25 January 2018
ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေး အတွက် အခြေခံနိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ ညှိနှိုင်းအဖြေရှာရာ၌ ဦးသိန်းစိန်အစိုးရလက်ထက်တွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ဖန်တီးတည်ဆောက်ခဲ့ကြသည်။ မိမိတို့ကိုယ်တိုင် အားစိုက်ပါဝင်လုပ်ဆောင်ခဲ့သော NCA မှတဆင့် တည်ငြိမ်သောနိုင်ငံရေး ပတ်ဝန်းကျင်ကို တည်ဆောက်ပြီး အဓိပ္ပါယ် ပြည့်ဝ၍ အနှစ်သာရရှိသော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲအဆင့်သို့ တက်လှမ်းရန် မျှော်မှန်းထားပါသည်။ ဦးသိန်းစိန် အစိုးရလက်ထက်တွင် NCA စာချုပ် မူကြမ်းကို မူချောအဖြစ် အစိုးရဖက်မှ တဖက်သတ် အတည်ပြုခဲ့သည့်အတွက် အများစုပါဝင် လက်မှတ်ရေးထိုးနိုင်သည့်အနေအထားကို မရောက်ရှိခဲ့ပေ။ NCA စာချုပ်(မူကြမ်း) တရားဝင် ဆွေးနွေး ညှိနှိုင်းရာတွင် ပါဝင်ခဲ့သည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (NCCT) အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း (၁၆) ဖွဲ့အနက် (၇) ဖွဲ့နှင့် NCCT အဖွဲ့ဝင်မဟုတ်သော အဖွဲ့အစည်းတစ်ဖွဲ့ စုစုပေါင်း (၈) ဖွဲ့ ပါဝင် လက်မှတ်ရေးထိုးခဲ့ကြသည်။
အဆိုပါအဖွဲ့(၈)ဖွဲ့ နှင့် အစိုးရတို့ကြား NCA အကောင်အထည်ဖော်ဆောင်မှုတွင် အားနည်းချက်များ ရှိနေခြင်းတို့ကြောင့် NCA ကို ပိုမိုခိုင်မာစေရန် UNFC အနေဖြင့် အဆိုပြုချက်(၈)ချက်ပြုလုပ်ကာ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN) က ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ NLD အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင် (PC) နှင့် DPN တို့အကြား အဆိုပြုချက်(၈)ချက် သဘောတူညီမှုရရှိစေရေး အတွက် ဆွေးနွေးညှိနှိုင်း ခဲ့သည်မှာ (၁၇) လကျော်လွန်၍ တရားဝင်ဆွေးနွေးပွဲ (၈)ကြိမ်မြောက်ထိတိုင် ရောက်ရှိခဲ့သည်။ (၉)ကြိမ်မြောက် တွေ့ဆုံမှုကို ချိန်းဆိုထားပြီးမှ ဖျက်သိမ်းခဲ့ရကာ အကြိုညှိနှိုင်းမှုပုံစံဖြင့် ဆောင်ရွက်၍ DPN နှင့် PC တို့အကြား နောက်ဆုံးထစ်ဆို့နေသည့် အဓိက အချက်တစ်ချက်ဖြစ်သော “ဖက်ဒရယ်ဒီမိုကရေစီ” ဝေါဟာရနှင့်ပတ်သက်၍ နှစ်ဖက်ထိပ်သီးခေါင်းဆောင်များအဆင့်တွင် တွေ့ဆုံညှိနှိုင်းအဖြေရှာရန် သဘောတူခဲ့ကြသည်။
အဆိုပါသဘောတူညီမှုအရ နှစ်ဖက်ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာနိုင်မည်ဟု ယုံကြည်ထားသည့် “ဖက်ဒရယ်ဒီမိုကရေစီ” ဝေါဟာရ အဓိပ္ပါယ်ဖွင့်ချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ “ ဖက်ဒရယ် ဒီမိုကရေစီ ” ဝေါဟာရအပေါ်တွင် အဓိပ္ပါယ်ရှင်းလင်းချက် ဖက်ဒရယ်စနစ်ဖြင့် တိုင်းပြည်တည်ဆောက်နိုင်ရေးအတွက် နိုင်ငံတကာစံချိန်စံညွှန်းများကို လေ့လာ၍ လည်းကောင်း၊ မြန်မာနိုင်ငံ၏ နောက်ခံသမိုင်းကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြားဥပဒေ ဆိုင်ရာများ၊ ပြည်တွင်းစစ်နှင့် မျက်မှောက်ပကတိ အခြေအနေတို့အား ကိုးကား၍ လည်းကောင်း၊ “ ဖက်ဒရယ်ဒီမိုကရေစီ ” ဟူသောဝေါဟာရ အပေါ် အဓိပ္ပါယ်ဖွင့်ဆိုရာတွင် အောက်ပါအခြေခံအချက်များ မရှိမဖြစ် ပါ ၀ င်ရမည်။
( ၁ ) ဖက်ဒရယ်စနစ်ဖြင့် နိုင်ငံ / တိုင်းပြည် တည်ဆောက်ရာတွင် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အပြည့်အဝ အာမခံချက် ရှိရမည်။
( ၂ ) ဖက်ဒရယ်ြ ပည်ထောင်စု၏ အချုပ်အခြာအဏာသည် ဖက်ဒရယ် ပြည်ထောင်စု၏ အဖွဲ့ဝင် ပြည်နယ်များနှင့် ထိုပြည်နယ်များရှိ ပြည်သူလူထုထံမှ ဆင်းသက်ရမည်။
( ၃ ) ဖက်ဒရယ်ြ ပည်ထောင်စု၏ သီးခြားလွတ်လပ်သည့် အဖွဲ့ဝင်ပြည်ထောင်များ မှ မိမိတို့ဆန္ဒအလျောက် လာရောက်ပူးပေါင်းပြီး အတူယှဉ်တွဲနေထိုင်သည့် (Coming – Together) ပုံစံ ဖြစ်ရမည်။
( ၄ ) ဖက်ဒရယ်နိုင်ငံရေးစနစ်ဖြင့် ဖွဲ့စည်းထားသည့် ဖက်ဒရယ်ြပည်ထောင် စုထဲတွင် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးရမည်။ ( ၅ ) အချိုးညီအခြေခံပေါ်တွင်သာ အချိုးမညီ ဖ က်ဒရယ်စနစ် (Asymmetric Overlay on the Symmetric Structure) ကို တည်ဆောက်ရမည်။
( ၆ ) ဖက်ဒရယ်ြပည်ထောင်စုအာဏာကို အဖွဲ့ဝင်ပြည်နယ်များက ကန့်သတ်ပိုင်ခွင့်ရှိသော ဒီမိုကရေစီဖြင့် လွှမ်းမိုးမှုအား ထိန်းချုပ်သည့်စနစ် (Demos – Constraining) ကို ကျင့်သုံးရမည်။
( ၇ ) လူမျိုးေ ပါ င်းစုံ ရေရှည်တည်တံ့သောချစ်ကြည်ညီညွတ်ရေးကို ဦးတည်၍ လူဦးရေများသော လူမျိုး တို့က လူဦးရေနည်းသောလူမျိုး တို့အပေါ် လွှမ်းမိုးချုပ်ချယ်မှု မရှိစေရေးအတွက် လူမျိုး စုတို့၏ခံစားခွင့်ကို အကာအကွယ်ပေးသည့် အခြေခံမူရှိရမည်။
“ဖက်ဒရယ်ဒီမိုကရေစီ” ဆိုသည်မှာ ပြည်ထောင်စုကို အမျိုးသားတန်းတူရေးအခြေခံဖြင့် အတူတကွ တည်ဆောက်ရန် အပြန်အလှန်ကတိက၀တ်ပြုခဲ့ကြသော တိုင်းရင်းသားခေါင်းဆောင် အားလုံး၏ဆန္ဒဖြစ်သဖြင့် ကြိုတင်သတ်မှတ်ချက် (Precondition) တခုမဟုတ်ဘဲ ပင်လုံစိတ်ဓာတ်ကို ပြန်လည်ဖော်ဆောင်ခြင်းဖြစ်သည်ဟု UNFC မှ မှတ်ယူပေသည်။
ဤသို့နှစ်ဖက်ထိပ်သီးခေါင်းဆောင်များတွေ့ဆုံ၍ ညှိနှိုင်းအဖြေရှာရန် DPN နှင့် PC တို့အကြား နည်းလမ်း မျိုးစုံဖြင့် ကြိုးပမ်းနေချိန်အတွင်း အစိုးရတပ်မတော်ဘက်က အကြပ်ကိုင်အဖြေရှာသည့် နည်းလမ်းဟောင်းဖြင့် လုပ်ဆောင်လာခဲ့သောကြောင့် အနှစ်သာ ရနှင့်အဓိပ္ပါယ်ရှိသော တွေ့ဆုံဆွေးနွေးမှုတို့မှာ ပျောက်ကွယ်သွားခဲ့ရသည်။
အကြပ်ကိုင်အဖြေရှာသည့်နည်းဖြင့် ရေရှည်တည်တံ့ခိုင်မြဲသောပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက် နိုင်မည် မဟုတ်ပေ။ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်မှုနှင့်ပတ်သက်၍ NCA လမ်းကြောင်းတစ်ခုတည်းကို အသေဆုပ်ကိုင်ရပ်တည်ပြီး နည်းလမ်းဟောင်းများအတိုင်း ဖိအားပေးလျှောက်လှမ်းနေမည်ဆိုပါက ဆိုးကျိုးသံသရာ တွင် လည်နေဦးမည်ပင် ဖြစ်ပါသည်။ ဖက်ဒရယ်နှင့်ဒီမိုကရေစီစနစ်ကိုအခြေခံသော ပြည်ထောင်စုကို အနှစ်သာရ ပြည့်ဝပြီး အဓိပ္ပါယ်ရှိသည့်နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများဖြင့်သာ တည်ဆောက်နိုင်မည် ဖြစ်ပါသည်။
ထို့ကြောင့် မိမိတို့အနေဖြင့် NCA လက်မှတ်ရေးထိုးရန် အဆိုပြုထားသော အဆိုပြုချက် (၈) ချက်ကို DPN နှင့် PC တို့၏ တရားဝင် နိဂုံးချုပ်နိုင်ရေးအဆင့်ကို UNFC အတွင်း အကျေအလည် ဆွေးနွေးသွားကြမည် ဖြစ်ပါသည်။ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် အရင်းခံဖြစ်သော နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် အဖြေရှာရေးမူအပေါ် အခိုင်အမာ ရပ်တည်လျှက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ပါသည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC)
ဆက်သွယ်ရန်
ဦးထွန်းဇော် – ဗဟိုအလုပ်အမှုဆောင်ကော်မတီ ၀ င် ဖုန်း +66(0)81 – 680 – 893 4
နိုင်အောင်မငေး – ဗဟိုအလုပ်အမှုဆောင်ကော်မတီ ၀ င် ဖုန်း +66(0)92 – 849 – 7352 , +95(0)9780098159
ထုတ်ပြန်ကြေညာချက် မြန်မာဘာသာကို ဤနေရာတွင် ရယူနိုင်သည်။
Download the statement in English HERE.
19 May 2026

05 June 2026

28 May 2026