သျှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွနှဲင့် ပတ်သက်၍ ထုတ်ပြန်ကြေညာချက်

၁။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စေဲရး သဘောတူစာချုပ် (NCA) ပါ နငိုင်ေံရးလမ်းပြမြေပုံ အဆင့်(၃)အရဖြစ်စေ၊ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်အရဖြစ်စေ၊ (၆)ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စေဲရး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ၏ အစည်းအဝေး ဆုံးဖြတ်ချက်အရဖြစ်စေ၊ သျှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နငိုင်ေံရးဆွေးနေွးပွကဲို သျှမ်းပြည်၊ လင်းခေးခရိုင်၊ လင်းခေးမြို့တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA) မှ ဦးဆောင်ကမကထပြု ကျင်းပသွားမည်ဖြစ်သည်။

၂။ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနေွးပွမျဲား လုပ်ငန်းစဉ်အရ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ (အကြို) သို့မဟုတ် လူထုတွေ့ဆုံပွဲ (Public Consultation) များကို မြန်မာနိုင်ငံ တ၀ှမ်းရှိ သျှမ်းလူမျိုးများ နေထိုင်ရာ ဒေသများတွင် ကျင်းပရမည်ဖြစ်သောကြောင့် လူထုတွေ့ဆုံပွဲများကို သျှမ်းပြည်အတွင်း၌သော်လည်းကောင်း၊ သျှမ်းလူမျိုးများရှိရာ သျှမ်းပြည်ပြင်ပ မြို့များတွင်သော်လည်းကောင်း အစိုးရ၏ သဘောတူညီချက်နငှ့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စေဲရး သဘောတူစာချုပ်ပါ အချက်တို့ဖြင့်ပြု လုပ်ရခြင်းဖြစ်သည်။

၃။ သျှမ်းပြည်အတွင်းရှိ (၅၅) မြို့နယ်အနက် မြို့နယ်ပေါင်း (၁၄) မြို့နယ်တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနေွးပွဲ (အကြို) လူထုတွေ့ဆုံပွဲများကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၁၇-၂၅) ရက်များအတွင်း ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အများစုတွင် တပ်မတော်၏ နည်းမျိုးစုံဖြင့် နှောင့်ယှက်ဟန့်တားခြင်းကို ခံခ့ရဲ သည်။ ပင်လုံ၊ တာချီလိတ်၊ ကာလိ၊ ကျောက်မဲ စသည့်မြို့နယ်များတွင် အဆိုးဆုံးဖြစ်ပွါးခဲ့သည်။ ၂၀၁၇ ခနုစှ၊် ဒီဇင်ဘာလ ၁၇ ရက်နေ့ ပင်လုံမြို့တွင် လူထုတွေ့ဆုံပွဲကျင်းပရန်စီစဉ်နေစဉ် ရန်သူ့တပ်စခန်းအား ဝင်ရောက်တိုက်ခိုက် ချေမှုန်းသိမ်းယူသည့် ပုံစံအလား တပ်မတော်မှ တိုက်ပွဲဝင်လက်နက်အပြည့်အစုံဖြင့် ဝင်ရောက်တား ဆီးပိတ်ပင်ခြင်းသည် ပြည်ထောင်စုသမိုင်းတွင် အမည်းစက်ကြီးအဖြစ် ထာဝရစွန်းထင်း စေခဲ့ပြီဖြစ်သည်။ ၂၀၁၇ ခနုစှ်၊ ဒီဇင်ဘာလ (၁၉) ရက်တွင် တပ်မတော်မှ လူထုတွေ့ဆုံပွဲများ လုံးဝမပြုလုပ် ရန်စာဖြင့် အကြောင်းကြားပိတ်ပင်တားဆီးခဲ့သည်။

၎။ တစ်ဖက်တွင်လည်း၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်နေ့တွင် သျှမ်းပြည်တွင်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနေွးပွဲ (အကြို) လူထုတွေ့ဆုံပွဲများ ကျင်းပခွင့်ပြုသည့် သက်ဆိုင်ရာခရိုင်များအား ညွှန်ကြားခဲ့သော ညွှန်ကြားချက်ကို သျှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြန်လည်ရုပ်သိမ်းခဲ့သဖြင့် ကျန်ရှိသည့် တောင်ကြီး၊ ကာလိ၊ ကျောက်မဲ၊ မန္တေလး စသည့်မြို့များတွင်ကျင်းပမည့်လူထုတွေ့ဆုံဆွေးနွေးပွဲများအား ရပ်ဆိုင်းခဲ့ရသည်။ လူထုတွေ့ဆုံပွဲမှ ရရှိလာသော သျှမ်းလူထုသဘောထား အမြင်များကို စစုည်း၍ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၇၊၈၊၉၊) ရက်များတွင် တောင်ကြီးမြို့၌ သျှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ (အကြို) နောက်ဆုံးပွဲကျင်းပကာ ရရှိလာသော သျှမ်းလူထု သဘောထားစာတမ်း မူကြမ်းများအား အတည်ပြုစာတမ်းမူကြမ်းများဖြစ်အောင် ဆောင်ရွက်ရန် နငှ့် ထိုမှတဆင့် တရားဝင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနေွးပွကဲို လင်းခေးမြို့တွင် သတ်မှတ်ထားသည့် နေ့ရက်အတိုင်း ဆက်လက်ကျင်းပသွားရန် စီစဉ်ခဲ့သည်။

