17 January 2018
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ တွင် နှစ်စဉ်ကျင်းပလျက်ရှိသည့် ရခိုင်အချုပ်အခြာအာဏာကျရှုံးခြင်း အခမ်းအနား ဟောပြောပွဲ ကို သက်ဆိုင်ရာမှာ ပိတ်ပင်တားမြစ်သည့် ကိစ္စနှင့်ပက်သက်၍ လူထုမှမကျေနပ်၍ ခွင့်ပြုရန်တောင်းဆိုရာ လူစုလူဝေးဖြစ်ပေါ်ကာ ရဲမှ သေနတ်ပစ်လူစုခွဲခဲ့သဖြင့် ပြည်သူ (၁၉) ဦးထိခိုက်မှု ဖြစ်ပေါ်ကာ (၇) ဦးသေဆုံးပြီး (၁၂)ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသူ လူငယ်များထဲမှ (၄)ဦးတွင် အကြမ်းဖက် ရိုက်နှက်ခံခဲ့ရသည့် ဒဏ်ရာများ ရှိနေကြောင်း သိရှိရသည်။
၁။ သေဆုံးခဲ့ရသည့် ဆန္ဒပြခဲ့သည့် ရခိုင်ပြည်သူ လူငယ်များ နှင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သူများအတွက် ရခိုင်ပြည်နေ ပြည်သူများ၊ မိသားစုများ နှင့်ထပ်တူဝမ်းနည်း စိတ်မကောင်း ဖြစ်ရပါသည်။
၂။ ဆန္ဒပြလူထုအားဟန့် တားရာတွင် မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့၏ လက်နက်ဖြင့်အကြမ်းဖက်မှု ကြောင့် ပြည်သူများ အသက်ဆုံးခဲ့ရသည့်အပေါ် ACDD က ပြင်းထန်စွာ ကန့် ကွက်ရှုတ်ချသည်။
၃။ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်သည့် ပြည်သူများအပေါ် ယခုကဲ့သို့ လက်နက်အင်အားသုံးအကြမ်းဖက်၍ လူစုခွဲရန် ဖြေရှင်းသည့် နည်းလမ်းကို ရဲများက အသုံးပြုခဲ့ခြင်းသည် မြန်မာပြည် ဒီမိုကရေစီဖွံဖြိုးတိုးတက်ရေးအတွက် များစွာ စိုးရိမ်မကင်းဖြစ်စေရပြီး ရခိုင်ပြည်နယ်အစိုးရ၊ ပြည်ထောင်စု အစိုးရတို့ သည် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် ကျူးလွန်ခဲ့သူများကိုအရေးယူအပြစ်ပေးရန်တာဝန်ရှိသည်။ စစ်တွေတွင် ဆက်လက် ဖြစ်ပွားလျက်ရှိသည့် ဆန္ဒပြမှုများ နှင့် လူထုလှုပ်ရှားမှုများတွင်လည်း လက်နက်မဲ့ ပြည်သူများအပေါ် ယခုကဲ့သို့ အကြမ်းဖက်မှုထပ်မံ မဖြစ်ပေါ်ရန်အတွက် တာဝန်ရှိသူများကို ပန်ကြားကြောင်း ACDD ၏ သဘောထား ထုတ်ပြန် လိုက်ရသည်။
ဆက်သွယ်ရန်။ ။
ကိုကျော်ထွီး (PLAN-A) မြောက်ဦး – ၀၉ ၂၅၂၂၈၉ ၁၂၂ ၊ ၀၉ ၇၉ ၄၄၈၀၇၆၇
မသဉ္ဖာရွှန်းလဲ့ရည် (ACDD Advocacy Coordinator) – ၀၉ ၇၉ ၅၅၇၄၇၇၅
ထုတ်ပြန်ကြေညျာချက်ကို ဤနေရာတွင် ရယူနိုင်သည်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.