နှစ် (၅၀) မြောက် ဆန်ပြဿနာနေ့ အထိမ်းအမှတ်အတွက် သဘောထားထုတ်ပြန်ကြေညာချက်

13 August 2017

All Arakan Students' and Youths' Congress

နှစ် (၅၀) မြောက် ဆန်ပြဿနာနေ့ အထိမ်းအမှတ်အတွက် သဘောထားထုတ်ပြန်ကြေညာချက်

၁၉၆၇ ခုနှစ်၊ သြဂုတ်လ (၁၃) ရက်နေ့တွင်ဖြစ်ပွါးခဲ့သော စစ်တွေဆန်ပြဿနာနေ့ (ဝါ) စစ်တွေလူသတ်ပွဲသည် ယနေ့ဆိုလျှင် နှစ် (၅၀) တိုင်ခဲ့ပြီဖြစ်သည်။ ဤအဖြစ်ပျက်သည် ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး နောက်ပိုင်းသမိုင်းတွင်အပြစ်မဲ့ပြည်သူများအပေါ် ကျူးလွန်ခဲ့သည့်အဆိုးရွားဆုံး လူ့အခွင့်အရေးချိုးဖောက်မှုများ
ထဲမှတခုပင်ဖြစ်ပါသည်။

၁၉၆၇ ခုနှစ်တွင် ရခိုင်ပြည်၌ ရာသီဥတုမကောင်းမွန်၍ မိုးနည်းသဖြင့် စိုက်ပျိုးပင်များမဖြစ်ထွန်းသည့်အတွက် လယ်ယာထွက်ကုန် ဆန်စပါးမှာလည်း အထွက်နည်းသွားခဲ့ပါသည်။ အာဏာရှင် ဗိုလ်နေဝင်းအစိုးရသည် ရခိုင်ဒေသစပါးအထွက်နူန်း ကျဆင်းမည်ကိုသိရှိလျက် နိုင်ငံခြားသို့ စပါးတင်းရေပြည့်မီအောင် ရောင်းချနိုင်ရေးကိုသာ ဦးစားပေးခဲ့သဖြင့် ဒေသတွင်း ဝမ်းစာမဖူလုံဖြစ်ခဲ့ရသည်။

ထိုကြောင့် ရခိုင်ပြည်ရှိ အခြေခံလူထုမှာ ငတ်မွတ်ခေါင်းပါးမှုပြဿနာကို အကြီးမားဆုံးရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ စစ်တွေမြို့ရှိဆန်ဂိုဒေါင်များတွင် ဆန်အပြည့်ရှိလျက်နှင့် အစိုးရမှဆန်ရောင်းချမပေးခြင်း၊ လူတစ်ယောက်လျှင် နို့ဆီဗူးဖြင့် (၁၄) ဗူးသာရောင်းချပေးခဲ့ခြင်းတို့ကြောင့် စစ်တွေမြို့ရှိ ရခိုင်ပြည်သူလူထုသည် နိုင်ငံခြားသို့တင်ပို့ရန် ဆန်ဂိုဒေါင်များ၌ လှောင်ထားသောဆန်များကို ရောင်းချပေးရန် ၁၉၆၇ ခုနှစ်၊ သြဂုတ်လ (၁၃) ရက်နေ့တွင် ငြိမ်းချမ်းစွာ လှည့်လည်ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

ထိုသို့ ငြိမ်းချမ်းစွာဖြင့် တောင်းဆိုခဲ့သည်ကို အာဏာရှင်နေဝင်းအစိုးရမှ မလိုက်လျော့သည့်အပြင် ခလရ (၂၀) တပ်ရင်းမှူးက မလိုအပ်ဘဲ ပစ်မိန့်ပေးနှိမ်းနှင်းစေရာ လက်နက်မဲ့ဒေသခံရခိုင်ပြည်သူ (၂၀၀) ကျော် သေဆုံးခဲ့ရသည်။ အုပ်စိုးသူအဆက်ဆက်သည် ဤဖြစ်ရပ်အပေါ်ဆူပူအကြမ်းဖက်ခိုးဆိုးလုယက်မှုအနေအထား အဆင့်သာသာ သတ်မှတ်ထားခဲ့ကြပြီး ဒေသခံလူထု၏နစ်နာချက်နှင့် ဒါဏ်ရာဒါဏ်ချက်များကို ယနေ့ထိ မျက်ကွယ်ပြုထားဆဲဖြစ်သည်။

ယနေ့ကာလသည်စစ်အာဏာရှင်စနစ်မှဒီမိုကရေစီစနစ်သို့အသွင်ကူးပြောင်းနေချိန်ဖြစ်ရာ အတိတ်ကကျူးလွန်ခဲ့သောလူ့အခွင့်အရေးချိုးဖောက်မှုများအတွက် အမှန်တရားပေါ်ပေါက်ရေးကိုတဖက်တလမ်းမှ အကောင်အထည် ဖော်နိုင်စေရန် (၁၃) သြဂုတ် စစ်တွေဆန်ပြဿနာနေ့ (ဝါ) စစ်တွေလူသတ်ပွဲနေ့နှင့်ပတ်သက်၍မိမိတို့ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံးမှ အောက်ပါအတိုင်းတိုက်တွန်းအပ်ပါသည်။

၁၊ လက်ရှိအစိုးရအနေဖြင့်စစ်တွေဆန်ပြဿနာနေ့ကိုရခိုင်ပြည်သူလူထုအပေါ်ကျူးလွန် ခဲ့ေ သာလူ့အခွင့်အရေး ချိုးဖောက်မှုတစ်ခုအဖြစ် သတ်မှတ်ဝန်ခံရန်။
၂၊ (၁၃) သြဂုတ်တွင် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ရာ၌ စစ်တပ်မှပစ်ခတ်မှုကြောင့် ကျဆုံး သွားသောအပြစ်မဲ့ပြည် သူများအားရည်စူး၍ အမှတ်တရရုပ်ထုကျောက်တိုင် သို့မဟုတ် သမိုင်းပြတိုက်တခု ဆောက်လုပ်ပေးရန်။
၃၊ (၁၃) သြဂုတ်နေ့ကို ရခိုင်တမျိုးသားလုံး၏ ဝမ်းနည်းအောက်မေ့ဖွယ်နေ့အဖြစ်သတ်မှတ်ပေးရန်။
၄၊ (၁၃) သြဂုတ် စစ်တွေဆန်ပြသာနာအရေးအခင်း၌ ပြစ်မှုကျူးလွန်ရာတွင်ပါဝင်ခဲ့သူ၊ ပံ့ပို့ခဲ့သူ၊ တိုက်ရိုက်၊ သွယ်ဝိုက်အမိန့်ပေးခဲ့သူများမှ ရခိုင်ပြည်သူလူထုအား ဝန်ချတောင်းပန်ရန်။

“စစ်တွေဆန်ပြဿနာ အရေးတော်ပုံတွင် သွေးမြေကျခဲ့ကြသော လုပ်သားပြည်သူအပေါင်းအား အစဉ်ဂါရဝပြုလေးစားလျှက်”

ဗဟိုအလုပ်အမှုဆောင်အဖွဲ့
ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး (ရ၊က၊လ၊စ)
ဗဟိုဌာနချုပ် ၊ ထိုင်း-မြန်မာ နယ်စပ်။
ဆက်သွယ်ရန်- ဖုန်း၊ +66 (0) 881450366 ၊ +95 (0) 9773388464
Email: [email protected]

ထုတ်ပြန်ကြေညချက်ကို ဤနေရာတွင် ရယူနိုင်သည်။

PV Logo

Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.

Social Links

Copyright © 2017 - 2025 All Rights Reserved - Progressive Voice (PV)
Website by Bordermedia