31 July 2017
၁။ မူတြော်ခရိုင်အလုပ်အမှုဆောင်ကော်မတီကကြီးမှူး၍ ပြည်တွင်းနေရပ်စွန့်ခွါပြည်သူလူထုများနှင့်ဒုက္ခသည်များအား ထောက်ပံ့ရေးညှိနှိုင်းဆွေးနွေးပွဲကို ၂၀၁၇-ခုနှစ်၊ ဇူလိုင်လ(၂၅)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ ကရင်အရပ်ဖက်လူ ထုအဖွဲ့အစည်း(၁၀)ဖွဲ့မှ ကိုယ်စားလှယ်(၇၁)ဦး တက်ရောက်ခဲ့ပါသည်။
၂။ ထိုညှိနှိုင်းဆွေးနွေးပွဲတွင် လက်ရှိနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေနှင့် ဒုက္ခသည်ကူညီထောက်ပံ့မှုအခြေအနေ များကို ဆွေနွေးသုံးသပ်ပြီး ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့သည်။ ထို့အပြင် ပြည်တွင်းနေရပ်စွန့်ခွါပြည်သူလူထုများ အတွက် အကူအညီဆက်လက်ရရှိနိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပံ့ပိုးဆောင်ရွက်နိုင်ရန်ရည်
ရွယ်၍ ပြည်တွင်းနေရပ်စွန့်ခွါပြည်သူလူထုပံ့ပိုးရေးကော်မတီ(Internally Displaced Persons Supporting Committee) တရပ်ကိုလည်း ဖွဲ့စည်းခဲ့ကြသည်။
၃။ ပြည်တွင်းနေရပ်စွန့်ခွါပြည်သူလူထုများနှင့်ဒုက္ခသည်ဖြစ်ပေါ်လာရခြင်းသည် ပြည်တွင်းစစ်ကြောင့်ဖြစ်ပြီး ပြည်တွင်း စစ်ဖြစ်ပေါ်လာရခြင်း၏အရင်းခံမှာ နိုင်ငံရေးပြဿနာပင်ဖြစ်သည်။
၎။ လက်ရှိကာလတွင် အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအချို့သာ NCA စာချုပ်ကို လက်မှတ်ထိုးနိုင်ခဲ့ပြီး တနိုင်ငံလုံးအတိုင်းအတာအဖြစ် အပစ်အခတ်ရပ်စဲရေးရရှိအောင် မဆောင်ရွက်နိုင်ခဲ့သေးပေ။ ထို့အတူ အစိုးရနှင့် NCA စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အ စည်းများတို့၏ နိုင်ငံရေးဆွေးနွေးမှုများသည်လည်း မျှော်မှန်းသလောက်အောင်မြင်မှုမရရှိသဖြင့် လက်ရှိငြိမ်းချမ်းရေး ဖော်ဆောင်မှုဖြစ်စဉ်ကို တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများမှ ပြန်လည်သုံးသပ်နေကြသည် ကို ထင်ထင်ရှားရှား မြင်တွေ့နေရပါသည်။
၅။ သို့သော် နိုင်ငံတကာမှနယ်စပ်ဖြတ်ကျော်ကူညီထောက်ပံ့မှုအား ပြည်တွင်းနေရပ်စွန့်ခွါပြည်သူလူထုများအပါအဝင် ဒုက္ခ သည်ကူညီထောက်ပံမှုများကို လျော့ချ၊ ပြတ်တောက်နေပြီဖြစ်သည်။
၆။ အထူးသဖြင့် မူတြော်ခရိုင်အတွင်းရှိ ပြည်တွင်းနေရပ်စွန့ခ်ွါပြည်သူလူထုများနေထိုင်သည့် အီးတူထာစခန်းအားကူညီ ထောက်ပံ့မှုများသည် ၂၀၁၇-ခုနှစ်၊ စက်တင်ဘာလအကုန်တွင် လုံးဝပြတ်တောက်သွားတော့မည် ဖြစ်သည့်အတွက် ကြောင့် လက်ရှိစခန်းနေပြည်သူလူထုများသည် ၎င်းတို့ဘဝလုံခြုံရေးနှင့်ရပ်တည်ရေးအပေါ် စိုးရိမ်မှုများဖြစ်နေပါသည်။
၇။ ထို့ကြောင့် ပြည်တွင်းနေရပ်စွန့်ခွါပြည်သူလူထုများအပါအဝင်၊ ဒုက္ခသည်အရေးနှင့်ပတ်သက်၍ ကိုင်တွယ်ဖြေရှင်း
ရာတွင် –
(က) ပြည်တွင်းနေရပ်စွန့်ခွါပြည်သူလူထုများအပါအဝင်၊ ဒုက္ခသည်ပြန်လည်ပို့ဆောင်နေရာချထားရေးကို အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံရေးဖြစ်ပေါ်အောင်မြင်တိုးတက်မှုအပေါ် အခြေခံရမည်။
(ခ) မြန်မာပြည်အတွင်း နိုင်ငံရေးအာမခံချက်နှင့်စစ်မှန်သောငြိမ်းချမ်းရေးမရရှိသေးပဲ ပြည်တွင်းနေရပ်စွန့်ခွါပြည်သူလူ ထုအပါအဝင် ဒုက္ခသည်များအား ပြန်လည်ပို့ဆောင်ခြင်းများ မပြုလုပ်ရန်။
