09 August 2017
Karen Environmental and Social Action Network, Kawthoolei Forestry Department
ရန်ကုန်၊ မြန်မာ (၉၊ သြဂုတ်လ၊ ၂၀၁၇) – ယနေ့တွင်ကျရောက်သော ကမ္ဘာ့ဌာနေတိုင်းရင်းသားလူမျိုးများနေ့ကို လေးစားဂုဏ်ပြုသောအားဖြင့် ကရင်သဘာဝပတ်ဝန်းကျင်နှင့်လူမှုရေးဆိုင်ရာလှုပ်ရှားမှုကွန်ရက် နှင့်ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ) ၏ဌာနတစ်ခုဖြစ်သည့် ကော်သူးလေသစ်တောဌာနတို့က ကရင်ပြည်နယ်အတွင်း မှတ် သားလောက်သော ဌာနေကရင်လူမျိုးတို့၏သစ်တောထိန်းသိမ်းစောင့်ရှောက်မှုဥပမာတစ်ခုဖြစ်သည့် ကဆောထယ် ကျေးရွာပိုင်ဘုံသစ်တောကို သရုပ်ဖေါ်ရိုက်ကူးထားသောရုပ်သံမှတ်တမ်းအား မိတ်ဆက်လိုက်ပါသည်။
မြန်မာနိုင်ငံ၊ ကော်သူးလေ (ကေအဲန်ယူထိန်းချုပ်နယ်မြေတစ်ခုလုံး)၊ ညောင်လေးပင် (ခလယ်လွီထူ) ခရိုင်၏အရှေ့ ဘက်အရပ်၊ ဖာပွန် (မူတြော်) ခရိုင်၏အနောက်ဘက်ဒေသအတွင်း၌တည်ရှိသည့် ကဆောထယ်သစ်တောကြီးသည် ထိခိုက်ခြင်းမခံရသေးသည့် အပျိုစင်သစ်တောတစ်ခုဖြစ်သလို ထိုဒေသအတွင်း မျိုးဆက်ပေါင်းများစွာနေထိုင်လာကြ သောဌာနေကရင်တိုင်းရင်းသားလူထုအတွက် သဘာဝဂေဟစနစ်နှင့်လူမှုရေးဆိုင်ရာတန်ဖိုးများ၊ ယုံကြည်ကိုးကွယ်မှု များရှင်သန်ရာနှင့်အထွတ်အမြတ်ထားရာ ဘေးမဲ့သစ်တောလည်း ဖြစ်သည်။ ၎င်းသည် ကျေးရွာ ၁၅ ရွာ၏စုပေါင်းကာ ကွယ်မှုနှင့်စီမံခန့်ခွဲမှုတို့အောက်၌ရှိပြီး အကျယ်အဝန်းမှာ ၁၄၆၀၆ ဧကရှိသည်။ ထူထပ်သော သစ်တောတောင်တန်း ဧရိယာများနှင့်အများဆုံးဖုံးလွှမ်းနေပြီး ကျားနှင့်မျောက်လွှဲကျော်များအပါအဝင် ရှားပါးဇီဝသက်ရှိမျိုးစိတ်နှင့် ဘေးသင့် ဇီဝသက်ရှိမျိုးစိတ်မျိုးကွဲများစွာ တည်ရှိရာသစ်တောဖြစ်သည်။ ထိုဒေသရှိ ကရင်တိုင်းရင်းသားလူထုအတွက် ဤသစ် တောသည် အရေးပါသော ဒဏ္ဍာရီနှင့် သမိုင်းလက္ခဏာများစွာ တည်ရှိရာနေရာလည်းဖြစ်သည်။
ဤ ၂၆ မိနစ် ရုပ်သံမှတ်တမ်းတွင် မိမိတို့၏ယဉ်ကျေးမှုလက္ခဏာ၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်းနှင့် မျိုးဆက် အဆက်ဆက်၏လူမှုဘဝကောင်းမွန်ရေးအတွက် မှီခိုလာကြသော မိမိတို့၏သစ်တောနှင့်သဘာဝအရင်းအမြစ်များကို ရေရှည်တည်တန့်စေသောနည်းများဖြင့် ထိန်းသိမ်းစောင့်ရှောက်လာကြသည့် ဌာနေကရင်တိုင်းရင်းသားလူမျိုးတို့၏ အသိပညာ၊ အတတ်ပညာနှင့်ဓလေ့ထုံးတမ်းများကို သရုပ်ဖေါ်ပြသထားသည်။
ကဆောထယ်သစ်တောကြီးထဲတွင် ဆေးဖက်ဝင်အပင်မျိုးစိတ် ၂၀၀ ကျော်တည်ရှိသည်။ ဒေသခံ ကျောင်းဆရာမနှင့် ရိုးရာတိုင်းရင်းဆေးဆရာမဖြစ်သူ နော်ဖေါလေးလေက “တကယ်လို့သာ ဒီသစ်တောကြီးပျက်စီးသွားရင် ကျမတို့မှာ ဆေးဖက်ဝင်အပင်တွေရှိတော့မှာမဟုတ်ဘူး…ဒီလိုသာဖြစ်ရင် လူထုရဲ့ကျန်းမာရေးအပေါ် ဆိုးရွားတဲ့အကျိုးသက် ရောက်မှုတွေဖြစ်လာလိမ့်မယ်” ဟုဆိုသည်။