၅။ တောင်ကြီးတွင် သျှမ်းလူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနေွးပွဲ (အကြို) နောက်ဆုံးပွဲအား ကျင်းပနိုင်ရေးအတွက် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌကြီးမှ နငိုင်ေံတာ၏်အတငိုပ်ငခ်ပံဂ္ဂုလိနှ်င့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ စာရေးသားပေးပို့၍ညှိနှိုင်းခဲ့သည့်အပြင် (RCSS/SSA) အတွင်းရေးမှူး (၃)၊ ဗိုလ်မှူးကြီး စိုင်းငင်းကိုလည်း ရန်ကုန်နှင့် နေပြည်တော်တွင် အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်၊ တပ်မတော်၏ ကိုယ်စားလှယ်တို့နငှ့် ၂၀၁ရ ခုနှစ်၊ ဒီဇင်ဘာလ (၂၇-၃၀) ရက်များတွင် သွားရောက်တွေ့ဆုံဆွေးနွေးညှိနှိုင်းစေခဲ့သည်။ သို့သော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ထံမှ မည်သည့် တရားဝင်အကြောင်း ပြန်ကြားချက်ကိုမျှ လက်ခံရရှိခြင်းမရှိခဲ့ပေ။

၆။ သျှမ်းလူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနေွးပွကျဲင်းပမည့် နေရာကို အစိုးရ၊ တပ်မတော်တို့နှင့် အကြိမ်ပေါင်းများစွာ ညှိနှိုင်းရာ၌ တောင်ကြီး၊ ကျိုင်းတုံ၊ လားရှိုးနှင့် အခြားနေရာများတွင် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲ (အကြို) နငှ့် လူထုတွေ့ဆုံပွဲများ ကျင်းပနိုင်သည်ဟု အစိုးရမှ သဘော တူခဲ့၍သာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA) အနေဖြင့် သျှမ်းပြည်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့၌ သျှမ်းလူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနေွး ပွဲကျင်းပရန်လက်ခံခြဲ့ခင်းဖြစ်သည်။

၇။ သျှမ်းပြည်၏ မြို့တော်ဖြစ်သည့် တောင်ကြီးမြို့တွင် သျှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနေွးပွဲ (အကြို) ကျင်းပခြင်းသည် သျှမ်းအမျိုးသားတစ်ရပ်လုံး၏ သမိုင်းအစဉ်အလာအရသော်လည်း ကောင်း၊ နငိုင်ေံရးဂဏုသ်က္ခိာအရသော်လည်းကောင်း၊ အမျိုးသားတန်းတူရေးအရသော်လည်းကောင်း၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနေွးပွမျဲား၏တရားဝင်မှု အရသော်လည်းကောင်း၊ ယုံကြည်မှု တည်ဆောက် ခြင်းအရသော်လည်းကောင်း အလွန်အရေးကြီးလှပါသည်။

၈။ ကျင်းပပြုလုပ်သွားခဲ့သည့် သျှမ်းလူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲ (အကြို)၊ လူထုတွေ့ဆုံပွဲများတွင် တပ်မတော်မှ နည်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်ဟန့်တားခဲ့သည့်အတွက် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ကြသော ပြည်သူလူထုများသည် ၄င်းတို့၏ လွတ်လပ်သော အမြင်သဘောထားများကို ဒီမိုကရေစီနည်းကျ အပြည့်အဝ ထုတ်ဖော်တင်ပြ ဆွေးနွေးရန် မည်သို့မျှမဖြစ်နိုင်ခဲ့ပေ။

၉။ အထက်ဖော်ပြပါ အကြောင်းရင်းများနှင့် တောင်ကြီးမြို့တွင် သျှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနေွးပွဲ (အကြို) ကျင်းပခြင်းကို တပ်မတော်မှ တားမြစ်ပိတ်ပင်ခဲ့သောကြောင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA) သည် လင်းခေးမြို့တွင် ကျင်းပမည့် သျှမ်းလူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲကို သတ်မှတ်ထားသည့် ၂၀၁၈ ခနုစှ၊် ဇန်နဝါရီလ (၁၂-၁၄) ရက်များ၌ ကျင်းပခြင်းအား ယာယီရွှေ့ဆိုင်းထားကြောင်း ထုတ်ပြန်ကြေညာအပ်သည်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီ
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ

ဆက်သွယ်ရန်-
၁။ ဒုတိယ ဗိုလ်မှူးကြီး စိုင်းမိဏ်း +၆၆ ၉၃၁ ၇၂၁ ၇၂၀၊ ၆၆+ ၉၁၀ ၆၇၉ ၈၁၁
၂။ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဦး +၉၅ ၉၄၉ ၅၉၀ ၇၁၆၊ +၉၅ ၉၂၆ ၀၂၉၁ ၂၇၇

ထုတ်ပြန်ကြေညာချက်မြန်မာဘာသာကို ဤနေရာတွင် ရယူနိုင်သည်။

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia