Statement 734 Views

ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် အရပ်ဘက်အဖွဲ့အစည်းများ၏ သဘောထားထုတ်ပြန်ချက်

March 5th, 2018  •  Author:   230 Myanmar Civil Society Organizations and 25 Individuals  •  4 minute read

(၁)

ငြိမ်းချမ်းစွာစုဝေးခြင်းနှင့်ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေကိုပြင်ဆင်သည့်ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်မှ ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် အကြံပြုစာများပေးပို့နိုင်ရန် ပြည်သူများ ထံထုတ်ပြန်ခဲ့သည်။ တတိယအကြိမ်မြောက်ပြင်ဆင်သည့် ယခုဥပဒေကြမ်းသည် အစိုးရသစ်လက်ထက်တွင် လွှတ်တော်မှ ဒုတိယအကြိမ်မြောက် ပြင်ဆင်ခြင်းဖြစ်ပြီး အဓိကပြင်ဆင်ချက် (၃) ချက်ရှိကြောင်း တွေ့ရှိရသည်။

ပုဒ်မ ၂ အရ ပြည်သူများသည် “နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ သို့မဟုတ် အများပြည်သူကိုယ်ကျင့်တရား” တို့နှင့်မဆန့်ကျင်မှသာ၎င်းတို့၏အခွင့်အရေးဖြစ်သော ဆန္ဒထုတ်ဖော်ခွင့်ကို ကျင့်သုံးနိုင်ကြောင်း အဆိုပြုထားသည်။

ပုဒ်မ ၃ အရ ဆန္ဒထုတ်ဖော်မှုကိုစီစဉ်သူများသည် ၎င်းတို့၏ခန့်မှန်းကုန်ကျစရိတ်နှင့် ကုန်ကျခံမည့် အရင်းအမြစ်ကို အာဏာပိုင်တို့ထံတင်သွင်းရသည့် အသိပေးအကြောင်းကြားစာတွင် အသေးစိတ် ထည့်သွင်းဖော်ပြရန် တောင်းဆို ထားသည်။

ပုဒ်မ ၄ အရ“ နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊  သို့မဟုတ် အများပြည်သူ ကိုယ်ကျင့်တရား”တို့ကို ဆန့်ကျင်သော ဆန္ဒထုတ်ဖော်မှုကိုငွေ၊ သို့မဟုတ် ပစ္စည်းအားဖြင့် ဖြစ်စေ၊ အခြားနည်းလမ်း အားဖြင့် ဖြစ်စေအားပေးထောက်ခံသည့် မည်သည့်ပုဂ္ဂိုလ်ကိုမဆို ထောင်ဒဏ်(၃)နှစ်နှင့်အကန့်အသတ် မရှိသောငွေဒဏ် ကျခံစေရန် အဆိုပြုထားသည်။

 (၂)

ပုဒ်မ(၂)ပါ ပြင်ဆင်ချက်သည် တိကျသောအဓိပ္ပာယ်ဖွင့်ဆိုချက်မရှိပဲ အာဏာပိုင်များ အလိုအတိုင်း ကျယ်ပြန့်စွာ အနက်ဖွင့်သုံးစွဲနိုင်သည်ကိုတွေ့ရသည်။ “နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးသို့မဟုတ် ပြည်သူတို့၏ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့်ဥပဒေများနှင့် မဆန့်ကျင်လျှင်ဆိုသည့် ကန့်သတ်ချက်သည် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၃၅၄)တွင် ပြဋ္ဌာန်းပါရှိပြီး ယနေ့တိုင် ဝေဖန်မှုများနှင့် ကြုံတွေ့နေရဆဲ ဖြစ်သည်။ ထိုအချက်ကိုပင် လက်ရှိငြိမ်းစုစီဥပဒေနှင့် ထပ်မံပြင်ဆင်မည့် ဥပဒေတို့တွင် ပိုမိုတင်းကျပ်အောင် ထည့်သွင်းရန် ကြိုးစားနေသည့် လက္ခဏာများတွေ့ရသည်။ ထိုအချက်ကို ပြင်ဆင်ချက် မူကြမ်းမှ ပယ်ဖျက်သင့်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း အဓိပ္ပာယ်တိကျစွာဖွင့်ဆိုသင့်သည်။

ပုဒ်မ(၃)ပါ ပြင်ဆင်ချက်သည် ပုဂ္ဂလိက လွတ်လပ်ခွင့်နှင့်လုံခြုံခွင့်ကိုသော်လည်းကောင်း ငြိမ်းချမ်းစွာ ဆန္ဒပြလိုသူများ၏ သတင်းအချက်အလက် လုံခြုံမှုကိုသော်လည်းကောင်း တိုက်ရိုက် ထိခိုက်စေသည်။

ပုဒ်မ(၄)ပါ ပြင်ဆင်ချက်သည် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်လိုသူများ၏အကူအညီရယူပိုင်ခွင့်နှင့် ဆန္ဒထုတ်ဖော်မှုကို ငွေအား၊လူအား၊ ရိက္ခာပစ္စည်းအားဖြင့် သို့ မဟုတ် အခြားနည်းလမ်းအားဖြင့် အားပေးထောက်ခံပါဝင်လိုသူများ၏ အကူအညီ ပေးပိုင်ခွင့်များကို ကန့်သတ် ထိခိုက်နေပြီး အဆိုပြုထားသောပြစ်ဒဏ်မှာလည်း မူရင်းဥပဒေပါ အမြင့်ဆုံး ပြစ်ဒဏ်ထက် အဆများစွာ ပိုမိုနေသည်ကို တွေ့ရသည်။

(၃)

ငြိမ်းချမ်းစွာစုဝေးခြင်းနှင့်စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေသည်ပြည်သူတို့၏မူလအခွင့်အရေး ဖြစ်သည့် လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို မြှင့်တင်ပေး၍ လွတ်လပ်စွာထုတ်ဖော်လိုသူပြည်သူများအား အကာအကွယ်ပေးရန်သာ ဖြစ်သင့်ပြီး ပြစ်ဒဏ် တစုံတရာချမှတ်ရန် မပါဝင်သင့်ပေ။ 

ယခုပြင်ဆင်မည့်အချက်များသည်ပြည်သူများ၏လွတ်လပ်စွာထုတ်ဖော်ခွင့်ကိုကျင့်သုံးရာတွင် ပိုမိုအခက်အခဲ ဖြစ်စေရန် ကန့်သတ်မည့်အချက်များဖြစ်နေပြီး ဥပဒေကိုလက်တွေ့အကောင်အထည်ဖော်မည့် အာဏာပိုင်များက နိုင်ငံရေးအရ မလိုလား သူများကို လိုသလိုဖိနှိပ်နိုင်သောဥပဒေတရပ်ဖြစ်လာနိုင်သဖြင့် အဆိုပါဥပဒေကြမ်းကို ပယ်ဖျက်ပေးရန် တောင်းဆိုသည်။

ငြိမ်းချမ်းစွာစုဝေးခြင်းနှင့်စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်မည်ဆိုပါကလက်ရှိဥပဒေတွင် ပါရှိနေသည့် ပြည်သူများ၏မူလအခွင့်အရေးများကို ချိုးဖောက်နေသောအချက်များကို ပယ်ဖျက် ပြင်ဆင်ခြင်း ဖြင့်သာ ပြည်သူများ၏ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ပိုမိုမြှင့်တင်ပေးရန်တောင်းဆိုအပ်သည်။

(၄)

ငြိမ်းချမ်းသော စီတန်းလှည့်လည်ခြင်း နှင့် ဆန္ဒထုတ်ဖော်မှုအား ရပ်တန့်စေရန်အာဏာမှာ ဆန္ဒပြမှုတစ်ခု၏ အပြုအမူသည် အကြမ်းဖက်မှု ပေါ်ပေါက်အောင် လှုံ့ဆော်နေပြီး၊ အမှန်တကယ်လည်း ထိခိုက်နစ်နာမှုများ၊ အကြမ်းဖက်မှုများ ခဏအတွင်း ချက်ချင်း ဖြစ်လာနိုင်သည်ဟု သက်သေပြနိုင်သည့် အခြေအနေများအတွက်သာ ဖြစ်သင့်သည်။ အကြမ်းဖက်မှုနှင့် အများပြည်သူပိုင် ပစ္စည်းများ ဖျက်ဆီးခြင်းသည် ဆန္ဒထုတ်ဖော်သည့် အခြေအနေတွင်သာမကဘဲ အခြားသော အခြေအနေများတွင်လည်း ဖြစ်နိုင်ချေရှိကာ ယင်းအတွက် သီခြားတားမြစ် ပြဌာန်းထားသည့် ဥပဒေများရှိပြီးဖြစ်သည်။

ထို့အပြင် ငြိမ်းစုစီဥပဒေအရကာကွယ်ပေးထားသော လွတ်လပ်စွာထုတ်ဖော်ခွင့်ကိုအလွဲသုံးစားပြု၍ လူမျိုးရေး၊ ဘာသာရေးမုန်းတီးမှုများ၊ အကြမ်းဖက်မှုများပေါ်ပေါက်စေရန် အားထုတ်မှုများ ရှိလာမည်ကိုစိုးရိမ်ပါက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၃၆၄) တွင် “နိုင်ငံရေးကိစ္စ အလို့ငှာ ဘာသာသာသနာကိုအလွဲသုံးစားမပြုရ။ ထို့ပြင် လူမျိုးရေး ကြောင့်သော်လည်းကောင်း၊ ဘာသာရေး ကြောင့်သော်လည်းကောင်း တစ်ဖက်နှင့်တစ်ဖက်၊ တစ်ဂိုဏ်း နှင့်တစ်ဂိုဏ်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်း တစ်မျိုးမျိုးပေါ်ပေါက်လာစေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာရန် အကြောင်းရှိသော အပြုအမူသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်သည်။ ထိုအပြုအမူမျိုး အတွက် ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြဋ္ဌာန်း နိုင်သည်။” ဟု ပြဋ္ဌာန်းထားပြီးဖြစ်၍ အဆိုပါပြဌာန်းချက်အရ သီးခြားဥပဒေတရပ် ရေးဆွဲ ပြဌာန်းခြင်းဖြင့်သာ ကာကွယ် သင့်ကြောင်းအကြံပြုတိုက်တွန်းသည်။

 

ဦးဆောင်ကော်မတီ ဆက်သွယ်ရန်

09 400301452 ၊09 97923822၊09 778432670၊ 09 5136519 ၊ 09 790642468၊ 09 5103725 ၊ 09 795574775

အရပ်ဘက်အဖွဲ့အစည်းများ

အရပ်ဘက်အဖွဲ့အစည်းများ
1. ၈၈ ကရင်မျိုးဆက်ကျောင်းသားများအဖွဲ့ 
2. ၈၈ ငြိမ်း/ပွင့် (မြိတ်)
3. ၈၈ (ရှမ်းပြည်)
4. ကယား MATA
5. ကရင်မွန် မသန်စွမ်းသူများအဖွဲ့ 
6. ကလျာဏမိတ္တဖောင်ဒေးရှင်း
7. ဥာဏ်လင်းသစ် ရည်ညွှန်း စာကြည့်တိုက်
8. စိမ်းလန်းပြင်ဦးလွင် Green Trust – Pyin Oo Lwin
9. စိမ်းရောင်စို(တံတားဦး)
10. စိမ်းလန်း အမိမြေ ဖွံ့ ဖြိုးတိုးတက်ရေးအသင်း
11. စိတ္တသုခ ဖွံ့ ဖြိုးရေးအင်စတီကျူ့ 
12. ဆွေသဟာ လူမူအဖွဲ့ အစည်း
13. ဇလဲလူငယ်အဖွဲ့
14. ဇာမဏီမြန်မာ
15. တိုးတက်သော ဒီမိုကရက်တစ် အင်အားစုများ
16. တောင်သူလယ်သမားအကျိုးဆောင်ကွန်ရက်
17. တောင်သူလယ်သမားများနှင့် ရေလုပ်သားများ အကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးကွန်ရက်၊ မြစ်ကျိုးတိုက်နယ်၊ ပဲခူးတိုင်းဒေသကြီး။
18. တောင်သူလယ်သမားသမဂ္ဂများ အဖွဲ့ ချုပ် (စစ်ကိုင်းတိုင်းဒေသကြီး)
19. တိုင်းရင်းသားပေါင်းစုံအမျိုးသမီးများအဖွဲ့
20. ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့ 
21. ဒို့ မြေကွန်ရက် (LIOH)
22. နှလုံးလှအင်းမောင်မယ် (အင်းလေး)
23. နွေအရိပ်စာကြည့်တိုက်
24. ပေါင်းကူး – Paung Ku
25. ပျိုမေ့အိမ် လူမူဖွံ့ ဖြိုးတိုးတက်ရေးအသင်း (အင်းစိန်)
26. ပြည်ခရိုင်မှိုင်းကွန်ရက်
27. ပြည်ထောင်စုတိုင်းရင်းသားတောင်သူလယ်သမား သမဂ္ဂ
28. ပြည်ကြီးခင် Pyi Gyi Khin
29. ပြည်သူ့ လှုပ်ရှားမှုမြင့်တင်ရေးကွန်ရက် MMAN
30. မန္တလေးတိုင်းဒေသကြီး လူငယ်ကွန်ရက်
31. မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂ (MFU)
32. မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ ကွန်ရက် All Myanmar Trade Union’s Network (AMTUN)
33. မြန်မာမီဒီယာ ရှေ့ နေများကွန်ရက် Myanmar Media Lawyers Network
34. မြန်မာနိုင်ငံလေဖြတ်သူများကူညီစောင့်ရှောက်ရေး အသင်း Stroke Association of Myanmar
35. မြန်မာလူထုမဟာမိတ် (ရှမ်းပြည်)
36. မြစ်မခစောင့်ကြည့်ရေး
37. မွန်ပြည်လူ့ အခွင့်ရေးဖောင်ဒေးရှင်း (Human Rights Foundation of Monland – HURFOM)
38. မွန်လူငယ်ကွန်ရက်၊ ရေးလမိုင်း၊ မွန်ပြည်နယ်။
39. မျက်ဝန်းသစ်အသိပညာရပ်ဝန်း
40. မိုင်းပန်လူငယ်အဖွဲ့ Mong Pan Youth Association
41. မိထ္ထီလာ ပြည်သူ့ အကျိုးဆောင် ကွန်ရက်
42. မေတ္တာလက်ကမ်း Metta Let Kann (MLK)
43. မြောက်ဦးလူငယ်များအစည်းအရုံး – MUYA
44. မေမြို့ တောင်သူကွန်ရက်
45. မအူပင်နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအဖွဲ့ 
46. ရေသန့် ထောက်ကူ – Thirst Aid
47. ရှေ့ပြေးအသံအဖွဲ့ (Progressive Voice)
48. ရွှေမင်းသားဖောင်ဒေးရှင်း
49. ရွေှ့ခြံမြေ ကွန်ရက်၊ ကွမ်းခြံကုန်း
50. ရွှေခြင်္သေ့လူမှုစောင့်ရှောက်ရေးအဖွဲ့(ရွှေဘို)
51. ရွှေခြသေ့င်္တောင်သူကွန်ရက်(ရွှေဘိုခရိုင်)
52. ရွှေရိပ်စစ်
53. ရန်ကုန်တိုင်း MATA အလုပ်အမှုဆောင်အဖွဲ့ 
54. ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ရက်
55. လူ့ အခွင့်အရေးကာကွယ်မြှင့်တင်ရေးကွန်ရက်၊ ချောက်မြို့ နယ်၊ မကွေးတိုင်းဒေသကြီး။
56. လူမူဖွံ့ ဖြိုးရေးနှင့် ငြိမ်းချမ်းရေးကွန်ရက်၊ ပေါင်မြို့ နယ်၊ မွန်ပြည်နယ်။
57. လူ့ ဘောင်သစ် လူငယ်
58. လက်ပန်းတောင်းတောင် အကျိုးစီးပွားကာကွယ်ရေး ကော်မတီ (ရန်ကုန်)
59. လက်ပန်းတောင်းတောင် အကျိုးစီးပွားကာကွယ်ရေး ကော်မတီ (လက်ပန်းတောင်းဒေသ)
60. လမ်းကြောင်းမှန် (စာပေနှင့်လူမှု့ကွန်ရက်) ကလေးဝမြို့
61. လွတ်လပ်သော မြေသိမ်းခံ တောင်သူလယ်သမားများအဖွဲ့ (ဗိုလ်ကလေး)
62. ၀ိမုတ္တိ အမျိုးသမီးအဖွဲ့ 
63. သီလ၀ါ မြေသိမ်းခံ လယ်သမားများ
64. သင့်မြတ်သူများ ငြိမ်းချမ်းရေးလမ်းစဉ်အဖွဲ့ (PoPP)
65. သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (မြန်မာ)
66. အလင်းစေတမန် စာကြည့်တိုက်
67. အလုပ်သမားအဖွဲ့ ဖွဲ့ စည်းပေါ်ပေါက်ရေးနှင့် အမျိုးသမီးအခွင့်အရေးအသိပညာပေးရေး ပဲခူးကွန်ရက်၊ ပဲခူးတိုင်းဒေသကြီး။
