(Fact-Finding Mission on Myanmar)၏ ဥက္ကဌ Mr. Marzuki DARUSMAN ၏ ထုတ်ပြန်ချက်

(Fact-Finding Mission on Myanmar)၏ ဥက္ကဌ Mr. Marzuki DARUSMAN ၏ ထုတ်ပြန်ချက်

(Fact-Finding Mission on Myanmar)၏ ဥက္ကဌ

Mr. Marzuki DARUSMAN ၏ ထုတ်ပြန်ချက်

လူ့အခွင့်အရေး ကောင်စီ ဆုံးဖြတ်ချက်အစီရင်ခံစာ (၃၄/၂၂) အရ တည်ထောင်ခဲ့သည့်

နိုင်ငံတကာဆိုင်ရာ တရားမျှတသော မြန်မာပြည်တွင်း အချက်အလက်ရှာဖွေရေးအဖွဲ့

 

လူ့အခွင့်အရေး ကောင်စီ (၃၆)ကြိမ်မြောက် အစည်းအဝေး

အစီအစဉ် (၄)

(၁၉) စက်တင်ဘာ (၂၀၁၇) ခုနှစ်

ဂျီနီဘာမြို့

 

လေးစားရပါသောသမ္မတမှူးကြီး၊ ကျော်ကြားသော ကိုယ်စားလှယ်များ၊ လေ့လာအကဲခတ်သူများ၊ ဂုဏ်သရေရှိ အမျိုးသမီး၊ အမျိုးသားများ ခင်ဗျား။ ။

လူ့အခွင့်အရေး ကောင်စီ ဆုံးဖြတ်ချက် အစီရင်ခံစာ (၃၄/၂၂) အရ တည်ထောင်ခဲ့သည့် နိုင်ငံတကာဆိုင်ရာ တရားမျှတသော မြန်မာပြည်တွင်း အချက်အလက်ရှာဖွေရေးအဖွဲ့ (Fact-Finding Mission on Myanmar)၏ ဥက္ကဌအနေဖြင့် ပထမဦးဆုံးအကြိမ် ယခု အစည်းအဝေးကောင်စီအား ‌ပြောကြားခွင့် ရသည့်အတွက် ဂုဏ်ယူမိပါသည်။ ယင်းအစီရင်ခံစာတွင် လူ့အခွင့်အရေးကောင်စီမှ “ရခိုင်ပြည်နယ်၌ လုံခြုံရေး၊ လူ့အခွင့်အရေး၊ လူသားချင်း စာနာထောက်ထားရေး ကိစ္စများ ပြင်းပြင်းထန်ထန် ပိုမို ဆိုးရွားလာခြင်း နှင့်ပတ်သက်၍” စိုးရိမ်ပူပန်မှု ကြီးမားကြောင်း ပြောကြားခဲ့ပါသည်။ လက်ရှိအချိန်အထိ မြန်မာပြည်တွင်း ဖြစ်နေဆက် အဖြစ်အပျက်များအရ အမှန်တကယ် ဘာဖြစ်ခဲ့သည်၊ မည်သူတွေက တာဝန်ရှိသည် တို့ကို သိရှိရန် တရားမျှတသော သီးခြား အချက်အလက်ရှာဖွေရေး အဖွဲ့တစ်ခု၏ စစ်ဆေးမှု ဆက်လက် လိုအပ်နေကြောင်း သိရှိရပါသည်။ ကျွန်ုပ်တို့သည် လက်ရှိပဋိပက္ခ၏ ခက်ခဲရှုပ်ထွေးမှုများကို သတိရှိလျက်၊ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များ၏ လေးနက်မှုကို စိတ်ပူပန်စွာ၊ ဤလုပ်ငန်းတာဝန်၏ အရေးပါမှုကို လေးစားဂုဏ်ယူမိပါသည်။