ဤကဆောထယ်သစ်တောကြီးကပေးသော အကျိုးကျေးဇူးမှာ ကော်သူးလေတစ်ခုလုံးအတိုင်းအတာထက် ကျော် လွန်ပါသည်။ ဒေသခံလူထုခေါင်းဆောင် စောအိုမူးက “ကျွန်တော်တို့လုပ်ဆောင်နေတဲ့ ဒီသစ်တောနဲ့တောရိုင်းတိရိ စ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ခြင်းတွေဟာ ရာသီဥတုဖေါက်ပြန်မှုနဲ့ကမ္ဘာကြီးပူနွေးမှုကို ရင်ဆိုင်နေရတဲ့ကမ္ဘာ ကြီးအပေါ် အပေါင်းလက္ခဏာဆောင်တဲ့အကျိုးသက်ရောက်မှုတွေရှိပါတယ်” ဟုဆိုသည်။
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးဖေါ်ဆောင်မှုနှင့်နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများစတင်ခဲ့သည့်အချိန်မှစ၍ သစ်တောထူ ထပ်စွာပေါက်ရောက်ပြီး သဘာဝအရင်းအမြစ်များကြွယ်ဝလျက်ရှိနေသည့် ဌာနေကရင်တိုင်းရင်းသားလူထုတို့၏နယ် မြေဒေသတွင် ၎င်းတို့ထံမှ FPIC ခေါ် “လူထုမှအချိန်မှီကြိုတင်သတင်းအချက်အလက်များရရှိလျက် ခြိမ်းခြောက်ဖိ အားပေးခြင်းများမခံရဘဲ ၎င်းတို့၏သဘောဆန္ဒအားလွတ်လပ်စွာပေးသောခွင့်ပြုချက်” များရယူခြင်းမရှိဘဲ စီးပွားရေး နှင့်ဖွံ့ဖြိုးရေးစီမံကိန်းများက ထုထည်ကြီးမားစွာဝင်ရောက်လာကြသည်။ ဤကဲ့သို့သောစိန်ခေါ်မှုများကြားထဲက ဒေသခံဌာနေလူထုသည် ကျေးရွာပိုင်ဘုံသစ်တောများကိုဖွဲ့စည်းခြင်းဖြင့် ခြိမ်းခြောက်မှုများကို တုံ့ပြန်ကြသည်။ ကျေး ရွာပိုင်ဘုံသစ်တောမှာ ဒေသခံလူထုနှင့်ကေအဲန်ယူ – ကော်သူးလေသစ်တောဌာနတို့၏ ပူးပေါင်းစီမံခန့်ခွဲမှုအောက် တွင်ရှိသည်။ ကော်သူးလေသစ်တောဌာန၏ဥက္ကဌ ပဒိုမန်းဘထွန်းက “ဒေသခံလူထုနဲ့ ပူးပေါင်းလက်တွဲခြင်းဟာ အဓိ ကကျပြီး အရေးပါလှတယ်၊ သစ်တောအရေးမှာ ဒေသခံလူထုရဲ့ရေရှည်ပူးပေါင်းပါဝင်လက်တွဲမှုအားကို မြှင့်တင်အား ကောင်းစေခြင်းဟာ အရေးကြီးတဲ့အချက်ဖြစ်တယ်” ဟု ဆိုပါသည်။
ဆက်သယ်ွရန်။
ပဒိုမန်းဘထွန်း (ကရင်၊ မြန်မာဘာသာ) ။ ။ +66 (0) 979 408 152 (ထိုင်းဖုန်း)၊ +95 977 631 9899 (မြန်မာဖုန်း)။
စောအဲလက်(စ်) (ကရင်၊ မြန်မာ၊ အင်္ဂလိပ်ဘာသာ) ။ ။ +668 967 656 615 (ထိုင်းဖုန်း)၊ +95 976 177 0115 (မြန်မာဖုန်း)။
သတင်းထုတ်ပြန်ချက် မြန်မာဘာသာကို ဤနေရာတွင် ရယူနိုင်သည်။
သတင်းထုတ်ပြန်ချက် စကောကရင် ဘာသာကို ဤနေရာတွင် ရယူနိုင်သည်။
င
င
04 April 2025
13 March 2025
28 February 2025
25 February 2025
25 February 2025
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.