68. အလင်းသီတံ
69. အသံ-လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့ 
70. အလင်းသစ်လူမှုဖွံ့ဖြိုးရေး အသင်း ( ALT )
71. အလံနဲ့ အသံ – Flag & Voice
72. အဖြူရောင်တွဲလက်များ
73. ဥသျှစ်ပင် လူငယ်ကွန်ရက်၊ ဥသျှစ်ပင်မြို့ ၊ ပန်းတောင်းမြို့ နယ်၊ ပဲခူးတိုင်းဒေသကြီး။
74. 90s’ Kids Team
75. Action Committee for Democracy Development (ACDD)
76. Action Group for Farmer Affair (AGFA)
77. Agency for Basic Community Development – ABC
78. All Arakan Students’ and Youths’ Congress (AASYC)
79. Arakan CSOs Network – Rakhine
80. Arakan Rivers Network (ARN)
81. Assistance Association for Political Prisoners (AAPP)
82. Association of Citizens’ Rights Protection  (ACRP)
83. Association of Human Rights Defenders and Promoters (HRDP)
84. Awaken Buddhist Youth
85. Bedar Social Development Group
86. Better Life Organization
87. Bikes in Yangon
88. Burma Monitor
89. Burma Rivers Network (BRN)
90. Burmese Women Union (BWU)
91. Center for Environment and Resources Development in Arakan (CERDA)
92. Cherry Image
93. Chin Land Affair Network (CLAN)
94. Chindwin Institute- Monywa
95. Citizens Action for Transparency
96. Civil Authorize Negotiate Organization (C.A.NMYANMAR)
97. Coexist
98. Community Response Group (COMREG)
99. Democracy Forward
100. Democratic Education Corner
101. Democratic Youth Organization
102. Environmental Conservation And Farmer Development Organization (Shan)
103. Equality Myanmar (EQMM)
104. Equity For All (Meiktila)
105. Exodus (Hlaing Tharyar)
106. Farmers And Land workers Union (Myanmar)
107. Fingers Network
108. Former Political Prisoners Society (FPPS)
109. Fortify Rights
110. Free Expression Myanmar (FEM)
111. Free Thinkers
112. Future Green Organization
113. Future Light Center (FLC)
114. Gaihahita Enviornment Group
115. Gender Equality Network (GEN)
116. Generation Wave (GW)
117. Generation Youth
118. Genuine People’s Servants (GPS)
119. Green Network Sustainable Environment Group (Magway)
120. Green Rights Organization (Shan State)
121. Halcyon
122. Htoi Gender and Development Foundation
123. Human Rights Documentation Networks (HRDN) Shan State
124. Human Rights Educators Association (HREA)
125. Human Rights Educators Network
126. Institute of Governance Study
127. Investigating Committee for Violation of Human Rights
128. iSchool-Myanmar
129. Justice Drum ကွန်ရက်၊ ရှမ်းပြည်နယ်တောင်ပိုင်း။
130. Kachin Peace Network
131. Kachin State Women Network
132. Kachin Women Peace Network
133. Kachin Women Union
134. Karen Women Organization
135. Karenni Ever Green ( KEG )
136. Karenni Human Rights Group ( KnHRG )
137. Karenni National Women Organization  (KNWO )
138. Karenni National Youth Organization  ( KNYO )
139. Karenni State Farmers Union ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂ(KSFU)
140. Kayah State Student Union ( KSSU )
141. Kayah State Youth Network
142. Kayan New Generation Youth ( KNGY )
143. Kayan Women Organization  ( KyWO )
144. KESAN Karen Environmental and Social Action Network
145. KingsNQueens LGBT Organization
146. Kuki Affairs Council of Myanmar
147. Kyaut Phyu Ruyal Development Association (KRDA)
148. LAIN Technical Support Group ( Karenni State )
149. Law Home
150. Loka Ahlinn
151. Mandalay Community Center (မန္တလေးလူထုနေရာ)
152. Mandalay Regional Youth Association (MRYA)
153. MATA Ayeyarwady Working Group
154. Mawlamyine Youth Association
155. Meiktila LGBT Network
156. Member of Parliament Union- 1990
157. Metta Development Foundation
158. Mon CSO network
159. Mon MATA
160. Mon Region Land User network
161. Mon Social Development Network
162. Mon State CSO network
163. Mon State Youth Network
164. Mon Women Network
165. Mon Women’s Organization
166. Mon Young Monk Network_MYMN
167. Mon Youth Educators Organization (MYEO) မွန်လူငယ်ပညာပေးအဖွဲ့ 
168. Mwetaung Area Development Group (MADG)
169. Myanmar Cultural Research Society –MCRS
170. Myanmar Deaf Society
171. Myanmar ICT for Development Organization (MIDO)
172. Myanmar Journalist Union (MJU)
173. Myanmar Women Journalists Society
174. Myanmar Youth for Peace Development – MYPD
175. National Network for Education Reform (Bago)
176. National Network for Education Reform (NNER – Magway)
177. National Network for Education Reform (NNER – Tannintharyi)
178. National Network for Education Reform (NNER – Yangon)
179. National Network for Education Reform (NNER)
180. NINU (Women in Action Group)
181. Open Development Foundation
182. Oway Youth Institute – အိုးဝေလူငယ်အဖွဲ့ 
183. PACE-G
184. Parents, Families and Friends of LGBTIQAMyanmar (PFLAG-MYANMAR)
185. Peace and Development Center (Meiktila)
186. Peace World Gender Organization
187. Peace, Development and Civic Engagement
188. Peasants’ Legal Aid Network (Arakan)
189. PEN Myanmar
190. People for People (PFP)
191. People’s Alliance for Credible Elections-PACE
192. POINT-Promotion Of Indigenous and Nature Together ပွိုင့်ရိုးရာဝန်းကျင်မြှင့်တင်ရေးအဖွဲ့
193. Protection Committee for Myanmar Journalists (PCMJ)
194. Public Alliance for Democracy
195. Public Network (Bago)
196. Ramkhye – ရမ်းခေး မြစ်ကြီးနား ကွန်ရက်၊ မြစ်ကြီးနား၊ ကချင်ပြည်နယ်။
197. RDO (Regional Development Organization) – Bogalay
198. Sagaing Regional Youth Network
199. Salween Alliances Group (SAG) SHAN
200. Save the Inle Lake
201. School of Law, Gender & Politics (SLGP)
202. Smile Education and Development Foundation (SEDF)
203. Socialist Alternative (SA)
204. SYNERGY
205. Ta’ang Women’s Organization (TWO)
206. Tampadipa Institute
207. Thazin Legal Aid
208. The Fifth Pillar
209. The Helpers for Perfect Democracy (HPD)
210. The Seagull: Human Rights, Peace and Development
211. The Wings Institute
212. Thint Myat Lo Thu Myar (TMLTM)
213. Triangle အမျိုးသမီးအဖွဲ့ 
214. Union Lawyers’ and Paralegals’ Association
215. Union of Karenni State Youth ( UKSY )
216. University Teachers’ Association (UTA)
217. WE Generation Network တို့မျိုးဆက်ကွန်ရက်
218. WFFP
219. White Maker Group (သာစည်)
220. Women for Justice
221. Women Peace Network
222. Women’s Initiative Platform
223. Women’s League of Burma (WLB)
224. WIN-Peace
225. Yangon School of Political Science (YSPS)
226. Yangon Watch
227. Yangon Youth Network (YYN)
228. Youth Development Network- i3 ကျောက်ပန်းတောင်း
229. Youth Initiative Human Rights (YIHR)
230. Phan Tee Eain (Creative Home) ဖန်တီးအိမ်

 

တသီးပုဂ္ဂလ ထောက်ခံသူများ

1. ဦးစိန်ဝင်း (မအူပင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်)
2. ကိုမြတ်ကျော် (မိုးကုတ်)
3. ဦးညွန့် ဝင်း (ရန်ကုန်)
4. ကိုဝေလု (မြောက်ဥက္ကလာပ)
5. ဦးဝင်းချို (တက်ကြွလှုပ်ရှားသူ)
6. မအေးအေးခိုင် (ABSDF ရဲဘော်ဟောင်း)
7. ကိုသန့် စင်စိုး (ရန်ကုန်)
8. ဦးဂဲနက်စ် -အထက်တန်းရှေ့ နေ ၊ ၀ိုင်းမော်မြို့ ။
9. ကိုသူရမျိုး (88)
10. Bosco@ Saw Thu Ya Aung
11. မစ်ကီနိုင် (ပါရီ)
12. မဇာခြည်ဦး (လူ့ အခွင့်အရေးတက်ကြွလှုပ်ရှားသူ)
13. ကိုဟိန်းထက် (ပြည်ထောင်စုအဆင့် လူငယ်ရေးရာကော်မတီဝင် – တနင်္သာရီတိုင်း)
14. နိုင်နိုင်အောင် (ပဲခူးမြို့ တက်ကြွလှုပ်ရှားသူ)
15. ဦးဗစ်တာ (ရန်ကုန်)
16. ကိုရွှေအောင်သင်း (လွတ်လပ်သော ပြည်သူ့ ဘက်သားစာရေးသူ)
17. ကိုထွန်းဝင်းအောင် (တက်ကြွလှုပ်ရှားသူ- ကော့သောင်းမြို့ )
18. မောင်မောင်စိုး (စာရေးသူ)
19. ထက်ရှိုင်း (Focal Person of Bago NNER)
20. ငြိမ်းပိုင်ဦး (ရှမ်းပြည်နယ်မြောက်ပိုင်း)
21. မင်းစစ်နိုင် (နိုင်ငံရေးအကျဉ်းသားများအဖွဲ့ -မြင်းခြံ)
22. နွယ်ဇင်ထက် (ဧရာဝတီ လူငယ်ကွန်ရက်)
23. မခင်စန္ဒာ (Civic Educator)
24. မောင်မောင်ပီ (ပုလဲ)
25. မခင်စန္ဒာညွန့် (တက်ကြွလှုပ်ရှားသူ)

 

ထုတ်ပြန်ကြေညချက်ကို ဤနေရာတွင် ရယူနိုင်သည်။