လူ့အခွင့်အရေး ကောင်စီ ဆုံးဖြတ်ချက်အစီရင်ခံစာ (၃၄/၂၂) စာပုဒ် (၁၁) အရ ပြဋ္ဌာန်းထား‌သော ကျွန်ုပ်တို့၏ မန်ဒိတ်တာဝန်မှာ “တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့များက မကြာသေးခင်အချိန်တွင်း၊ အထူးသဖြင့် ရခိုင်ပြည်နယ်ရှိ ပဋိပက္ခများကြားတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများရှိခဲ့သည် ဆိုသော စွပ်စွဲချက်များနှင့် သက်ဆိုင်ပြီး အချက်အလက် အခြေအ‌နေများကို စုံစမ်းစစ်ဆေးရန်” ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ လုပ်ပိုင်ခွင့် အာဏာမှာ အထိကအားဖြင့် ရခိုင်ပြည်နယ်၌ ရည်ရွယ်ထားသော်လည်း မြန်မာနိုင်ငံ တဝှမ်းလုံး၊ အထူးသဖြင့် လက်နက်ကိုင်တိုက်ပွဲများရှိခဲ့‌သော အစိတ်အပိုင်းများအတွက်လည်း အကြိုးသက်ရောက်မှု ရှိသည်ဟု နားလည်ထားပါသည်။ အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ လူ့အခွင့်အရေး ချိုးဖောက်မှုများရှိကြောင်း လေးနက်သော စွပ်စွဲချက်များ ကချင်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းမှ ဆက်လက် ပေါ်ထွက်လာလျက် ဖြစ်၍ အချက်အလက်ရှာဖွေရေးအဖွဲ့မှ ယင်းကိစ္စ တို့ကိုလည်း ဆန်းစစ်ပါလိမ့်မည်။

“မကြာသေးခင်အချိန်တွင်း” ဆိုသော ဝေါဟာရသည် (၂၀၁၁) ခုနှစ်နောက်ပိုင်း အချိန်အပေါ် အာရုံစိုက်ရန် ကျွန်ုပ်တို့သတ်မှတ်လိုက်ပါသည်။ ၎င်းခုနှစ်သည် မြန်မာနိုင်ငံ၏ များမကြာမီက သမိုင်းကြောင်းတွင် တိုင်းရင်းသားဆက်ဆံရေးနှင့် ပတ်သက်၍ အရေးပါသောအချိန်ဖြစ်ပါသည်။ (၂၀၁၁) ခုနှစ်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်း၌ အပစ်အခတ်ရပ်စဲရေး ယိုယွင်းချက်များနှင့် တင်းမာမှုများ အရှိန်မြင့် စတင်ခဲ့ပြီး (၂၀၁၂)တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ပမာဏကြီးမားသောအကြမ်းဖက်မှုများ ဖြစ်စေရန် ဦးဆောင်ခဲ့သည်ဟု သိရပါသည်။ ဤသို့ဆိုခဲ့သည်ရှိသော်၊ အချက်အလက်ရှာဖွေရေးအဖွဲ့ (အက်ဖ်အက်ဖ်အမ်)သည် ရှာ‌ဖွေတွေ့ရှိချက်များကို ကျယ်ပြန့်သော သမိုင်းစဉ်၊ လူမှုရေး နှင့် နိုင်ငံရေး ဆိုင်ရာအခြေအနေများအား သက်ဆိုင်စွာ စဉ်းစားတင်ပြနိုင်ရန် ကြိုးစားသွားပါမည်။

ထို့အပြင် ဤဆုံးဖြတ်ချက်အစီရင်ခံစာအပါ ကျွန်တော်တို့၏ ဖြစ်ရပ်မှန်ထုတ်ပြန်ချက်တွင် ထည့်သွင်းတင်ပြ သင့်သော ဥပဒေချိုးဖောက်မှု စွပ်စွဲချက်များစာရင်း ရှိပါသည်။ အထူးသဖြင့် ၎င်းစာရင်းနှင့် အတူတူ မကြာသေးမီက လုံခြုံရေး စစ်စခန်းများကို ဝင်ရောက်တိုက်ခိုက်မှုရှိခဲ့သောကြောင့် မြန်မာ့တပ်မတော် တပ်ဖွဲ့များက လုံခြုံရေး အော်ပရေးရှင်းအနေနှင့် ပြန်လည်တုန့်ပြန်မှုပြုရာတွင် လူအလုံးလိုက် သတ်ဖြတ်မှုများ၊  ကျူးလွန်စွာ အဓမ္မပြုကျင့်မှုများ၊ ညှင်းပမ်းနှိပ်စက်မှုများ၊ မုဒိမ်းကျင့်မှုများ၊ ရွာလုံးလိုက် မီးရှို့ လောင်ကျွမ်းမှုများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲချက်များ ပေါ်ပေါက်လာပါသည်။ တချို့ သတင်းထုတ်ပြန်ချက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ဒေသများ၌ မြှုပ်နှံထားသော မြေမြှုပ်ဗုံးများကြောင့် ကလေးငယ်များအပါအဝင် အကြမ်းဖက်မှုမှ ထွက်ပြေးရန် ကြိုးစားသော လူများ  ကိုယ်လက်အင်္ဂါ ချို့တဲ့စွာ ဒဏ်ရာရစေခြင်း၊ အသက်ဆုံးရှုံးစေခြင်း တို့ဖြစ်သည်ဟု သိရပါသည်။ တခြား တင်ပြချက်များအရ ရိုဟင်ဂျာလူမျိုးများအား လူ့ဂုဏ်သိက္ခာ ကင်းမဲ့စေသော ဝါဒဖြန့်ချီမှု စကားများနှင့် သူတို့သည် လူသားများ မဟုတ်ကြောင်း၊ တိရစ္ဆာန် ဖျက်ကောင်များသာ ဖြစ်ကြောင်း ကြမ်းတမ်းစွာ ပြောဆိုမှုများ ရှိနေကြောင်းလည်း သိရပါသည်။ ကမ္ဘာအနှံ့မှာ ကြီးကြီးကျယ်ကျယ် ရက်စက်ယုတ်မာမှုများ မကျူးလွန်ခင် ဤကဲ့သို့ မုန်းတီးစကားများ စ၍ပြောဆိုဖွယ် ရှိတတ်သောကြောင့် ယခု ကောင်စီသည် လက်ရှိဖြစ်ပေါ်နေသော စိုးရိမ်ဖွယ် အရိပ်လက္ခဏာများကို အသိအမှတ်ပြုထားပါသည်။ ကျွန်တော်တို့သည် ယင်းကဲ့သို့ အကြောင်းပြချက်များ ကြားသိခဲ့ရသည့် အတွက် စိုးရိမ်စိတ်လိုက်မှုများ ဖြစ်ခဲ့ပြီး၊ ဤအကြောင်းအရာများကို သေချာစွာ စုံစမ်းစစ်ဆေးပါမည်။ နောက်ဆုံးအနေနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိခဲ့သည် ဖြစ်သော်၊ မရှိခဲ့သည် ဖြစ်သော်၊ ကျွန်တော် ကိုယ်တိုင်ကလည်း ချိုးဖောက်မှုများရှိခဲ့သည်ဟု အချိန်မတိုင် မပြောချင်ပါ၊ သို့ပေမလယ့်လည်း၊ အထူးအရေးတကြီး အရေးပြုရန်လိုအပ်သော လူသူချင်း စာနာထောက်ထားသင့်သည့် သေရေးရှင်ရေး အခြေအနေကာလ ရောက်ရှိနေပြီ ဆိုတာ ကျွန်တော်တို့ အတွက် သိသာထင်ရှား နေပါသည်။ တစ်လအတွင်း ဘင်္ဂလားဒေ့နိုင်ငံသို့ ခိုလှုံရန် ထွက်ပြေးလာသော ဒုက္ခသည် (၄) သိန်းကျော်နေပြီဖြစ်ပြီး ဤကိန်းဂဏန်းသည် လက်ရှိအထိ ဆက်လက် မြင့်မားနေဆဲ ဖြစ်၏။ တချို့ သတင်းအကြောင်းပြချက်များအရ ထိခိုက်သည့် ဒေသများတွင် ရိုဟင်ဂျာရွာမြို့ပေါင်း (၂၀၀) ကျော် ဘာမှမကျန် ဟင်းလင်းဖြစ်သွာကြောင်း သိရပါသည်။

ဤချိုးဖောက်ချက်များ၊ အကြမ်းဖက်မှုများရှိသည်ဟု စွပ်စွဲခံရသော နေရာဒေသများအား ကျွန်တော်တို့ ကိုယ်တိုင် မျက်မြင် သက်သေရှိရန်၊ ထိခိုက်ခံခဲ့ရသော လူသားများနှင့် လည်းကောင်း၊ အရာအရှိများနှင့် လည်းကောင်း တိုက်ရိုက်စကားပြောနိုင်ရန် အရေးကြီးပါသည်။ ထိုအကြောင်းကြောင့် ကျွန်တော်တို့သည် မြန်မာနိုင်ငံ အစိုးရနှင့် ဆက်သွယ်ပြီး အစိုးရ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် လွတ်လပ် ပြီးပြည့်စုံ စွာ သွားလာနိုင်ခွင့်ကို တောင်းဆိုထားပါသည်။ အစိုးရကလည်း အမှန်တရားကို လူအများအား သိစေလိုကြောင်း ဖော်ပြခဲ့သောကြောင့် ၎င်းခွင့်တောင်းချက်ကို အစိုးရက လိုက်ရောလက်ခံမည်ဟု ကျွန်တော်တို့က  မျှော်လင့်ပါသည်။  မြန်မာနိုင်ငံ အစိုးရနှင့် ပြည်သူလူထုတို့က မိမိတို့၏ ထင်မြင်ချက်နှင့် သက်သေအထောက်အထားများအား အချက်အလက်ရှာဖွေရေး မစ်ရှင်းသို့ တိုက်ရိုက်ပြသမည်ဆိုလျှင် အစိုးရနှင့် ပြည်သူလူထုတို့ အတွက် အကောင်းဆုံး အကြိုးသက်ရောက်မှု ရှိမည်ဟု ကျွန်တော်တို့ ယုံကြည်ပါသည်။ ယခုလက်ရှိအခန်းအနားကို အသုံးချပြီး ကျွန်တော်တို့၏ တောင်းဆိုချက်ကို မြန်မာအစိုးရက ဖြည့်စည်းပေးရန်၊ အထူးဖြင့် ကျွန်တော်တို့ အဖွဲ့ကို နိုင်ငံအတွင်းဝင်ခွင့်ပြုရန် ထပ်မံတိုက်တွန်းလိုပါသည်။

ကျွန်တော်တို့သည် ဆက်လက်၍ မိမိတို့၏ လုပ်ပိုင်ခွင့် အာဏာအရ သက်ဆိုင်သော နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ၊ အကောင်းဆုံးအနေနှင့် အသိအမှတ်ပြုထားသော ကျွန်တော်တို့ ရှေ့ပြေး မစ်ရှင်များစွာက တီထွင်ထားခဲ့ပေးသည့် လူ့အခွင့်အရေး အချက်အလက်ရှာဖွေရေးနည်းစနစ်များ အသုံးပြု၍ ဆောင်ရွက်သွားပါမည်။ ဤတို့တွင် “do no harm” ဟုခေါ်သော အန္တရာယ် လုံးဝပြုလုပ်ခြင်း မရှိဘဲ၊ မျှမျှတတနှင့် ဘက်မလိုက်သော လုပ်ဆောင်ချက်များ ပါဝင်ပါသည်။ ခေတ်မီနည်းပညာများ အားလုံးကို အသုံးပြုပါမည်။ ဂြိုလ်တုပုံရိပ် (Satellite Imagery) များ၊ လာမတွေ့နိုင်သူများ အတွက် အဝေးမှ ဆက်သွယ်မှုများ၊ ရရှိထားသော ဓာတ်ပုံ၊ ဗီဒီယိုတို့အား မှန်ကန်ကြောင်း စစ်ဆေးရေး ပြုလုပ်ပါမည်။

ကျွန်တော် အလေးပေးရန်ဆန္ဒရှိတာကတော့ အချက်အလက်ရှာဖွေရေးအဖွဲ့က မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး အခြေအနေအား အမြင်စောင်း ဘက်လိုက်ထင်မြင်ချက်များ မရှိဘဲ ရှိသမျှ စုံစမ်းချက်များကို တိတိကျကျ၊ တရားမျှတစွာ တီးဖြတ်ထားသော အချက်အလက်များပေါ် မူတည်၍သာ အကဲဖြတ်ပြီးတင်ပြပါမည်။ သက်သေအထောက်အထားရှိသော နေရာများသို့ ကျွန်တော်တို့ လိုက်သွားပါမည်။ အချက်အလက်ရှာဖွေရေးအဖွဲ့သည် ရှိသမျှ ရင်းမြစ်မှ ရရှိသော အထောက်အထား အကြောင်းအရာများကို ဖိတ်ခေါ်ပါသည်။ ၎င်းတို့ကို ကျွန်တော်တို့ ယခုပင် ပမာဏထုထည်ကြီးမားစွာ ရရှိပြီးသား ဖြစ်ပါသည်။ ယခု အခွင့်အရေးကို အသုံးချပြီး ကျွန်တော်ကိုယ်တိုင် မြန်မာနိုင်ငံအစိုးရ အပါအဝင် အကြောင်းအရာ ပေးကမ်းလိုသူများအားလုံးကို ထပ်ပြီး ဖိတ်ကြားလိုပါသည်။

(၂၀၁၇) ခုနှစ် ဩဂုတ်လ (၈) ရက်နေ့ တွင် အစိုးရ ခန့်အပ်ထားသော “ရခိုင်ပြည်နယ် မောင်တော်မြို့ စုံစမ်းစစ်ဆေးရေးကော်မရှင်”က နောက်ဆုံး တင်ပြချက်မှတ်တမ်း အကျဉ်းချုပ်ကို ထုတ်ပြန်ကြေညာခဲ့ပါသည်။ ၎င်းအကျဉ်းချုပ်တွင် ကော်မရှင်က များပြားသော စွပ်စွဲချက်များကို အတည်မပြုနိုင်ကြောင်း၊ ဆက်လက်စုံစမ်းရန် လိုအပ်ကြောင်း ပြောကြားပြီး၊ ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များအား ငြင်းဆိုခဲ့ပါသည်။ ကျွန်တော်တို့အနေနှင့် အစိုးရအား ယင်းတင်ပြချက်မှတ်တမ်းကို ချက်ချင်း ထုတ်ပြန်ရန် တိုက်တွန်းလိုက်ပါသည်။ ဤမှတ်တမ်း မပါဝင်ခဲ့လျှင် ကော်မရှင်၏ အလေးနက်ကြမှုနှင့် သက်ဆိုင်မှုများအား မခံ့မှန်းနိုင်ပါ။ ကျွန်တော်တို့အဖွဲ့ လုပ်ငန်းများတွင်လည်း ကော်မရှင်၏အကျိုးသက်ရောက်မှုသေချာပေါက် အကန့်အသတ်ရှိသွားမည်ဖြစ်ပါသည်။

အလွန်အရေးပါသော တင်ပြချက်မှတ်တမ်း  နောက်တစ်ခုကို ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့တွင် ထုတ်ဝေခြင်းရှိခဲ့ပါသည်။ ၎င်းမှတ်တမ်းသည် ကိုဖီအာနမ် ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်မှ တင်ပြချက်ဖြစ်၏။ အတွင်းတွင် အကြံပေးကော်မရှင်က လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များနှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်ပါရှိသော အခြေအနေကိစ္စများအား စုံစမ်းစစ်ဆေးရန် လုပ်ပိုင်ခွင့်အာဏာ မရှိခဲ့ကြောင်း၊ မိမိ တာဝန်မှာ “အသင်းအပင်းဆိုင်ရာ၊ ဖွဲ့စည်းတည်ဆောက်ရေးဆိုင်ရာ အကြောင်းတရားများကြောင့် ရခိုင်ပြည်နယ်၏ ငြိမ်းချမ်းရေး၊ တရားမျှတရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ အောက်ခြေကလှိုက်စားနေမှုများရှိကြောင်း ထုတ်ပြန်ပြောကြားရန်၊ တပြည်နယ်းလုံးပါ လူမှုအသိုင်းအဝိုင်းအားလုံး၏ သုခချမ်းသာ တိုးတက်အောင် အထောက်အကူပြုသော ခိုင်လုံသည့် ခြေလှမ်းများအဆိုပြုရန်” ဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။ အချက်အလက်ရှာဖွေရေးအဖွဲ့သည် အကြံပေးကော်မရှင်၏ မှတ်တမ်းအား ကြိုဆိုလက်ခံ၍ ၎င်း၏အဆိုပြုချက်များကို စောစောစီးစီး စတင်လုပ်ဆောင်ရန် တိုက်တွန်းလိုက်ပါသည်။ ဤကဲ့သို့ လုပ်ဆောင်ရန် အလောတကြီးလိုအပ်မှုမှာ နဂိုမူလတည်းက ရူပ်ထွေး၊ ထိခိုက်လွယ်ပြီး မရေမရာလှသော အခြေအနေများ  ဩဂုတ်လ (၂၅) ရက်နေ့မှ စ၍ ပိုပြင်းထန်လာသောကြောင့် ဖြစ်ပါသည်။

သမ္မတမှူးကြီးခင်ဗျား။ ။

ယခင်က ကျူးလွန်ခဲ့သော မတရားမှုကို တရားမျှတ ဖြစ်အောင် ပြုပြင်ပေးရန် နှင့် အနာဂတ်မှာ ဆက်လက်မဖြစ်အောင် တားဆီးကာကွယ်ရန် ဖြစ်ရပ်မှန် အတိအကျ အကြောင်းအရာများ တည်ထောင်ပြီး၊ အကြမ်းဖက်မှု၏ လက်ရင်းအကြောင်းခံကို အမည်တပ်ခေါ်ရန် လိုသည်။