(ဂ) ပြည်တွင်းနေရပ်စွန့်ခွါပြည်သူလူထုများအပါအဝင် ဒုက္ခသည်များပြန်လည်နေရာချထားနိုင်ရေးအတွက် ယုံကြည်မှု တည်ဆောက်နိုင်ရန် အစိုးရတပ်စခန်းများအား အမြန်ဆုံးရုပ်သိမ်းပေးရန်။
၈။ နိုင်ငံတကာအလှူရှင်များမှလည်း ပြည်တွင်းနေရပ်စွန့်ခွါပြည်သူလူထုများအပါအဝင်၊ ဒုက္ခသည်အရေးနှင့်ပတ်သက်၍ ကူညီဖြေရှင်းဆောင်ရွက်ရာတွင် –
(က) ပြည်တွင်းနေရပ်စွန့်ခွါပြည်သူလူထုအပါအဝင်၊ ဒုက္ခသည်များ၏ရေရှည်တည်တံ့ခိုင်မြဲသောဘဝရပ်တည်ရှင်သန် မှုနှင့်ဘဝလုံခြုံရေး ရှိစေရမည်။
(ခ) မြန်မာပြည်အတွင်း နိုင်ငံရေးအာမခံချက်နှင့်စစ်မှန်သောငြိမ်းချမ်းရေးမဖြစ်ထွန်းသေးသည့် အချိန်ကာလအတွင်း နယ်စပ်ဖြတ်ကျော်ကူညီထောက်ပံ့မှုများအား ဆက်လက်ပံ့ပိုးပေးရန်။
(ဂ) လက်ရှိအီးတူထာစခန်းရှိ ပြည်တွင်းနေရပ်စွန့်ခွါပြည်သူလူထုများ၏ ပညာရေး၊ ကျန်းမာရေးအပါအ၀င် အကူအညီ များကို ယခင်ထောက်ပံ့ပေးသည့်အတိုင်း ဆက်လက်ထောက်ပံ့ပေးရန်နှင့် ရေရှည်တည်တံ့စေနိုင်သည့်အသက် မွေးဝမ်းကြောင်းပညာရပ်များဆိုင်ရာ အထောက်အပံ့တို့ကိုလည်း ပံ့ပိုးပေးရန်။
၉။ ထို့ကြောင့် အထက်ဖော်ပြပါ အခြေခံအချက်များနှင့်အခြေအနေများအား ကနဦးအကောင်အထည်ဖော်ဆောင်ရွက်ရ မည်ဖြစ်ကြောင်း လေးနက်စွာ တောင်းဆို၍ ဤသဘောထားအား ထုတ်ပြန်အပ်ပါသည်။
Contact:
(1) Padoah Tender – (+66) 53 071 600
(2) Padoh Mahn Mahn – (+66) 87 943 87 50
(3) Padoh Nay Tha Blay – (+66) 86 911 04 13
သဘောတူထောက်ခံကြသည့်အဖွဲ့အစည်းများ
1. Karen Women Organization (KWO)
2. Karen Environmental and Social Action Network (KESAN)
3. Back Pack Health Worker Team (BPHWT)
4. Mae Tao Clinic (MTC)
5. Karen Office for Relief and Development (KORD)
6. Karen Refugee Committee (KRC)
7. Karen Peace Support Network (KPSN)
8. Ei Tu Hta Refugee Camp Committee (ETTRC)
9. Karen National Union Concerned Group (KNU CG)
10. Karen Student Network Group (KSNG)
11. Karen Thai Group (KTG)
သဘောထားထုတ်ပြန်ကြေညာချက် မြန်မာဘာသာကို ဤနေရာတွင် ရယူနိုင်သည်။
သဘောထားထုတ်ပြန်ကြေညာချက် အင်္ဂလိပ်ဘာသာကို ဤနေရာတွင် ရယူနိုင်သည်။
28 February 2025
Asian NGO Network on National Human Rights Institutions , CSO Working Group on Independent National Human Rights Institution (Burma/Myanmar)
25 February 2025
25 February 2025
21 February 2025
CSO Working Group on Independent National Human Rights Institution (Burma/Myanmar) , Asian NGO Network on National Human Rights Institutions (ANNI)
Progressive Voice is a participatory rights-based policy research and advocacy organization rooted in civil society, that maintains strong networks and relationships with grassroots organizations and community-based organizations throughout Myanmar. It acts as a bridge to the international community and international policymakers by amplifying voices from the ground, and advocating for a rights-based policy narrative.