နှစ်ဆန်းမှစ၍ မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား ပဋိပက္ခများ ဖြစ်ပွား မှုကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တွင် အနည်းဆုံး လူဦးရေ ၁ဝ,ဝဝဝ မှာ အသစ်နေရပ်စွန့်ခွာ တိမ်းရှောင်ရခြင်း သို့မဟုတ် ထပ်မံနေရပ်စွန့်ခွာ တိမ်းရှောင်ရခြင်းများရှိခဲ့ပြီး၊ မြန်မာ့တပ်မတော်နှင့် ကချင် လွတ်မြောက်ရေးတပ်မတော်တို့အကြား၂ဝ၁၁ ခုနှစ်တွင် ပြန်လည်စတင်ခဲ့သည့် ပဋိပက္ခများကြောင့် နေရပ် စွန့်ခွာတိမ်းရှောင်ခဲ့ရသည့် လူဦးရေ ၁ဝဝ,ဝဝဝ ကျော်မှာလည်း ယခုချိန်ထိ ဆက်လက်နေရပ်စွန့်ခွာ တိမ်းရှောင် နေကြရဆဲဖြစ်ပါသည်။ မစ္စမြူလာအနေဖြင့် ဒေသတွင်း အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များကို အထူးပင် နှစ်ထောင်းအားရဖြစ်ခဲ့ပါသည်။ သူမအနေဖြင့် မတူညီသော ဒေသတွင်းအဖွဲ့အစည်းများမှ ကိုယ်စား လှယ်များနှင့်တွေ့ဆုံခဲ့ပြီး၊ ၄င်းတို့၏ ထူးချွန်ပြောင်မြောက်သောဆောင်ရွက်ချက်များအပေါ် ချီးကျူး ပြောကြား ခဲ့ပါသည်။ မြန်မာနိုင်ငံလူသားချင်းစာနာမှုဆိုင်ရာရန်ပုံငွေမှ ရန်ပုံငွေ၏ ၄ဝ ရာခိုင်နှုန်းကျော်ကို ပြည်တွင်း အဖွဲ့ အစည်းများမှတစ်ဆင့် ပံ့ပိုးပေးနိုင်ခဲ့မှုကို တွေ့မြင်ရသည့်အတွက်လည်း သူမအနေဖြင့် အထူးပင်အားရ ကျေနပ်ခဲ့ ပါသည်။
“ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခမှာ ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး ဆက်လက်ဖြစ်ပွားလျက်ရှိသော ပဋိပက္ခတစ်ခုဖြစ်သော်လည်း၊ ၄င်းမှာ မေ့လျော့ထားခြင်းခံရသည့် လူသားချင်းစာနာမှုဆိုင်ရာအကူအညီ လိုအပ် သည့် ဘေးဒုက္ခအခြေအနေတစ်ရပ်ပင်ဖြစ်ပါသည်” ဟု မစ္စမြူလာမှ ပြောကြားခဲ့ပါသည်။
“ပဋိပက္ခများသည် အရပ်သားများ နေထိုင်သည့်နေရာများနှင့် နေရပ်စွန့်ခွာတိမ်းရှောင်သူ စခန်းများ အနီးတွင်ဖြစ်ပွားလျက်ရှိပြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ လမ်းများ၊ ကွင်းပြင်များတငွ် မြေမြှုပ်မိုင်းများချထားခြင်းကို ဆက်လက်ပြုလုပ် နေကြကာ၊ လူများမှာ ၄င်းတို့၏ အိမ်များမှ ဆက်လက်စွန့်ခွာထွက်ပြေးနေကြရဆဲဖြစ်ပါသည်။ ပဋိပက္ခတွင် ပါဝင် နေသောအဖွဲ့အားလုံးအား အရပ်သားများအနေဖြင့် မည်သည့်နေရာတွင်ရှိသည်ဖြစ်စေ အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ၄င်းတို့အား ကာကွယ်စောင့်ရှောက်မှုကို သေချာစွာဆောင်ရွက်ပေးပါရန် တိုက်တွန်းပြောကြား ပါသည်။” သူမ၏ ခရီးစဉ်အတွင်း အရေးပေါ်အခြေအနေကယ်ဆယ်တုံ့ပြန်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူးအနေဖြင့် ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အားကောင်းစေရန် ဆောင်ရွက်မည့် နည်းလမ်း များကိုလည်း ဆွေးနွေးခဲ့ပါသည်။
“မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့နိုင်ခြေ အများဆုံးရှိသည့် နိုင်ငံများအနက်မှ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး၊ ပထမအကြိမ်အဖြစ် မြန်မာနိုင်ငံသို့ ကျွန်မ ရောက်ခဲ့သည့်အချိန်မှာ လွန်ခဲ့သည့် ဆယ်နှစ်က ဆိုင်းကလုန်းနာဂစ်မုန်တိုင်း ဝင်ရောက်တိုက်ခတ်ပြီးနောက် ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့နေရချိန်ဖြစ်ပါသည်” ဟု မစ္စမြူလာမှ ပြောကြားခဲ့ပါသည်။ “ထိုအချိန်နှင့်နှိုင်းယှဉ်လျှင် များစွာပြောင်းလဲမှုများကို တွေ့မြင်ရပြီး၊ ဘေးအန္တရာယ်လျှော့ချရေး ဆောင်ရွက်ချက်များကို ပိုမိုတိုးမြှင့် ဆောင်ရွက်ရန် လိုအပ်လျက်ရှိရာ၊ လွန်ခဲ့သည့် နှစ်များအတွင်း နိုင်ငံတော်အစိုးရနှင့် ပြည်တွင်းအဖွဲ့အစည်းများမှ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးကဏ္ဍများတငွ် နိုင်ငံတွင်း၊ ဒေသတွင်း စွမ်းဆောင် နိုင်ရည်များကို တည်ဆောက်ရာ၌ ထူးခြားပြောက်မြောက်သော တိုးတက်မှုများကို ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ ပါသည်။”
၂ဝ၁၈ ခုနှစ် မြန်မာနိုင်ငံ လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်ရေးစီမံကိန်းတွင် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်များရှိ လူဦးရေ ၈၃၂,ဝဝဝ တို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၈၃ သန်းကို တောင်းခံထားပါသည်။ မြန်မာနိုင်ငံရှိ လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန် ဆောင်ရွက်ရေးလုပ်ငန်းများအတွက် ရန်ပုံငွေများ အပူတပြင်းလိုအပ်လျက်ရှိပါသည်။
ထပ်မံသိရှိလိုပါက ဆက်သွယ်ရန်
မြန်မာနိုင်ငံတငွ် ဖျဲပယ်ရွန် ၊ + ၉၅ ၉၂ ၅၀၁ ၉၈၉၉၇ ၊ [email protected]
နယူးယောက်ခ်တငွ် ရာဆယ်လ်ဂီကီ ၊ +၁ ၉၁၇ ၃၃၁ ဝ၃၉၃ ၊ [email protected]
ဂျနီဗာတငွ် – ယန်းစ်လာ့ခ် ၊ +၄၁ ၇၉ ၄၇၂ ၉၇၅ဝ ၊ [email protected]
ဗီဒီယိုဖိုင်များကို ရယူရန် – https://www.unmultimedia.org/tv/unifeed/asset/2124/2124618/
ဓာတ်ပုံများကို ရယူရန် – https://bit.ly/2GHMgZ6
သတင်းထုတ်ပြန်ချက် မြန်မာဘာသာကို ဤနေရာတွင် ရယူနိုင်သည်။
Download this press release in English HERE.
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.