ကျွန်တော်တို့သည် အချက်အလက်ရှာဖွေရေးအဖွဲ့၏ လုပ်ပိုင်ခွင့်အာဏာက ကျူးလွန်သူများ တာဝန်ခံမှုရှိရန် အတွက် အလွန်အရေးပါကြောင်း သေချာစွာ နားလည်ပါသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းကိစ္စနှင့် ပက်သက်၍ ကျွန်တော်တို့သည် ဖြစ်ပေါ်နေလျက်ရှိသော အခြေအနေကို အသေးစိတ် လိုက်ရှူလေ့လာနေဆဲဖြစ်ပါသည်။ ကျွန်တော်တို့ အဖွဲ့ဝင်သားများကို အရေးပေါ်အနေနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လွှတ်ခဲ့ပါသည်။ ယင်းအဖွဲ့ဝင်သားများသည် လောလောဆယ် အကြောင်းအရာများကို စုစည်း၍ စွပ်စွဲချက်များကို မှန်မမှန် စစ်ဆေးနေဆဲပါ။ ကျွန်တော်တို့ကလည်း ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ အကြမ်းဖက်မှုဖြစ်ရပ်တွင် ပါဝင်သော လုပ်ပိုင်ရှင်များ အားလုံးသို့ လက်ရှိဖြစ်ရပ်များကို ချက်ချင်းရပ်တန့်ပါဟု ပူးပေါင်းပြောကြားလိုပါသည်။ အပြည်ပြည်ဆိုင်ရာ စံသတ်မှတ်ချက်များ၊ အဆင့်အတန်းများကို တစ်သဝေမတိမ်း လိုက်နာရန် ဆက်လက်တိုက်တွန်းပါသည်။ ထို့အပြင်၊ ကျွန်တော်တို့သည် အထူးသဖြင့် သိန်းချီစွာ စွန့်ခွာခဲ့ကြသော လူသားများနှင့် ထိခိုက်နေသော ရခိုင်ပြည်နယ်ရှိ သီးသန့်လူစုများ အတွက် ကယ်ဆယ်ရေး ရိက္ခာပစ္စည်း ဖြန့်ဝေရေးများ အပြည့်အစုံ လာရောက်ခွင့်ပေးရန်  ပူးပေါင်းတောင်းဆိုပါသည်။

သမ္မတမှူးကြီးခင်ဗျား။ ။

ကောင်စီ ဆုံးဖြတ်ချက်အစီရင်ခံစာ (၃၄/၂၂) သည် မတ်လတွင် တည်ထောင်ခဲ့သည် ဖြစ်သော်လည်း ကျွန်တော်ကိုယ်တိုင် ဥက္ကဌအနေနှင့် ဇူလိုင်လ (၂၇)ရက် ရောက်ရှိခဲ့သော အချိန်မှ ဤအချက်အလက်ရှာဖွေရေးအဖွဲ့ သည် အဝေးမှလုပ်ငန်းများ  စတင်ဆောင်ရွက် နိုင်ခဲ့သည် ဖြစ်ပါသည်။ အဖွဲ့ဝင်သားအားလုံး ဂျီနီဘာမြို့တွင် ဩဂုတ်လ (၂၁)ရက်‌နေ့မှစ၍ လူကိုယ်တိုင် ပူးပေါင်းတွေ့ဆုံနိုင်ခဲ့ကြခြင်း ဖြစ်သည်။ ထိုအပတ်တွင် ကျွန်တော်တို့သည် အသုံးအနှုန်းများ၏ ကိုးကားချက်၊ နည်းစနစ်နှင့် စုစုပေါင်းအလုပ်အစီအစဉ်များကို ဆွေးနွေး သဘောတူညီခဲ့ပါသည်။ ကျွန်တော်တို့သည် အစီရင်ခံစာပါ စာလုံးသုံးနှုန်းများအား မိမိတို့ လုပ်ပိုင်ခွင့်အာဏာ၏ အချိန်ကာလအရ၊ ပထဝီအနေအထားအရ ထိရောက်သော သတ်မှတ်ချက်ဘောင်တွေကို ကျယ်ပြန့်စွာ အဓိပ္ပာယ်ကောက်ယူချက်ယူနိုင်ရန် ပြန်လည် စစ်‌ဆေးထားပါသည်။ ဤကိစ္စများကို ရရှိနိုင်သော အချိန်နှင့်အရင်းအမြစ်များအား လက်တွေ့ကျ ထည့်သွင်းစဉ်းစားထားပါသည်။

ကျွန်တော်တို့သည် လူကြီးမင်းတို့ အာရုံစူးစိုက်မှု ရှိသည်ကို ကျေးဇူးတင်ပါတယ်။

ထုတ်ပြန်ကြေညာချက် မူရင်းကို ဤနေရာတွင် ဖတ်ရှုနိုင်သည်။

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia